ကမ္ဘာပေါ်မှာ လူအများစုက လက်တစ်ဖက်တည်းကို အသုံးပြုပြီးတော့ပဲ စာရေးနိုင်ကြပါတယ်။ ကမ္ဘာပေါ်က လူအနည်းငယ်လောက်သာ လက်နှစ်ဖက်လုံးကို အသုံးပြုပြီး စာရေးနိုင်ကြပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ လူအနည်းစုသာ ပြုလုပ်နိုင်တဲ့ နောက်ထပ်အရာတွေ ရှိပါသေးတယ်။
၁။ နှစ်ဆစ်ပါတဲ့လက်မ
နှစ်ဆစ်ပါတဲ့လက်မကို Hitchhiker's thumb လို့ခေါ်ကြပါတယ်။ သာမန်လက်မက နောက်ဘက်ကို ကွေးလိုက်လို့ မရပါဘူး။ နှစ်ဆစ်ပါတဲ့လက်မကတော့ နောက်ဖက်ကို ကွေးလိုက်လို့ရပါတယ်။ ဒီလိုနှစ်ဖက်ပါတဲ့ လက်မက လူနည်းစုတွေမှာပဲ တွေ့ရတာပါ။
လက်မမှာအဆစ် နှစ်ဆစ်ပါတာက လက်တွေ့ဘဝမှာလည်း အသုံးဝင်ပါတယ်။ အထူးသဖြင့် နှဲမှုတ်သူ၊ တယောတီးသူ၊ စန္ဒယားတီးသူတွေအတွက် လက်မ အဆစ်နှစ်ဆစ် ပါတာက အရမ်းကို အထောက်အကူပြုပါတယ်။
၂။ အရိုးချင်းဆက်နေတဲ့ခြေချောင်း
Syndactyly လို့ခေါ်တဲ့ ခြေချောင်းလေးတွေက အရိုး သို့မဟုတ် အရိုးနုချင်း ဆက်နေတာပါ။ လူပေါင်း ၂၀၀၀ မှာ တစ်ယောက်သာ တွေ့နိုင်ပါတယ်။ ခြေချောင်းလေးတွေ ဆက်ရတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျမတွေ့ရသေးပါဘူး။
ဒါပေမယ့် ကိုယ်ဝန်ဆောင် ၇ ပတ် သို့မဟုတ် ၈ ပတ်မှာ ခြေချောင်းလေးတွေရဲ့ကြီးထွားမှု နှေးတာကြောင့် ခြေချောင်းလေးတွေ ဆက်သွားတယ်လို့ ယုံကြည်ကြပါတယ်။
၃။ သဘာဝအတိုင်း လိမ္မော်ရောင်ဖြစ်နေတဲ့ဆံပင်များ
ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းမှာသာ သဘာဝအတိုင်း လိမ္မော်ရောင်ဖြစ်နေတဲ့ ဆံပင်တွေကို တွေ့နိုင်တာပါ။ စတော့တလန်၊ အိုင်ယာလန်နိုင်ငံတို့ကလွဲလို့ အခြားနိုင်ငံတွေမှာ ဆံပင်လိမ္မော်ရောင်တွေက သဘာဝအတိုင်း မဖြစ်ပေါ်ကြပါဘူး။
၄။ လျှာပေါ်က အစက်အပြောက်လေးများ
လူသားတွေရဲ့လျှာပေါ်မှာ အရသာဖုလေးတွေ ရှိကြပါတယ်။ စားလိုက်တဲ့ အစားအစာတွေကို အရသာခံပေးတဲ့တာဝန်ကို အရသာဖုလေးတွေက လုပ်ဆောင်ကြပါတယ်။
အချို့လူတွေမှာတော့ အရသာဖုလေးတွေကိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အဲဒီအရသာဖုလေးတွေက အခြားသူတွေထက်ပိုပြီး ထင်ရှားနေတတ်ပါတယ်။ သူတို့တွေက ခါးတဲ့အရသာတွေကို ခံနိုင်ရည် မရှိကြပါဘူး။
၅။ လက်နှစ်ဖက်လုံးနှင့် စာရေးနိုင်ခြင်း
ကမ္ဘာပေါ်က လူနည်းစုတွေသာ လက်နှစ်ဖက်လုံးနဲ့ စာရေးနိုင်တာပါ။ ဘယ်လောက်တောင် နည်းသလဲဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းကသာ လက်နှစ်ဖက်လုံးနဲ့ စာရေးနိုင်တာပါ။ သမိုင်းမှာ ထင်ရှားတဲ့ လီယိုနာဒိုဒါဗင်ချီ၊ ဘန်ဖရန်ကလင်၊ အဲလ်ဘတ်အိုင်းစတိုင်းတို့ဟာ လက်နှစ်ဖက်လုံးနဲ့ စာရေးနိုင်သူတွေပါ။
၆။ ညာဘက်မှာရှိတဲ့နှလုံး
လူသားတွေရဲ့ခန္ဓာကိုယ်မှာ နှလုံးက ဘယ်ဘက်မှာပဲ ရှိကြပါတယ်။ ဒါပေမယ့် အချို့တွေမှာတော့ နှလုံးက ညာဘက်မှာ တည်ရှိကြပါတယ်။ ညာဘက်မှာနှလုံးရှိတဲ့သူတွေက ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အချို့လူတွေကတော့ ညာဘက်မှာ နှလုံးရှိတာကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ကြပါတယ်။
၇။ မျက်တောင်နှစ်ထပ်
လူအများစုမှာတော့ မျက်တောင်က မျက်လုံးရဲ့အပေါ်မှာတစ်ခု၊ မျက်လုံးရဲ့အောက်မှာတစ်ခုပဲ ပါတတ်ကြပါတယ်။ အချို့လူတွေမှာတော့ မျက်တောင်က အောက်ဘက်မှာ အပိုတစ်ခုရှိနေပြီး မျက်တောင်နှစ်ထပ် ဖြစ်နေတတ်ပါတယ်။ မျက်တောင်အပိုတစ်ထပ်က တစ်ခါတရံမှာ သာမန်မျက်တောင်နဲ့ တူနေတတ်ပါတယ်။ အပိုပါနေတဲ့ မျက်တောင်တစ်ထပ်က တိုပြီး ပိုမိုထူနေတတ်ပါတယ်။
၈။ နားမှာပေါက်တဲ့ အပေါက်လေး
နားရဲ့အပေါ်ဘက်နားမှာ အပေါက်လေးပါတာက အရမ်းကို ထူးခြားပါတယ်။ အဲဒီအပေါက်လေးကို preauricular pit လို့ခေါ်ကြပါတယ်။ အချို့တွေက နားနှစ်ဖက်လုံးမှာ ပါတတ်ကြပါတယ်။ နားအပေါ်ဘက်မှာ အပေါက်လေးပါပေမယ့် ကျန်းမာရေးကို ဘာမှ မထိခိုက်စေပါဘူး။
Zombie (lovemedia)
0 Comments