ကြောင်လေးတွေမှာ မျက်လုံးတစ်ဖက်နဲ့ တစ်ဖက် အရောင်မတူရတဲ့အကြောင်းအရင်း

အချို့ကြောင်လေးတွေမှာ မျက်လုံးတစ်ဖက်ကို အရောင်တစ်မျိုး ဖြစ်နေတတ်ပါတယ်။ အရောင်မတူတဲ့ မျက်လုံးပိုင်ရှင် ကြောင်လေးတွေကလည်း အရမ်းကို ချစ်စရာကောင်းပါတယ်။ အဲဒီလိုဖြစ်စဉ်ကို Heterochromia လို့ခေါ်ကြပါတယ်။

Heterochromia ဆိုတဲ့အသုံးကို မျက်ဝန်းအရောင် မတူတဲ့နေရာမှာ အသုံးများကြပါတယ်။ ဒါပေမယ့် ဆံပင်အရောင်မတူတာ၊ အသားအရောင်က တစ်ဖက်နဲ့တစ်ဖက် မတူတာကိုလည်း Heterochromia လို့ သုံးကြပါတယ်။ မျိုးရိုးဗီဇထွေပြားခြင်း မရှိတာဟာ Heterochromia ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါပဲ။

Heterochromia အမျိုးအစားများ

Heterochromia အမျိုးအစားနှစ်မျိုး ရှိပါတယ်။

- မျက်ဝန်းတစ်ဖက်နဲ့ တစ်ဖက်အရောင်မတူခြင်း

- မျက်ဝန်းတစ်ဖက်တည်းမှာတင် သူငယ်အိမ်နဲ့ ကျန်အစိတ်အပိုင်းများမတူခြင်း တို့ဖြစ်ပါတယ်။ ကြောင်လေးတွေ မွေးခါစမှာ မျက်လုံးအရောင်က အပြာရောင်ဖြစ်နေတတ်ပြီး အရွယ်ရောက်လာရင်တော့ အရောင်က ပြောင်းလဲသွားတတ်ပါတယ်။

အချို့မျက်ဝန်းအရောင်တွေက အရမ်းမသိသာတာကြောင့် သေသေချာချာကြည့်မှသာ မြင်နိုင်ပါတယ်။ တစ်ခါတရံမှာလည်း မျက်ဝန်းတစ်ဖက်တည်းကပဲ အရောင်ပြောင်းသွားတတ်ပါတယ်။

ကြောင်လေးတွေမှာ မျက်ဝန်းအရောင်က အပြာရောင်ကနေ အစိမ်းရောင် သို့မဟုတ် အဝါရောင်၊ အစိမ်းရောင်ကနေ အပြာရောင် သို့မဟုတ် အဝါရောင်ကို ပြောင်းသွားတတ်ပါတယ်။

Heterochromia က ဘယ်သူတွေမှာ ဖြစ်တတ်လဲ။

Heterochromia ကို ကြောင်၊ ခွေး၊ မြင်းတွေမှာ တွေ့ရများပါတယ်။ လူသားတွေမှာလည်း မျက်ဝန်းတစ်ဖက်နဲ့တစ်ဖက် အရောင်မတူရှိတတ်ပေမယ့် တွေ့ရခဲပါတယ်။ ရုပ်ရှင်မင်းသား Henry Cavil က မျက်ဝန်းတစ်ဖက်တည်းမှာတင် အရောင်မတူပါဘူး။

ရုပ်ရှင်မင်းသမီး Kate Bosworth ကတော့ မျက်ဝန်းတစ်ဖက်နဲ့ တစ်ဖက် အရောင်မတူပါဘူး။ ခွေးတွေမှာဆိုရင် Siberian Husky, Australian Shepherds, Catahoula Curs, Shin Tzus အမျိုးအစားခွေးတွေက မျက်ဝန်းတစ်ဖက်နဲ့တစ်ဖက် အရောင်မတူတာကို တွေ့ရတတ်ပါတယ်။

Australian Shepherds, Catahoula Curs, Shin Tzus, Border Collie, Collie, Shetland Sheepdog, Welsh Corgi, Pyrenean Sheperd, Mudi, Beauceron, Catahoula Cur, Dunker, Great Dane, Dachshund, Chihuahua ခွေးအမျိုးအစားတွေမှာတော့ မျက်ဝန်းတစ်ဖက်တည်းမှာတင် အရောင်မတူတာကို တစ်ခါတရံမှာ တွေ့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments