အပြစ်တင်ဝေဖန်ခြင်းက သင့်ကလေးရဲ့အနာဂတ်အပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ

မိဘတွေက သားသမီးတွေကို ဝေဖန်တတ်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ဝေဖန်မှုတွေက ကလေးရဲ့အနာဂတ်မှာ အမှားတွေရှောင်နိုင်ဖို့နဲ့ သူတို့ရဲ့အပြုအမူကို ပြောင်းလဲပစ်မယ်လို့ ထင်ကြပါတယ်။

မိဘအများစုက သားသမီးတွေကို ပျော်ရွှင်စေချင်ပေမယ့် သားသမီးတွေ တစ်ခုခုလုပ်ရင် သတိမထားမိဘဲ အထပ်ထပ်အခါခါ ငြီးတွားတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတစ်ဦးရဲ့ ကြီးပြင်းလာမှုမှာ ပြစ်တင်ဝေဖန်မှုက ဘယ်အခန်းကဏ္ဍကနေ ပါဝင်အကျိုးသက်ရောက်နေပါသလဲ။

ဝေဖန်မှုဆိုတာဘာလဲ။

ဝေဖန်မှုဆိုတာ တစ်စုံတစ်ဦးရဲ့ ချို့ယွင်းချက် ဒါမှမဟုတ် အမှားတွေကို အခြေခံပြီး မကြိုက်ကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ ထိုသူရဲ့ ကျူးလွန်မိတဲ့အမှားကို အာရုံစိုက်ရုံသာမက ပြဿနာကို ဘယ်လိုရှာသွားလဲဆိုတာကို လိုက်ကြည့်နေခြင်းပါ။

ဝေဖန်ခံရတဲ့အခါ ကလေးက တကယ်တွေးတတ်သွားလား။

သင့်ကလေးကို ဒေါသတကြီး ကြိမ်းမောင်းတဲ့အခါ သူတို့ရဲ့အမှားတွေကို ချက်ချင်းမတွေးတော့ဘဲ သူတို့အပေါ် သင့်သဘောထားနှင့် သူတို့အပေါ် သင်က ဘယ်လောက်မတရားဘူးဆိုတာကိုပဲ တွေးမိသွားပါတော့တယ်။

ရလဒ်အနေနဲ့ ကလေးက ကိုယ်ရေးကိုယ်တာတာဝန်ယူမှုမရှိတော့ပဲ အပြောခံရတာနေ လွတ်အောင်ဘယ်လိုရှောင်ရမလဲဆိုတာကိုပဲ တွေးမိစေပါတယ်။

သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူခိုင်းပြီး ဆူပူကြိမ်းမောင်းတာမျိုး မလုပ်သင့်ပါဘူး။

ဝေဖန်မှုရဲ့ ရည်ရွယ်ချက်က နောက်တစ်ခါ ဒါမျိုးထပ်မလုပ်တော့အောင် ဆူပြောခြင်းသာဖြစ်ပါတယ်။ ကလေးတွေကတော့ နောက်တစ်ခါ ဝေဖန်မှုခံရတာမျိုးမဖြစ်အောင် ကောင်းကောင်းမွန်မွန်နေကြပေမယ့် ပြောခံရပါများလာရင်တော့ လိမ်တတ်သွားကြပါတယ်။

ဝေဖန်ခြင်းက ကလေးရဲ့ ကြီးပြင်းလာမှုမှာ အထောက်အကူဖြစ်စေနိုင်သလား

ကလေးတွေဟာ အမြဲတမ်း ဝေဖန်မှုတွေ ခံနေရပါတယ်။ အရွယ်ရောက်ပြီးသူတွေလို ဝေဖန်ခြင်းကို မတုံ့ပြန်နိုင်ဘဲ ပြောသမျှခံနေရပါတယ်။ အချို့သော စကားလုံးတွေက ကလေးရဲ့ မှတ်ဉာဏ်ထဲမှာ စွဲနေတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေတောင် ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ပြစ်တင်ဝေဖန်ခြင်းက မကြာခဏဆိုသလို အရှက်ကွဲခြင်းကို ဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးသူတစ်ဦးက ကလေးကို ပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပြောတိုင်း ထိရောက်မယ်မဆိုလိုပါဘူး။ နောင်တက အမှားတွေကို သိဖို့ ကူညီပေးပြီး မှန်ကန်တဲ့အရာတွေကို လုပ်ချင်လာစေပါတယ်။

တစ်ချိန်တည်းမှာပဲ အရှက်ကွဲတဲ့ခံစားချက်က ပိုအားကောင်းလာပြီး လူတစ်ဦးကို သူ့ရဲ့ချို့ယွင်းချက်တစ်ခုလို့ပဲ ခံစားလာရစေပြီး ဘာမှပြောင်းလဲမသွားပါဘူး။

ဝေဖန်ခြင်းက အနာဂတ်မှာ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

- မကြာခဏ အပြစ်တင်ခံရတဲ့ ကလေးတွေဟာ အခြားသူတွေရဲ့ မျက်နှာပေါ်က စိတ်ခံစားချက်ကို မှတ်မိနိုင်စွမ်း နည်းပါးကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ကိုမသက်မသာဖြစ်စေတဲ့ ခံစားချက်တွေကို ဖယ်ထုတ်ဖို့အတွက် ရှောင်တဲ့နည်းလမ်းကို အသုံးပြုလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် ဝေဖန်တတ်တဲ့မိဘတွေရဲ့ သားသမီးတွေဟာ အခြားသူတွေရဲ့ မျက်နှာအမူအရာကို ဖတ်ဖို့ မသိစိတ်က မကြိုးစားနိုင်တော့ပါဘူး။ ဝေဖန်ခံရတဲ့ သဘောထားကိုပဲ မြင်ကြပါတော့တယ်။ တခြားလူတွေရဲ့ ကောင်းကွက်တွေကိုလည်း မမြင်နိုင်တော့ပါဘူး။

- အဆက်မပြတ်ဝေဖန်ခြင်းက လူကြီးနှင့် ကလေးကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို ပျက်စီးစေပါတယ်။ ဆက်ဆံရေး ခိုင်မာလာစေဖို့အတွက် ကလေးတစ်ဦးကိုခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဝန်းရံထားသင့်ပါတယ်။ သူတို့တွေဟာ ကလေးတွေဖြစ်နေတာကြောင့် အမှားလုပ်မိနိုင်ပြီး သင့်ကို အားကိုးနေတယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။

- ကလေးတစ်ယောက်ရဲ့ အတွင်းစိတ်တစ်စိတ်တစ်ပိုင်းက မိဘတွေပြောဆိုတာကနေ ပဲ့တင်ထပ်ပါတယ်။ အမြဲလိုလိုဝေဖန်ခံရတဲ့ ကလေးဟာ မိမိကိုယ်ကို ယုံကြည်မှုနည်းလာပါတယ်။ သူတို့ဟာ လုံခြုံမှုမရှိသလို ခံစားလာရပြီး သူတို့ရဲ့ပန်းတိုင်ကို ရောက်ဖို့တောင် မကြိုးစားကြတော့ပါဘူး။

ဘာလို့လဲဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်တာကြောင့်ပါ။ ဒါကြောင့် ဝေဖန်မှုတွေအစား အကောင်းဘက်ကိုသွားတဲ့ အရာတွေကို အာရုံစိုက်ပြီး ပံ့ပိုးပေးတာက ပိုကောင်းပါတယ်။

ဝေဖန်မှုတွေကို ဘယ်လိုရှောင်မလဲ။

- မိဘတွေရဲ့ အမြင်မှာ ကလေးဟာ အမြဲတမ်းမဆိုးနေဘူး ဆိုတာကို တွေးပါ။ ဝေဖန်ခြင်းရဲ့ အကြောင်းရင်းအများစုကတော့ စိုးရိမ်ခြင်း၊ စိတ်မချခြင်းနဲ့ စိတ်ပူတတ်ခြင်းတို့ကြောင့်ပါ။

- ပုံသေကြီး မသတ်မှတ်ပါနဲ့။ ဒါပေမယ့် ကလေးတွေကိုတော့ သူတို့ရဲ့ အပြစ်တွေကို သိအောင်ပြောပြပါ။

- ကလေးကို ဆုံးမရင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပြောပါ။

- ပြဿနာတွေရဲ့ အဖြေကို တူတူရှာပါ။

- ဥပမာတစ်ခုကို သတ်မှတ်ပါ။ သင့်ကလေးကို ဘယ်တော့မှ မလိမ်ပါစေနဲ့။

- တိုတိုနှင့် ရှင်းရှင်းလင်းလင်းဆုံးမပြီး အချိန်အကြာကြီး မဆူပါနဲ့။

- သင်က အလွန်အကျွံပြောမိရင် ပြန်​ချော့ပါ။

Zombie (lovemedia)

Post a Comment

0 Comments