ခန္ဓာကိုယ်ပုံစံပေါ်မူတည်ပြီး သင်နဲ့လိုက်ဖက်တဲ့ တီရှပ်အင်္ကျီကို ရွေးချယ်နည်း (၅) ခု

လူတိုင်းမှာ အနည်းဆုံးတော့ တီရှပ်တစ်ထည်စီ ရှိကြပါတယ်။ ကော်လံတွေလည်း မပါတဲ့အပြင် ဘာနဲ့တွဲဝတ်ဝတ်လိုက်တာကြောင့် လူကြိုက်များကြပါတယ်။ ဒါပေမယ့် ရွေးချယ်စရာတွေ အများကြီးနဲ့ စတိုင်တွေ အများကြီး ရှိတာကြောင့် တစ်ခါတလေ ရွေးရခက်ပါတယ်။

၁။ လည်ပင်းပုံစံများ

လည်တိုင်နားမှာ ဝိုင်းသွားတဲ့ပုံစံမျိုးပါ။ ရင်ဘတ်သေးပြီး လည်ပင်းရှည်တဲ့ ကျယ်ဝန်းတဲ့ ပခုံးတွေနှင့် လိုက်ဖက်ပါတယ်။ ဒီပုံစံကို ဆွယ်တာအင်္ကျီအောက်မှာ ခံပြီး ဝတ်နိုင်ပါတယ်။ စကတ် ဒါမှမဟုတ် palazzo ဘောင်းဘီတွေနဲ့ တွဲဝတ်ရင် ပိုမိုဆွဲဆောင်မှု ရှိပါတယ်။

နောက်တစ်ခုကတော့ လည်ပင်းအကျယ်ပုံစံမျိုးပါ။ ပုခုံးနှစ်ဖက်ကို ပင့်တင်ထားစေပြီး ရင်ဘတ်ကို ပေါ်လွင်စေပါတယ်။ အင်္ကျီပုံစံက လည်ပင်းနည်းနည်းဟိုက်ပြီးတော့ လည်ပင်းကို ရှည်စေပါတယ်။ ပြီးတော့ ညှပ်ရိုးတွေကိုလည်း ပေါ်စေပါတယ်။ နောက်ဆုံးပုံစံကတော့ လူတိုင်းနဲ့အဆင်ပြေတဲ့ V-neck ပါ။

ဒီပုံစံကို ဝတ်ရင်သတိထားသင့်တဲ့ အချက်ကတော့ သင့်ရင်ဘတ်အရွယ်အစားနှင့် အသင့်တော်ဆုံးဖြစ်တဲ့ အတိမ်အနက်ကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ Vရဲ့ သဘောက ရင်သားကြီးတဲ့ အမျိုးသမီးတွေရဲ့ ပုံကို ချိန်ညှိပေးပြီး ရင်သားသေးတဲ့ အမျိုးသမီးတွေအတွက် အနေတောင်ဖြစ်အောင် လုပ်ပေးပါတယ်။

၂။ အင်္ကျီလက်

- လက်တိုကတော့ classic ဆန်တာကြောင့် ဘာနဲ့ ဝတ်ဝတ်လိုက်ပါတယ်။ တီရှပ်တွေမှာ တွေ့ရအများဆုံး ပုံစံလည်းဖြစ်ပါတယ်။

- အင်္ကျီလက်မပါတဲ့ တီရှပ်တွေလည်း ရှိပါတယ်။ ဒါတွေက ပူပြင်းတဲ့နွေရာသီအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ သက်တောင့်သက်သာနှင့် ရွေ့လျားသွားလာနိုင်စေဖို့အတွက် အဆင်ပြေပါတယ်။

- လက်ရှည်ပါတဲ့ တီရှပ်တွေက လက်တွေကို လုံးဝဖုံးအုပ်ထားပြီး အောက်ကို ဖြောင့်ဖြောင့်ဆင်းသွားပါတယ်။ အေးနေချိန်မှာ ဝတ်ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ငြိတွေ၊ ပြဲတာတွေ မဖြစ်အောင်တော့ ဂရုစိုက်သင့်ပါတယ်။ 

- 3-quarter တွေကတော့ အမျိုးသမီးတွေ အဝတ်များကြပါတယ်။ ဟိုမရောက် ဒီမရောက် ဖြစ်နေတာကြောင့် ဘယ်ရာသီဥတုမှာမဆို ဝတ်ဖို့ သင့်တော်ပါတယ်။

၃။ စတိုင်အမျိုးအစားများ

- classic စတိုင်က ပေါ့ပေါ့ပါးပါးရှိစေပြီး လှုပ်ရှားရတာလည်း လွယ်ကူစေပါတယ်။ ဘာနဲ့ တွဲဝတ်ဝတ်လှပြီးတော့ လူတိုင်းနဲ့လည်း လိုက်ပါတယ်။

- အရမ်းလည်း မပွလွန်းတဲ့အပြင် အရမ်းလည်း မကျပ်လွန်းတာက ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ချင်ရင်တော့ ရွေးချယ်သင့်ပါတယ်။

- ပါးလွှာတဲ့ တီရှပ်က ခန္ဓာကိုယ်ပုံစံကို ပေါ်လွင်စေပါတယ်။ ဒီအင်္ကျီရဲ့ရည်ရွယ်ချက်က ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ပေါ်လွင်စေဖို့ပါ။ သင်ဟာ ကြံ့ခိုင်ပြီး Gym ဝါသနာပါသူ တစ်ယောက်ဆိုရင် ဒါက သင့်အတွက် သေချာပေါက်စတိုင်ပါပဲ။

၄။ ပုံစံ

ရိုးရှင်းတဲ့ ရောင်စုံတီရှပ်ကို ဘောင်းဘီတိုနှင့် တွဲဝတ်ရင် ပိုမိုလှပတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ အရုပ်တွေပါတာနဲ့ တွဲဝတ်ရင်လည်း ထူးခြားတဲ့ အသွင်အပြင်ကို ဖန်တီးပေးပါတယ်။ ဒါကြောင့် သင်ဖန်တီးတတ်သလို စတိုင်က လှပနေပါလိမ့်မယ်။

၅။ တီရှပ်ရဲ့ တည်ဆောက်ပုံများ

- ချည်သားတီရှပ်တွေက အသုံးအများဆုံးနှင့် လူကြိုက်အများဆုံးပါပဲ။ အသားက ပျော့ပျောင်းပြီး လေဝင်လေထွက်ကောင်းတာကြောင့် အေးစေပါတယ် ။ 100% ချည်သား တီရှပ်တစ်ထည် ပြုလုပ်ရာမှာ ဓာတုပစ္စည်း အနည်းငယ်ပဲ လိုအပ်တာကြောင့် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေပါတယ်။ အားနည်းချက်ကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ချိန်မှာ ချွေးတွေကို စုပ်ယူနိုင်ပြီး ခြောက်သွေ့ဖို့ အချိန်ကြာမြင့်ခြင်းပဲဖြစ်ပါတယ်။

- အားကစားအင်္ကျီတွေအတွက် ပိုသင့်လျော်တဲ့အထည်ကတော့ polyester ဖြစ်ပါတယ်။ polyesterက အရေပြားက အစိုဓာတ်ကို ဖယ်ရှားပေးပြီး လျင်မြန်စွာ ခြောက်စေပါတယ်။ ပြီးတော့ အသားအရေကို အေးမြစေပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အကြမ်းလည်း အလွန်ခံပါတယ်။

- ချည်နဲ့ polyester ရောထားတဲ့ တီရှပ်တွေကတော့ အားနည်းချက် မရှိပါဘူး။ ၂ ခုပေါင်းထားတာကြောင့် အကျိုးကျေးဇူးအားလုံးကို ပေးစွမ်းပါတယ်။ ချည်သားရဲ့ပျော့ပျောင်းမှုနှင့် polyester ရဲ့ အေးမြမှု၊ တာရှည်ခံမှုနှင့် အစိုဓာတ်ကို ခံနိုင်ရည်ရှိတဲ့ ဂုဏ်သတ္တိတွေကြောင့် တော်တော်ကို အဆင်ပြေစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments