အရက်ဖြတ်ဖို့ နည်းလမ်းကောင်း (၉) ခု

အရက်စွဲခြင်းက သင့်ဘဝရဲ့ အရာအားလုံးကို ထိခိုက်စေနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေ၊ ဆက်ဆံရေးတွေကိုလည်း အကျိုးဆက်တွေ ရှိလာစေပါတယ်။ တန်ဆေးလွန်ဘေးဖြစ်တာကြောင့် အရက်ကို ဘယ်လိုဖြတ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ အစီအစဉ်တစ်ခု ဆွဲထားပါ။

သင့်အတွက် အဆင်ပြေမယ့် အစီအစဉ်ကို သေချာရွေးပါ။ အရက်မသောက်ဖို့ သေချာဆုံးဖြတ်ချက်ချပြီး ဘယ်လိုအကျိုးတွေ ရှိလာမယ်ဆိုတာကို တွေးပါ။

- အရက်စဖြတ်မယ့်ရက်ကို ဆုံးဖြတ်ပါ။

- အရက်သောက်ချင်စိတ်ရှိရင် ဘာလုပ်မလဲ ဆိုတာကို တွေးပါ။

- ဆရာဝန်ရဲ့ အကြံပြုချက်တွေကို လိုက်နာပါ။

- တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ သုံးလစတဲ့ ရေရှည်အစီအစဉ်ကို ချပါ။

၂။ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို အကူအညီတောင်းပါ။

အရက်ဖြတ်မယ်လို့ ဆုံးဖြတ်ထားရင် သင့်သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီကနေ အကူအညီ လိုအပ်ပါတယ်။ သင်ဘယ်လို ခံစားနေရတယ် ဆိုတာကို အသိပေးပြီး အရက်သောက်ချင်လာတဲ့အခါ သင်ရင်ဖွင့်နိုင်မယ့် လူစာရင်းကို ချရေးပါ။

ဒီလိုလူတွေနဲ့ စကားပြောတာဟာ သင့်ပြဿနာတွေကို ဆွေးနွေးဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။ သူတို့နဲ့တွေ့ပြီး သောက်မယ့်အစား ပျော်စရာတစ်ခုခု လုပ်သင့်ပါတယ်။

၃။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒါက အရေးကြီးဆုံး အဆင့်တစ်ခုပါ။ ဒီဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။ အရက်သောက်ခြင်းက သင့်ဦးနှောက်ကို နှေးကွေးစေတာကြောင့် အလွန်အန္တရာယ်များပါတယ်။ ဆရာဝန်တစ်ဦးဦးနဲ့ တိုင်ပင်ပြီး အရက်ဖြတ်တာက သင့်ကိုပိုစိတ်ချရစေပါတယ်။

၄။ အိမ်မှာ အရက်နဲ့ပတ်သက်တာတွေ မထားပါနဲ့။

အရက်ကို တကယ်ဖြတ်မယ်လို့ တွေးထားရင် အရက်နဲ့ပတ်သက်တဲ့ ပုလင်းတွေ၊ ဗူးတွေ ဘာဆိုဘာမှမထားပါနဲ့။ မြင်နေရင် စိတ်က ပြန်ပါသွားနိုင်ပါတယ်။

၅။ လာခေါ်ရင် မသောက်ဘူးလို့ ငြင်းပါ။

တစ်စုံတစ်ယောက်က သင့်ကို အရက်သောက်ဖို့လာခေါ်ရင် မသောက်ပါရစေနဲ့ ငြင်းပါ။ ငြင်းဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါမှမဟုတ် မသောက်ဖို့ ဆင်ခြေအလုံအလောက်ပေးပါ။

၆။ အရက်သောက်ရမယ့် လူမှုရေးအခြေအနေတွေကို ရှောင်ပါ။

စားသောက်ဆိုင်မှာစားတာ၊ တစ်နေရာရာကိုသွားရင်း အရက်သောက်မယ့်သူတွေနဲ့ တွေ့ဆုံရမယ့် အခြေအနေတွေကို ရှောင်သင့်ပါတယ်။

၇။ ကိုယ့်ကိုယ်ကို ပြောင်းလဲပါ။

ခရီးရှည်ထွက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် တရားထိုင်ခြင်းတို့က အရက်ဖြတ်ဖို့အတွက် အလွန်ကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် တရားထိုင်တာက ပိုအိပ်ပျော်စေပါတယ်။

၈။ ကိုယ့်ကိုယ်ကို ဆုချပါ။

သင့်ရဲ့တိုးတက်မှုနဲ့ ပြောင်းလဲမှုအတွက် ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ။ တစ်ပတ်ကနေ တစ်လအထိ အရက်ဖြတ်နိုင်တိုင်း သင့်ကိုယ်သင် ဆုချလိုက်ပါ။ အရက်မသောက်ပဲ စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ အဝတ်အစားအသစ်တွေ ဝယ်ပါ။

၉။ ဘာကြောင့်ဖြတ်တာလဲဆိုတဲ့ အကြောင်းရင်းကို အမြဲတွေးပါ။

အရက်ဖြတ်တယ်ဆိုတာက ကြာရှည်နိုင်ပြီး အဆင်မပြေမှုတွေ များစွာကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် သင်ဒီလိုလုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းအားလုံးကို ပြန်တွေးပါ။ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတော့

- ပိုမိုကောင်းမွန်တဲ့ မိသားစုဘဝလေးကို ရလာပြီး သင့်ကလေးတွေနဲ့ အချိန်ပိုပေးလာနိုင်ပါတယ်။

- အလုပ်မှာ ပိုအဆင်ပြေလာပါတယ်။

- ပိုကျန်းမာလာပါမယ်။

- သင့်ကိုယ်သင် အပြည့်အဝ ထိန်းချုပ်လာနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments