ကလေးတွေ ကောင်းကောင်းအနားယူနိုင်အောင် ကူညီပေးနိုင်မယ့်နည်းလမ်း (၈) ခု

ကလေးတွေဟာ ငယ်ရွယ်သေးတာကြောင့် လူကြီးတွေလို အပန်းဖြေစရာ မလိုဘူးလို့ ထင်တတ်ကြပါတယ်။ ကျောင်းစတက်တဲ့ အခါမှာ မတူညီတဲ့အချက်တွေကြောင့် အခြေအနေအသစ်တွေ အများကြီးကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

တစ်ခါတရံမှာ ကလေးတစ်ဦးဟာ အပန်းဖြေဖို့ လိုအပ်ပြီး မိဘတွေရဲ့အကူအညီမပါဘဲ ဘယ်လိုအနားယူရမယ် ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် မိဘတွေဘက်ကနေ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ အာရုံစူးစိုက်မှုတွေအတွက် ပန်းပွင့်နှင့်ဖယောင်းတိုင်

- ကလေးကို လက်နှစ်ဖက်လုံးဆုတ်ပြီး မျက်လုံးကို မှိတ်ခိုင်းပါ။ သူတို့ရဲ့ ညာလက်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး ဘယ်လက်မှာ အရောင်နဲ့ အရွယ်အစားအလိုက် ပန်းတစ်ပွင့်ကို စိတ်ကူးယဉ်ကြည့်ခိုင်းပါ။

- ပန်းနံ့ကို စိတ်ကူးခိုင်းပြီး ကလေးကို လေတဝကြီး ရှူသွင်းဖို့ ပြောပါ။ ပြီးရင် ဖယောင်းတိုင်ကို မှုတ်လိုက်ရုံနဲ့ လေအားလုံး ထွက်သွားပြီလို့ ပြောပေးပါ။ အသက်ပြင်းပြင်းရှူပြီး ၆ ကြိမ် ပြန်လုပ်ပါ။

၂။ လက်နှစ်ဖက်နဲ့ ပုခုံးတွေကို ပြေလျော့စေမယ့် ကြောင်တွေရဲ့ အပျင်းကြောဆွဲနည်း

- ကလေးကို မျက်လုံးမှိတ်၊ အသက်ပြင်းပြင်းရှူခိုင်းပြီး သူတို့ဟာ ကြောင်တစ်ကောင် ဖြစ်သွားပြီလို့ မြင်ယောင်ကြည့်ခိုင်းပါ။ ဒါကို Koeppen နည်းပညာလို့လည်း ခေါ်ပါတယ်။

- ကလေးကို လက်နှစ်ဖက်ကို ဦးခေါင်းထက်မှာ မြှောက်ထားပြီး ပခုံးတင်းတင်းကျပ်ကျပ် ဖြစ်လာတဲ့အထိ တတ်နိုင်သမျှ နောက်ပြန်ဆန့်ခိုင်းပါ။

- နောက်ဆုံးအနေနဲ့ သူတို့ရဲ့ လက်နှစ်ဖက်ကို သူတို့ရဲ့ ခန္ဓာကိုယ်အောက်ဘက်ကို ချပြီး လုံးဝ ဖြေလျှော့ပေးလိုက်ပါ။

၃။ ကြွက်သားတင်းမာမှုကို ပြေလျော့စေပြီး ဒေါသကို ပြေလျော့စေတဲ့ လိပ်နည်း

- လိပ်လေးတစ်ကောင် အခွံထဲဝင်သွားတဲ့ပုံကို မြင်ယောင်ဖို့ ကလေးကိုပြောပါ။

- ကလေးကို 10 အထိ ရေတွက်ခိုင်းပြီး သူတို့ရဲ့ ပခုံးနဲ့ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဖြေလျှော့ပြီး မူလအနေအထားကို ပြန်သွားဖို့ပြောပါ။

၄။ ပူဖောင်း

- ကလေးကို ပက်လက်အိပ်ခိုင်းပြီး ဗိုက်ပေါ်မှာ အရုပ်တစ်ခုကို တင်ခိုင်းပါ။ လေကို ပြင်းပြင်းထန်ထန် ရှူသွင်းပြီး သူတို့ကိုယ်သူတို့ ပူပေါင်းတစ်လုံးဖြစ်သွားပြီလို့ တွေးခိုင်းပြီး လေကို ၄ ကြိမ်လောက် ရှုခိုင်းပါ။ ရည်ရွယ်ချက်ကတော့ အရုပ်လေး တက်လာအောင် ဗိုက်ကို အတတ်နိုင်ဆုံး ဖောင်းအောင် ကြိုးစားဖို့ပါ။

- ပြီးရင် အရုပ်လေးကို အောက်ရောက်တဲ့ထိ လေတွေကို ပြန်ထုတ်ခိုင်းပါ။

၅။ လက်တွေကို ပြေလျော့စေတဲ့ သံပုရာသီးနည်း

- လက်တစ်ဖက်စီမှာ သံပုရာသီးတစ်လုံး ကိုင်ထားတယ်လို့ ကလေးကို စိတ်ကူးယဉ်ကြည့်ခိုင်းပါ။ သံပုရာရည်အားလုံးကို ညှစ်ထုတ်လိုက်သလိုမျိုး လက်ကိုညှစ်ဖို့ ပြောပါ။

- ပြီးရင် လက်တွေကို ဖြေလျှော့ပြီး စိတ်ကူးယဉ်ထားတဲ့ သံပုရာသီးတွေကို လွှတ်ချဖို့ သူတို့ကို ပြောပါ။

၆။ အရောင်တွေ ခြယ်ခိုင်းပါ။

ကလေးတွေကို စိတ်ရှူပ်နေတဲ့အချိန်မှာ အရောင်ခြယ်ခိုင်းတာက အမြဲအလုပ်ဖြစ်ပါတယ်။ အသက် ၃ နှစ်ကနေစပြီး ဒီနည်းကို သုံးနိုင်ပါတယ်။ ဒီပုံတွေက ကလေးတွေကို စိတ်ပျော်စေဖို့၊ အာရုံစူးစိုက်မှုစွမ်းရည်ကို မြှင့်တင်နိုင်ဖို့နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

၇။ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ ဘောလုံးလေးတွေ သုံးပါ။

စိတ်ဖိစီးမှုကို သက်သာစေတဲ့ ဘောလုံးရအောင် ဂျုံမှုန့်တွေကို ပူဖောင်းတစ်လုံးထဲ ထည့်လိုက်ပါ။ ဝုန်းဒိုင်းကြဲပြီးနောက် စိတ်ဖြေလျှော့ဖို့ လိုအပ်တဲ့အခါမှာ ဒီဘောလုံးလေးတွေက ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ငြိမ်သက်မှုကို ပြန်လည်ခံစားရဖို့ ဘောလုံးကို လိုအပ်သလို ညှစ်ထုတ်နေရုံပါပဲ။

၈။ စိတ်ငြိမ်ဆေးပုလင်းလုပ်ပါ။

စိတ်ငြိမ်ဆေးပုလင်းကို ဘယ်လိုလုပ်မလဲဆိုတော့ ပုလင်းရဲ့ ၄ ပုံ ၃ ပုံကို ရေနွေးနဲ့ဖြည့်လိုက်ပါ။ ပြီးရင် ရောမွှေထားတဲ့ ကော်မှုန့်နှင့် အရောင်တောက်တဲ့ အမှုန့်တို့ကို ပေါင်းထည့်လိုက်ပါ။ လိုချင်တဲ့ အနေအထားရပြီဆိုရင် အဖုံးပိတ်လိုက်ပါ။ အားလုံးကို ရောပြီးမွှေပါ။

စိတ်ပျက်အားငယ်ခြင်း ဒါမှမဟုတ် ဒေါသထွက်သလိုမျိုး စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေဖြစ်တဲ့အခါ ဒီနည်းတွေက အလွန်အသုံးဝင်ပါတယ်။ ပုလင်းအတွင်းက တောက်ပတဲ့ ရွေ့လျားမှုကို ကြည့်နေချိန်မှာ သူတို့ရဲ့ အသက်ရှုသံတွေ ပြေလျော့သွားပြီး စိတ်ခံစားမှုတွေကလည်း ငြိမ်သက်တဲ့ အနေအထားကို ပြန်ရောက်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments