အဝလွန်နေတဲ့ကြောင်လေးတွေကို ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်မယ့်နည်းလမ်း (၈) ခု

ကိုယ်အလေးချိန်များတာက လူသားတွေကိုပဲ ဆိုးကျိုးဖြစ်စေတာ မဟုတ်ပါဘူး။ ကိုယ်အလေးချိန်များတဲ့ ကြောင်လေးတွေလည်း ကျန်းမာရေး ထိခိုက်စေပါတယ်။ ကြောင်လေးတွေ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြောင်ရဲ့ကိုယ်အလေးချိန်အကြောင်းကို တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။

ကြောင်လေးရဲ့အစားအသောက်ကို မပြောင်းလဲခင်မှာ တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်ပါ။ အဲဒီအခါ ကြောင်ရဲ့ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဆရာဝန်က အကြံပြုနိုင်ပါတယ်။ ကြောင်လေးကို အချိန်မီ ဝိတ်ကျအောင် မလုပ်ပေးနိုင်ရင် အသည်းရောဂါ ဖြစ်စေနိုင်ပါတယ်။

၂။ ကြောင်လေးစားဖို့အတွက် အစားအစာကို စီစဉ်ပေးပါ။

ကြောင်တွေက အသားစာသတ္တဝါပါ။ အဲဒါကြောင့် သူတို့ရဲ့အစားအစာထဲမှာ အသားပါဖို့လည်း လိုပါတယ်။ ကြောင်လေးတွေအတွက် ကာဗွန်ဟိုက်ဒရိတ်နည်းပြီး ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေ ကျွေးရင် ကိုယ်အလေးချိန်ကို ထိထိရောက်ရာက် ချနိုင်သွားမှာပါ။

တစ်လကို တစ်ပေါင်ပဲ ဝိတ်ကျရင်တောင် ကျန်းမာရေးနဲ့ညီညွတ်နေပါပြီ။ ဒါပေမယ့် အချို့ကြောင်တွေက တစ်လကို တစ်ပေါင်မက ကိုယ်အလေးချိန် ကျတတ်ပါတယ်။

၃။ အစာကို ချိန်ဆပြီးကျွေးပါ။

ကြောင်ရဲ့အသက်အရွယ်၊ အရွယ်အစား စတဲ့အချက်တွေပေါ်မူတည်ပြီး ကြောင်စာကို ကျွေးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကြောင်တစ်ကောင်ရဲ့အလေးချိန်က ၈ ပေါင်ကနေ ၁၀ ပေါင်အထိ ရှိပါတယ်။ ကြောင်လေးကို အများကြီး မကျွေးမိစေဖို့ တိုင်းတာလို့ရတဲ့ခွက်နဲ့ ခြင်တွယ်ပြီးမှ ကျွေးပါ။

၄။ ကြောင်ကို ကျွေးတဲ့အစားအစာ

ကြောင်ကို ကိုယ်အလေးချိန် ကျစေဖို့ဆိုရင် ကြောင်ကိုကျွေးတဲ့ အစားအစာကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် အစာအစိုကို များများကျွေးပြီး အစာခြောက်ကို လျှော့ကျွေးပါ။ အစာအစိုကို ၆၀ ရာခိုင်နှုန်း၊ အစာအခြောက်ကို ၄၀ ရာခိုင်နှုန်းကျွေးပါ။ ရေများများတိုက်တာက ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။

၅။ ကြောင်ရဲ့ကိုယ်အလေးချိန်

ကြောင်ရဲ့ကိုယ်အလေးချိန် တိုးလာလား၊ လျော့သွားလား ဆိုတာကိုသိဖို့ ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာပေးဖို့ လိုပါတယ်။ ကြောင်ရဲ့ကိုယ်အလေးချိန်ကို ရှိသင့်တာထက် ပိုမလာအောင် ထိန်းချုပ်နိုင်တာက အကောင်းဆုံးပါပဲ။

၆။ ကယ်လိုရီစားသုံးမှု

ကြောင်လေးတွေ အရမ်းဝမလာစေဖို့ ကယ်လိုရီစားသုံးမှုက တစ်နေ့တာအစားအစာရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိသင့်ပါတယ်။ ကြောင်ကို မုန့်တွေခဏခဏ ကျွေးတာက ကိုယ်အလေးချိန်ကို တက်စေတဲ့အပြင် အာဟာရလည်း မမျှမတဖြစ်စေပါတယ်။ ဒါ့အပြင် အစားစားချင်စိတ်ကိုလည်း နည်းသွားစေပါတယ်။

၇။ ကိုယ်လက်လှုပ်ရှားမှု

ကြောင်လေးရဲ့ ကိုယ်အလေးချိန် ကျဖို့အတွက် လှုပ်လှုပ်ရှားရှားနေပေးဖို့လည်း လိုပါတယ်။ ကြောင်လေးနဲ့ အတူတူ ကစားပေးတာက ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူဖြစ်စေပြီး ပျော်ရွှင်မှုလည်း ရစေပါတယ်။

ကြောင်လေးက ကျန်းမာရေးမကောင်းရင်၊ အသက်ကြီးနေပြီဆိုရင် ဖြည်းဖြည်းချင်းကစားတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၈။ အစာကို ဖြည်းဖြည်းချင်းကျွေးပါ။

ကြောင်လေးကို နည်းနည်းနဲ့ ဖြည်းဖြည်းစားဖို့အတွက် လေ့ကျင့်ပေးပါ။ ကြောင်အစာခွက်ထဲမှာ အစာတွေကို အကုန်မထည့်ဘဲ ခွက်သေးသေးလေးထဲမှာ နည်းနည်းချင်းစီ ခွဲထည့်ထားပေးပါ။ ဒါမှမဟုတ် ကစားနည်းလေးတွေနဲ့ အစာကျွေးတာက ကြောင်ကို ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လှုံ့ဆော်ပြီးသား ဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments