အိမ်မှာ ပိုးဟပ်တွေ များနေတဲ့အခါ ဓာတုဆေးမသုံးဘဲ သဘာဝအတိုင်းဖယ်ရှားနိုင်မယ့်နည်းလမ်း (၅) ခု

ပိုးဟပ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ပစ္စည်းတွေကို အလွယ်တကူ ဝယ်လို့ရပေမယ့် သင့်အိမ်မှာ ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရှိရင်တော့ အဆင်မပြေပါဘူး။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ပိုးဟပ်တွေကို ဓာတုဆေးမပါဘဲ သဘာဝပစ္စည်းတွေနဲ့ ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

၁။ ရှာလကာရည်

ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ဇလုံတစ်လုံးထဲကို ထည့်ပါ။ အဲဒီနောက် ပိတ်စတစ်ခုကို အဲဒီဇလုံထဲနှစ်ပြီး ရေချိုးခန်း၊ ကြမ်းပြင်၊ လက်ဆေးကန်၊ တံခါးဘောင်၊ ပြူတင်းပေါက်တွေမှာ လိုက်သုတ်ပါ။ ရှာလကာရည်ရဲ့အနံ့ကြောင့် ပိုးဟပ်တွေက သင့်အိမ်နဲ့ ဝေးဝေးကို ပြေးသွားပါတယ်။

၂။ ကရဝေးရွက်နဲ့ ကြက်သွန်ဖြူ

ကရဝေးရွက်နဲ့ ကြက်သွန်ဖြူကို ပိုးဟပ်တွေ လာလေ့ရှိတဲ့နေရာတွေမှာ ထားလိုက်ရုံပါပဲ။ ရို့စ်မေရီအရွက်ကိုလည်း အသုံးပြုလို့ရပါတယ်။ ကြက်သွန်ဖြူနဲ့ ကရဝေးရွက်ကတော့ ပိုးဟပ်အပါအဝင် အခြားအင်းဆက်ပိုးတွေ ရောက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ လာဗင်ဒါပန်းနဲ့ တောနှံပင်

သင်က တိုက်ခန်းမှာ နေသူဆိုရင် လာဗင်ဒါပန်းနဲ့ တောနှံပင်ကို ပန်းအိုးထဲမှာ စိုက်ထားပြီး ပိုးဟပ်တွေ လာတတ်တဲ့နေရာမှာ ထားလိုက်ပါ။ လာဗင်ဒါပန်းနဲ့ တောနှံပင်ရှိနေရင် ပိုးဟပ်တွေတင်မကဘဲ ခြင်လည်း မလာတော့ပါဘူး။

၄။ မုန့်ဖုတ်ဆိုဒါနဲ့ သကြား

အိမ်မှာ သောင်းကျန်းနေတဲ့ ပိုးဟပ်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သကြားကို ဆတူရောပြီး ဗီရိုတွေနောက်မှာ ထားလိုက်ပါ။ ရေခဲသေတ္တာရဲ့အနောက်၊ မီးဖိုရဲ့အနောက်နေရာတွေမှာလည်း ထားလို့ရပါတယ်။

၅။ လိမ္မော်ဆီ

သင့်အိမ်မှာ အပင်တွေအများကြီးရှိပြီး အင်းဆက်ပိုးမွှားတွေ၊ ပိုးဟပ်တွေများနေရင် ဒီနည်းလမ်းကို အသုံးပြုပါ။ ဆပ်ပြာရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ လိမ္မော်ဆီ ၂၀ မီလီလီတာ၊ ရေ ၄ လီတာတို့ကို ရောပြီ၊။ အဲဒီနောက် ပိုးဟပ်နဲ့ ပုရွက်ဆိတ်တွေ မလာအောင် အပင်မှာ ဖျန်းပေးပါ။

Bonus

အိမ်မှာ ပိုးဟပ်တွေရန်ကနေ ကင်းဝေးဖို့ဆိုရင် စားကြွင်းစားကျန်တွေကို စနစ်တကျ ထုတ်ပိုးပြီးမှာ ပစ်ပါ။ အထူးသဖြင့် မီးဖိုချောင်ကို သန့်ရှင်းအောင် ထားပါ။ အမှိုက်ကို နေ့တိုင်းသွန်ပါ။

Zombie (lovemedia)

Post a Comment

0 Comments