ပေါင်မုန့်ကို စားတာအပြင် ထူးထူးခြားခြားအသုံးပြုနိုင်မယ့် နည်းလမ်းများ

ကမ္ဘာပေါ်မှာ ပေါင်မုန့်ဖြစ်တည်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ပေါင်မုန့်ဟာ စားတာအပြင် အခြားသောနေရာတွေမှာပါ လူသားတွေအတွက် အကျိုးပြုပေးပါတယ်။

နည်းလမ်း ၁

ပေါင်မုန့်ကို သင့်ရဲ့တိုက်ခန်းမှာ သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ပေါင်မုန့်မှာပါဝင်တဲ့ gluten က အညစ်အကြေးနဲ့ အစွန်းတွေကို စုပ်ယူပေးပါတယ်။ ပေါင်မုန်ရဲ့အစအနလေးတွေကို ဖြတ်ယူပြီး လုံးလိုက်ပါ။

နံရံတွေမှာ၊ ပိုက်ခေါင်းတွေမှာ အဆီတွေ၊ အစွန်းတွေ၊ ဖုန်တွေကပ်နေရင် ပေါင်မုန့်အစအနလေးနဲ့ ပွတ်တိုက်လိုက်ပါ။ ဒီနည်းက လုံးဝအသစ်အတိုင်း သန့်ရှင်းသွားစေတာတော့ မဟုတ်ပါဘူး။ ခဲတံတွေကို စပြီးပေါ်လာချိန်မှာ ပေါင်မုန့်အစိုကို ခဲဖျက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

နည်းလမ်း ၂

Marshmallow တွေ ခြောက်သွားပြီဆိုရင် ပြန်ပြီးနူးညံ့လာအောင် ပြုလုပ်လို့ရပါတယ်။ အိတ်တစ်လုံးထဲမှာ Marshmallow နဲ့အတူ နူးညံ့တဲ့ပေါင်မုန့်တစ်ချပ်ကို ထည့်ထားပြီး ၂ ရက်ကြာ ထားလိုက်ပါ။

Marshmallow တွေကို အိတ်ထဲကနေ ပြန်ထုတ်လိုက်တဲ့အခါမှာတော့ မခြောက်သွေ့တော့ဘဲ နူးနူးညံ့ညံလေး ဖြစ်နေတာကို တွေ့ရမှာပါ။

နည်းလမ်း ၃

ကြက်သွန်နီကို လှီးတဲ့အခါမှာလည်း ပေါင်မုန့်က အသုံးဝင်ပါသေးတယ်။

- ကြက်သွန်နီလှီးနေချိန်မှာ ပေါင်မုန့်တစ်ချပ်ကို ကိုက်ထားပါ။ အဲဒီအခါ ကြက်သွန်နီလှီးရင် မျက်ရည်မကျတော့ပါဘူး။

- နောက်တစ်နည်းကတော့ ကြက်သွန်လှီးမယ့် ဓားပေါ်မှာ ပေါင်မုန့်ကို တင်ပြီး ကြက်သွန်ကို လှီးတာပါ။

ကြက်သွန်လှီးတဲ့အခါ မျက်ရည်ကျစေတဲ့ ကြက်သွန်နီရဲ့အင်ဇိုင်းဓာတ်ကို ပေါင်မုန့်က စုပ်ယူပေးပါတယ်။

နည်းလမ်း ၄

ဆီဆေးပန်းချီကားတွေမှာ ဖုန်တွေအများကြီး တက်နေရင် သန့်ရှင်းရေးလုပ်ဖို့အတွက် ခေါင်းစားစရာ မလိုတော့ပါဘူးနော်။ လတ်ဆတ်တဲ့ ပေါင်မုန့်ပိုင်းလေးနဲ့ ဆီဆေးပန်းချီကား တစ်ဝိုက်လေးကို ပွတ်တိုက်လိုက်ပါ။

ပေါင်မုန့်အမှုန်လေးတွေက ပန်းချီကားပေါ်မှာ တင်ကျန်ရစ်နေရင် နူးညံ့တဲ့ဘရက်ရှ်လေးနဲ့ ဖယ်ရှားပေးလို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments