ခွေးလေးတွေရဲ့စိတ်ထဲမှာ သူတို့ရဲ့သခင်တွေကို ဘယ်လိုရှုမြင်လေ့ရှိလဲ

ခွေးလေးတွေက လူသားတွေအတွက် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အမှတ်တရမျိုးစုံကို ဖန်တီးပေးနိုင်ပါတယ်။ ခွေးလေးတွေက စကားမပြောတတ်ပေမယ့် သူတို့ရဲ့သခင်တွေအပေါ်ထားတဲ့ သံယောဇဉ်တွေကို အပြုအမူတွေကနေတစ်ဆင့် သိနိုင်ပါတယ်။

ခွေးလေးတွေက သခင်တွေကို ချစ်တဲ့အခါ

ခွေးလေးတွေက သူတို့ရဲ့အချစ်တွေကို မျက်လုံးကနေတစ်ဆင့် ဖော်ပြတတ်ကြပါတယ်။ သင်နဲ့ မျက်လုံးချင်းဆုံအောင်လို့ ခွေးလေးတွေက ကြိုးစားနေတတ်ပါတယ်။

နောက်တစ်ချက်ကတော့ ခွေးလေးတွေက သူတို့ချစ်တဲ့သခင်နဲ့ အတူတူအိပ်ချင်ကြပါတယ်။ ခွေးလေးတွေက သင်နဲ့ အတူတူအိပ်တယ်ဆိုရင်တော့ သင့်အပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိလို့ပါ။

ခွေးလေးတွေ လွမ်းတဲ့အခါ

ခွေးလေးတွေလည်း သူတို့သခင်ကို လွမ်းတတ်ကြပါတယ်။ ခွေးလေးတွေက သူတို့သခင်ကို မတွေ့ရတာ ၂ နာရီခန့်ကြာရင်တောင် လွမ်းနေတတ်တယ်လို့ လေ့လာမှုတွေအရ သိနိုင်ပါတယ်။

လူသားတွေရဲ့ အပြင်သွားချိန်၊ အလုပ်သွားချိန်တွေကို ခွေးလေးတွေက နားလည်ပြီး သူတို့ချစ်တဲ့သခင် ပြန်လာတော့မယ်ဆိုရင် အရမ်းကို ပျော်ရွှင်နေတတ်ကြပါတယ်။

ခွေးလေးတွေက သူတို့သခင်ကို အိပ်မက်မက်တဲ့အခါ

ခွေးတွေရဲ့ ဦးနှောက်နဲ့ လူသားတွေရဲ့ဦးနှောက်က ကွာခြားချက်တွေ အများကြီးရှိပေမယ့် တူညီတဲ့အချက်တွေလည်း ရှိပါတယ်။ ခွေးတွေနဲ့ လူတွေက အိပ်စက်မှုစက်ဝန်းချင်း နီးစပ်ပြီးတော့ ခွေးလေးတွေလည်း အိပ်မက် မက်တတ်ကြပါတယ်။

သူတို့ချစ်တဲ့ သခင်တွေက ခွေးလေးတွေရဲ့ အိပ်မက်ထဲမှာ အမြဲပါဝင်လေ့ ရှိပါတယ်။ အတူတူ လမ်းလျှောက်ထွက်တာ၊ နားနဲ့ ဗိုက်ကို ပွတ်သပ်ပေးတာ၊ ချီးကျူးပေးတာ စတဲ့အမှတ်တရတွေကို ခွေးလေးတွေက အိပ်မက်အဖြစ် မက်လေ့ရှိကြပါတယ်။

ခွေးလေးတွေ ကြောက်ရွံ့နေတဲ့အခါ

ခွေးလေးတွေက သင့်ရဲ့ပစ္စည်းတွေကို ဖျက်စီးမိလို့ ကြောက်ရွံ့နေတာကို သင်သတိထားမိမှာပါ။ တကယ်တော့ ခွေးလေးတွေမှာ အပြစ်ရှိတဲ့ ခံစားချက်မျိုးကို မခံစားတတ်ကြပါဘူး။

သခင်က ဒေါသထွက်နေတာကို တုံ့ပြန်တဲ့အနေနဲ့သာ ကြောက်ရွံ့တဲ့ပုံစံအဖြစ် လုပ်ပြတာပါ။

Zombie (lovemedia)

Post a Comment

0 Comments