သင်က ခွေးလေးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိတယ်ဆိုရင် ခွေးလေးတွေက လူသားတွေအပေါ် ခံစားနားလည်တာကို သတိထားမိမှာပါ။ သူတို့က စကားမပြောတတ်ပေမယ့် လူသားတွေရဲ့ မျက်နှာအမူအရာ၊ အသံတွေကို ခံစားသိရှိ နိုင်ကြပါတယ်။ ဒါ့အပြင် ခွေးလေးတွေက လူသားတွေအပေါ် နားလည်နိုင်တဲ့ အခြားအရာတွေ ရှိပါသေးတယ်။
ပြုလုပ်မယ့်အရာတွေ
ခွေးလေးတွေက သင်ဘယ်အရာကို လုပ်မလဲဆိုတာကို နားလည်ကြပါတယ်။ သင်က အင်္ကျီနဲ့ အိတ်ကို ယူနေပြီဆိုရင် သင်အပြင်သွားတော့မယ်ဆိုတာကို ခွေးလေးတွေက သိပါတယ်။ သင်က အင်္ကျီကို မယူဘူးဆိုရင်တောင် သင့်ရဲ့အပြုအမူ၊ လှုပ်ရှားပုံ၊ မျက်နှာအမူအရာကို ကြည့်ပြီး သင်အပြင်သွားတော့မယ်ဆိုတာကို ခွေးလေးတွေက ခန့်မှန်းနိုင်ကြပါတယ်။
စိတ်ခံစားချက်များ
ခွေးလေးတွေမှာ လူသားတွေရဲ့စိတ်ခံစားချက်ကို နားလည်နိုင်စွမ်း ရှိကြပါတယ်။ အဲဒါကြောင့် သင့်အတွက် ခက်ခဲတဲ့အချိန်တွေမှာ သူတို့တွေက အားပေးနှစ်သိမ့်တာတွေကို ပြုလုပ်ပေးနိုင်ကြပါတယ်။
လူသားတွေရဲ့အသံအပြောင်းအလဲ၊ ခန္ဓာကိုယ်ပုံစံ အပြောင်းအလဲ၊ မျက်နှာအမူအရာတွေကနေတစ်ဆင့် လူသားတွေ ဘယ်လိုခံစားနေရကြောင်း သိရှိကြပါတယ်။
ခွေးလေးတွေက လူသားတွေရဲ့ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်သင်းနံ့အနည်းငယ် ပြောင်းသွားတာကိုတောင် ခံစားနိုင်ကြပါတယ်။ ခွေးလေးတွေက ဓာတ်ပုံကိုကြည့်ပြီးတော့တောင် လူသားတွေရဲ့စိတ်ခံစားချက်ကို သိနိုင်ကြပါတယ်။
အခြားလူတွေအပေါ် အမြင်
သင်က ခွေးလေးနဲ့လမ်းလျှောက်ထွက်နေတုန်း သင် ကြည့်မရတဲ့သူကို တွေ့တဲ့အခါ ခွေးလေးတွေက အဲဒါကို သတိထားမိပါတယ်။ သူတို့တွေက ခန္ဓာကိုယ်အမူအရာ၊ မလိုမုန်းထားမှုတွေကနေတစ်ဆင့် သင့်စိတ်ကို သိနိုင်တာပါ။
"တွေ့ရတာဝမ်းသာလိုက်တာ" လို့ သင်က ပြောနေပေမယ့် စိတ်ထဲက မပါဘဲပြောတာဖြစ်ကြောင်း ခွေးလေးတွေက နားလည်နိုင်ပါတယ်။ တစ်ဖက်မှာလည်း သင့်ရဲ့သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ရလို့ ပျော်နေရလည်း ခွေးလေးတွေက နားလည်နိုင်ပါသေးတယ်။
စကားလုံး
ခွေးလေးတွေက လူသားတွေပြောတဲ့ စကားလုံးအသံထွက်ကို ပိုပြီး နားလည်ကြပါတယ်။ သင်က ခွေးလေးနဲ့ အပြင်သွားဖို့ ရွှင်ရွှင်ပျပျအသံနဲ့ခေါ်လိုက်ပြီဆိုရင် ခွေးလေးတွေက သင့်ကို တံခါးအဝမှာ စောင့်နေမှာပါ။ ခွေးလေးတွေကို စိတ်တိုပြီး ပြောတဲ့အသံတွေကိုလည်း မှတ်မိလွယ်ကြပါတယ်။
ခွေးလေးတွေက လူသားတွေရဲ့စကားတွေအားလုံးကို နားမလည်ဘူးလို့ မပြောနိုင်ပါဘူး။ ခွေးလေးတွေက ဦးနှောက်ကို နှစ်ပိုင်းအသုံးပြုပါတယ်။ တစ်ပိုင်းက လူသားတွေပြောတဲ့စကားလုံးအဓိပ္ပါယ်တွေကို တုံ့ပြန်ဖို့နဲ့ နောက်တစ်ပိုင်းကတော့ လေယူလေသိမ်းနဲ့ စကားအချိတ်အဆက်အတွက်ပါ။
Zombie (lovemedia)
0 Comments