ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းစားပေးရင် သင့်ခန္ဓာကိုယ်မှာ ရလာမယ့်အကျိုးကျေးဇူး (၇) မျိုး

ပန်းဂေါ်ဖီစိမ်းဟာ ရှေးရောမခေတ်ကတည်းက ရှိခဲ့တာပါ။ ဂရိနှင့် ရောမလူမျိုးတွေက လွန်ခဲ့သောနှစ်ပေါင်း 2,000 က ပန်းဂေါ်ဖီစိမ်းကို စားသုံးခဲ့ကြပါတယ်။ တစ်ဆယ့်ခြောက်ရာစုမှာတော့ ဥရောပထိ ရေပန်းစားလာခဲ့ပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုတွေကြောင့် အစားအသောက်တွေမှာ ပန်းဂေါ်ဖီကို ထည့်သွင်းဖို့ အကြောင်းပြချက်များစွာ ရှိလာခဲ့ပါတယ်။ ဥပမာအားဖြင့် ပန်းဂေါ်ဖီကို စားနေချိန် ကျန်းမာရေးကို သိသိသာသာတိုးတက်လာပါတယ်။

မျက်စိကို ကောင်းစေတဲ့အပြင် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကိုတောင် တိုးတက်စေနိုင်ပါတယ်။

၁။ မျိုးပွားအင်္ဂါတွေ ကျန်းမာစေဖို့ ကူညီပေးပါတယ်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေကို များများစားတဲ့သူတွေက အချို့သော ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ ပန်းဂေါ်ဖီကလည်း ချွင်းချက်မဟုတ်ကြောင်း အမျိုးမျိုးသော လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။

ပန်းဂေါ်ဖီ များများစားပေးခြင်းက မျိုးပွားအင်္ဂါတွေနှင့် ဆက်စပ်နေတဲ့ ကင်ဆာအမျိုးအစားအချို့ကို မဖြစ်အောင် လျှော့ချပေးနိုင်တယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

၂။ မျက်စိကို ကျန်းမာစေပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး အတွင်းတိမ်လိုမျိုး အသက်အရွယ်နှင့်ဆိုင်တဲ့ မျက်စိရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

သိပ္ပံပညာရှင်တွေက သက်ကြီးရွယ်အိုတွေကို ပန်းဂေါ်ဖီ များများစားဖို့ အကြံပြုထားတာကြောင့် မျက်စိပြဿနာအချို့ကို ရှောင်ရှားနိုင်စေပါတယ်။

၃။ ဆီးချိုရောဂါရှိသူတွေအတွက် သင့်တော်တဲ့ အစားအစာပါပဲ။

သင့်အစားအစာထဲမှာ ပန်းဂေါ်ဖီစိမ်းကို များများထည့်သင့်တဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ ဆီးချိုရောဂါကို စစ်ဆေးတဲ့ လေ့လာမှုတွေအရ ပန်းဂေါ်ဖီမှာပါတဲ့ အစိတ်အပိုင်းအချို့ဟာ ရောဂါရဲ့ အာနိသင်ကို ဆန့်ကျင်နိုင်တယ်လို့ ဆိုပါတယ်။

ဟင်းသီးဟင်းရွက်တွေက ဂလူးကို့စ်ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေအတွက် အသုံးဝင်နိုင်ပါတယ်။

၄။ အသားအရေကို ကောင်းမွန်စေပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ဓာတ် အများကြီးပါဝင်ပါတယ်။ လိမ္မော်သီးမှာပါတာထက်တောင် ပိုများပြီး ကော်လာဂျင် ပေါင်းစပ်မှုနှင့် အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်စေပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီစိမ်း များများစားတာက သင့်အသားအရေကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားနီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းတွေကို လျော့ချပေးပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်Cဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းစားခြင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ များများစားပေးပါ။ချက်ပြုတ်စားခြင်းထက် အစိမ်းလိုက်စားခြင်းက ပိုကောင်းပါတယ်။

၆။ ကိုယ်အလေးချိန်ကျစေပါတယ်။

ကိုယ်အလေးချိန် လွန်ကဲနေရင်ပန်းဂေါ်ဖီစိမ်းကို များများစားပေးသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်းက ကယ်လိုရီအလွန်နည်းပြီး အမျှင်ဓာတ်မြင့်မားတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကို စားရင် လူက ဗိုက်ပြည့်လွယ်ပါတယ်။ ဒါကြောင့်ပန်းဂေါ်ဖီစိမ်းစားရင် တခြားအစားအစာတွေစားတာထက် ဗိုက်ပြည့်တယ်လို့ ခံစားရနိုင်ပြီး ကယ်လိုရီဘယ်လောက် ပါဝင်လဲဆိုတာကို ထည့်သွင်းစဉ်းစားရင် ရလဒ်အနေနဲ့ ကိုယ်အလေးချိန် ကျနိုင်ပါတယ်။

၇။ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို တိုးတက်စေပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာရှိတဲ့ အာဟာရဓာတ်အချို့က စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို တိုးတက်စေပြီး ဦးနှောက်ကို ပုံမှန်လုပ်ဆောင်စေပါတယ်။ လေ့လာမှုတစ်ခုအရ ပန်းဂေါ်ဖီစိမ်းက အိုမင်းရင့်ရော်မှုဖြစ်စဉ်အချို့ကို နှေးကွေးစေနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

ဒါကြောင့် သင်က အသက်ကြီးတဲ့သူဖြစ်ရင်တောင် သင့်ဦးနှောက်နှင့် မှတ်ဉာဏ်ကို ထိန်းထားနိုင်စေအောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments