လူအများစုသတိမထားမိကြတဲ့ ချွေးနံ့ပျောက်ဆေးရဲ့ အခြားအသုံးဝင်ပုံ (၇) မျိုး

ချွေးနံ့ပျောက်ဆေးက လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ။ ချွေးနံ့ပျောက်ဆေးဟာ ချွေးနံ့ပျောက်ဖို့အတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ အခြားသောနေရာတွေမှာပါ ချွေးနံ့ပျောက်ဆေးကို အသုံးပြုနိုင်ပါသေးတယ်။

၁။ ခြေထောက်

တစ်နေကုန် ဖိနပ်စီးထားပြီးနောက်မှာတော့ ခြေထောက်က အနံ့ဆိုးတွေ ထွက်လာါပတယ်။ အနံ့ဆိုးတွေက ဘက်တီးရီးယား ပိုးမွှားတွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ခြေထောက်မှာ အနံ့ဆိုးမထွက်စေဖို့အတွက် ချွေးနံ့ပျောက်ဆေးကို ခြေထောက်မှာ ဖျန်းလို့ရပါတယ်။

ချွေးနံ့ပျောက်ဆေးက ခြေထောက်ကို ခြောက်သွေ့စေတာကြောင့် အချိန်အကြာကြီး ချွေးမထွက်အောင် ကူညီပေးပါတယ်။ ချွေးကြောင့် အနံ့ဆိုးလည်း မထွက်တော့ပါဘူး။

၂။ ရင်ဘတ်ချွေးထွက်ခြင်း

ရင်သားကြီးတဲ့ အမျိုးသမီးတွေကဟာ ရင်ဘတ်တစ်ဝိုက် ချွေးထွက်တဲ့အခါ အခက်ကြုံရပါတယ်။ ချွေးနံ့ပျောက်ဆေးကို ရင်သားအောက်ဘက်မှာ လိမ်းထားရင် အချိန်အကြာကြီး ချွေးမထွက်ဘဲ ခြောက်သွေ့နေစေပါတယ်။

ဒါပေမယ့် ရင်သားအောက်မှာ ချွေးနံ့ပျောက်ဆေးကို သုံးမယ်ဆိုရင်တော့ aluminum-free ဖြစ်တဲ့ ချွေးနံ့ပျောက်ဆေးကိုသာ ရွေးချယ်ပါ။

၃။ ပေါင်အတွင်း

ရာသီဥတု အရမ်းပူတဲ့အခါ၊ ဆီးချိုရောဂါရှိတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များတဲ့အခါမှာ ပေါင်အတွင်းမှာ ချွေးတွေထွက်လာပါတယ်။ ချွေးတွေ ထွက်လာရာကနေ ယားတာ၊ အသားပွန်းတာ ဖြစ်လာပါတယ်။

အဲဒီလို မဖြစ်ရအောင်လို့ ချွေးနံ့ပျောက်ဆေးကို အသုံးပြုလို့ ရပါတယ်။ ပေါင်အတွင်းမှာ ချွေးနံ့ပျောက်ဆေးကို သုံးမယ်ဆိုရင်တော့ aluminum chloride ပါဖို့ လိုအပ်ပါတယ်။

၄။ ခြေဖနောင့်

ဖိနပ်ကို အချိန်အကြာကြီးစီးတာကြောင့် ခြေထောက်မှာ ရေကြည်ဖုတွေ ပေါက်လာပါတယ်။ အဲဒီပြဿနာကို ချွေးနံ့ပျောက်ဆေးက ဖြေရှင်းပေးနိုင်ပါတယ်။ ချွေးနံ့ပျောက်ဆေးကို ခြေဖနောင့်မှာ ပွတ်ပေးလိုက်ပါ။ ဖိနပ်ကြောင့် ခြေထောက်နာကျင်တာနဲ့ ရေကြည်ဖုပေါက်တာတွေ သက်သာသွားပါတယ်။

၅။ Shaving လုပ်ပြီးနောက်

ခြေထောက်၊ ချိုင်းင်းနေရာတို့က အမွေးအမျှင်တွေကို ဖယ်ရှားပြီးနောက်မှာ အသားအရေနီမြန်းတာ၊ နာကျင်တာကို ခံစားရစေပါတယ်။ သင့်မှာ ရှားစောင်းလက်ပတ်မရှိတဲ့အခါ ချွေးနံ့ပျောက်ဆေးကို ခြေထောက်နဲ့ ချိုင်းနေရာတို့မှာ လိမ်းထားပါ။

၆။ ခြင်ကိုက်တဲ့အခါ

ခြင်ကိုက်ပြီးနောက်မှာတော့ လူအများစုက အလိုအလျောက် ကုတ်မိသွားတတ်ကြပါတယ်။ ဒါပေမယ့် ခြင်ကိုက်ပြီး အသားအရေယားတဲ့အခါ ကုတ်တာထက် ရေခဲတုံးလေးတွေနဲ့ ပွတ်တာက ပိုပြီးကောင်းပါတယ်။

ဒါ့အပြင် ချွေးနံ့ပျောက်ဆေးကို ခြင်ကိုက်တဲ့နေရာမှာ လိမ်းထားပေးလို့လည်း ရပါတယ်။ ချွေးနံ့ပျောက်ဆေးမှာ aluminum chloride ပါဝင်တာကြောင့် အသားအရေယားယံတာ၊ နီမြန်းတာကို သက်သာစေပါတယ်။

၇။ လက်သည်း

လက်သည်းဖျက်ဆေးအများစုမှာ acetone ပါတာကြောင့် အသုံးပြုပါများတဲ့အခါ လက်သည်းတွေ ခြောက်ပြီး ကျွတ်ဆတ်လာပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ချွေးနံ့ပျောက်ဆေးကိုလည်း လက်သည်းဖျက်ဆေးကို အသုံးပြုလို့ရပါတယ်။

ချွေးနံ့ပျောက်ဆေးကို လက်သည်းပေါ်မှာ ကပ်ပြီး ဖျန်းပြီးနောက် ပိတ်စလေးနဲ့ လက်သည်းကို ပွတ်တိုက်လိုက်ပါ။ ဒီနည်းက လက်သည်းဆိုးဆေးတွေ ပျောက်ဖို့ ကြာပေမယ့် လက်သည်းကို မထိခိုက်စေတဲ့နည်းပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments