ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် ကော်ဖီသောက်သင့်လား မသောက်သင့်ဘူးလား

အချို့မိဘတွေကို ကလေးတွေကို အသက် ၁၄ နှစ်ကျော်မှသာ ကော်ဖီသောက်ဖို့ခွင့်ပြုကြပါတယ်။ တစ်ခါတရံမှာ လက်ဖက်စိမ်းရည်ကိုတောင် ကလေးတွေ မသောက်သင့်ဘူးလို့ မိဘတွေက ယူဆကြပါတယ်။

အဲဒါကြောင့် ကဖိန်းဓာတ်ပါတဲ့အရာတွေကို ကလေးတွေ သောက်သင့်လား၊ မသောက်သင့်ဘူးလားဆိုတာကို ဖော်ပြပေးပါမယ်နော်။

ကဖိန်းဓာတ်ဆိုတာ ဘာလဲ။

ကဖိန်းဓာတ်ကို ကော်ဖီ၊ လက်ဖက်ရွက်၊ ကိုလာရွက်နဲ့ အခြားအရွက်တွေမှာ တွေ့နိုင်ပါတယ်။ ကဖိန်းဓာတ်ပမာဏ နည်းနည်းလေးဆိုရင်တောင် လူ့ခန္ဓာကိုယ်ကို သက်ရောက်မှုရှိစေပါတယ်။ အဲဒါကြောင့် ကဖိန်းဓာတ်ကို ဆေးဝါးတွေမှာ အသုံးပြုကြပါတယ်။

ကဖိန်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ အဲဒါကြောင့် နှလုံးရဲ့လုပ်ဆောင်မှုတွေက မြန်ဆန်လာပြီး သွေးဖိအားတွေလည်း တက်လာပါတယ်။ Dopamine ကိုလည်း ထုတ်လွှတ်ပေးပါတယ်။ ကော်ဖီသောက်ပြီးနောက်မှာ အချိန်တိုအတွင်း စိတ်က လန်းဆန်းလာပါတယ်။

ကော်ဖီကို ပုံမှန်သောက်သူတွေကတော့ ဘာမှမဖြစ်ပေမယ့် ကော်ဖီကို နေ့တိုင်း အများကြီးသုံးသောက်သုံးရင်တော့ ကျန်းမာရေးကို ထိခိုက်ပြီး မရှုနိုင်၊ မကယ်နိုင်ဖြစ်စေပါတယ်။

ကဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာများ

ကဖိန်းဓာတ်ကို ကော်ဖီမှာသာမက အားဖြည့်အချိုရည်၊ အချိုများတဲ့အအေး၊ လက်ဖက်စိမ်းတို့မှာ တွေ့နိုင်ပါတယ်။ ချောကလက်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ နှံစားအစားအစာ၊ ပူတင်းတို့မှာလည်း ကဖိန်းဓာတ်ကို တွေ့နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် ကဖိန်းစားသုံးမှုဟာ တစ်နေ့ကို ၄၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

ကလေးတွေအတွက် ကော်ဖီက သင့်တော်လား။

ကဖိန်းဓာတ်က နှလုံးခုန်မြန်ခြင်း၊ သွေးဖိအားများခြင်း၊ စိတ်ဖိစီးမှုများခြင်းကို ဖြစ်ပေါ်စေတာကြောင့် ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် ကော်ဖီမသောက်သင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေအစား ကလေးတွေအတွက် ရေနဲ့ သစ်သီးဖျော်ရည်က ပိုပြီး သင့်တော်ပါတယ်။ ကလေးတွေအတွက် အားအင်ပိုပြီး လိုအပ်ရင် လေ့ကျင့်ခန်းလုပ်ခြင်းကနေ ရရှိနိုင်ပါတယ်။

ကလေးတွေအတွက် ကဖိန်းဓာတ်ပါဝင်တဲ့ ဒိန်ဒျဉ်၊ ချောကလက်၊ ရေခဲမှန့်၊ ချောကလက်အုပ်ထားတဲ့ စားစရာတွေကိုလည်း အတိုင်းအဆနဲ့သာ ကျွေးသင့်ပါတယ်။

သင့်ကလေးအတွက် ကော်ဖီနဲ့ milk tea အစား babyccino ကို တိုက်နိုင်ပါတယ်။ Babyccino က ကော်ဖီနဲ့အရသာ ဆင်ပါတယ်။ ဒါ့အပြင် သစ်ကြံပိုးမှုန့်နဲ့ ကိုကိုးမှုန့်ပါတာကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments