ဆဲလ်သေတွေ စုစည်းတာများတဲ့အလွှာကနေ အသားမာတွေ ဖြစ်လာပါတယ်။ အသားမာတွေက အစပိုင်းမှာတော့ မနာကျင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အသားမာတွေ ပိုထူလာတဲ့အခါ နာကျင်လာပါတယ်။
အဲဒါကြောင့် အသားမာကင်းစင်ပြီး နူးညံ့တဲ့ခြေထောက်ရဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ခြေထောက်နဲ့ ကွက်တိကျတဲ့ဖိနပ်
ခြေထောက်နဲ့ အရမ်းကြီးနေတဲ့ဖိနပ်ကို စီးရင် ပွတ်တိုက်မှုများလာပြီး အသားမာဖြစ်လာပါတယ်။ ခြေထောက်နဲ့ အရမ်းကျပ်တဲ့ဖိနပ်ကို စီးတဲ့အခါမှာလည်း ခြေမပထမအဆစ်ပေါ်မှာ အနာစိမ်းပေါက်လာပါတယ်။ အဲဒါကြောင့် ဖိနပ်ဝယ်တဲ့အခါ ခြေထောက်နဲ့ ကွက်တိဖြစ်မယ့်ဖိနပ်ကိုသာ ရွေးချယ်ပါ။
၂။ ခြေအိတ်
ခြေအိတ်မပါဘဲ sneaker စီးတဲ့အခါ ခြေဖဝါးမှာ ပွတ်တိုက်မှုတွေ ပိုများလာပါတယ်။ အဲဒါကြောင့် ခြေအိတ်ကိုတော့ အမြဲဝတ်သင့်ပါတယ်။
၃။ ခြေညှပ်ဖိနပ်တွေကို ရှောင်ပါ။
ခြေညှပ်ဖိနပ်တွေကို စီးပါများရင် ဆဲလ်သေတွေပိုစုလာပြီး အသားမာတွေ ဖြစ်လာပါတယ်။ နောက်တစ်ခုကတော့ ခြေထောက်က လေနဲ့ တိုက်ရိုက်ထိတွေ့နေရတာကြောင့် အသားအရေက ခြောက်ပါတယ်။
အဲဒါကြောင့် အပြင်ထွက်တဲ့အခါ ခြေအိတ်နဲ့ ခြေထောက်တစ်ခုလုံးကို ဖုံးအုပ်စေမယ့် ဖိနပ်မျိုးကိုသာ ရွေးချယ်ပါ။ ခြေညှပ်ဖိနပ်စီးတယ်ဆိုရင် ခြေထောက်ကို တစ်ပတ်ကို တစ်ခါခန့် ကြေးချွတ်ပေးပြီး ရေဓာတ်ဖြည့်ခရင်မ်တစ်ခုလိမ်းပေးပါ။
၄။ ထိပ်ချွန်ဖိနပ်တွေကို ရှောင်ပါ။
ထိပ်ချွန်ဖိနပ်တွေ စီးတဲ့အခါ ခြေချောင်းလေးတွေ အရမ်းနာပြီး အသားမာတွေ ပိုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွမ်းကျင်သူတွေက ထိပ်ဝိုင်းဖိနပ်တွေကို စီးဖို့ ပိုပြီး အကြံပြုပါတယ်။
၅။ ခြေထောက်ကို ကြေးခွတ်ပါ။
ခြေထောက်ကို ရေမြှုပ်ကျောက်ခဲ၊ scrub တို့နဲ့ ပုံမှန်ကြေးချွတ်ပေးရင် ဆဲလ်သေတွေ ကင်းစင်ပြီး ကြည်လင်လာပါတယ်။ ခြေထောက်ကို ကြေးချွတ်ပြီးတဲ့အခါ ရေဓာတ်လည်း ဖြည့်ပေးပါ။ ခြေထောက်ကို ရေဓာတ်ဖြည့်ခရင်မ် ပုံမှန်လိမ်းပေးရင် အသားမာတက်တာ၊ ခြေဖနောင့်ကွဲတာတွေကို သက်သာသွားစေပါတယ်။
၆။ Insole pad
ရှူးဖိနပ်စီးတဲ့အခါ ခြေဖဝါးနာတာတွေ သက်သာစေဖို့အတွက် Insole pad ကို ထည့်ပြီး စီးပါ။ ဒါမှမဟုတ် ပတ်တီးစ၊ သိုးမွေးတို့ကိုလည်း ခြေဖဝါးအောက်မှာ ထည့်ပြီးစီးလို့ ရပါတယ်။ အဲဒီအခါ ခြေဖဝါးနဲ့ ဖိနပ်ပွတ်တာမှု လျော့သွားပြီး အသားမာတွေလည်း မတက်လာစေတော့ပါဘူး။
Zombie (lovemedia)
0 Comments