သင့်အိမ်အတွက် ငှက်ပျောခွံရဲ့အသုံးဝင်ပုံ (၄) ချက်

လူအများစုက ငှက်ပျောသီးကို စားပြီးရင် ငှက်ပျောခွံကို လွှင့်ပစ်လိုက်ကြပါတယ်။ ငှက်ပျောခွံက သင့်အိမ်နဲ့ အပင်လေးတွေအတွက် အကျိုးပြုပေးနိုင်ပါတယ်။ အဲဒါကြောင့် ငှက်ပျောခွံရဲ့ အသုံးဝင်ပုံတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငှက်ပျောခွံကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိင်ခြင်း

သစ်ရွက်ဆွေးတွေက သဘာဝမြေဩဇာအဖြစ် အသုံးဝင်သလို ငှက်ပျောခွံကလည်း အသုံးဝင်ပါတယ်။ ငှက်ပျောခွံတွေ မြန်မြန်ပြိုကွဲလွယ်ဖို့ အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး ပင်ခြေအောက်က မြေကြီးထဲကို ထည့်လိုက်ပါ။ ငှက်ပျောခွံက အပင်ကို ကြီးထွားစေဖို့ အကျိုးပြုပါတယ်။

၂။ ယင်ကောင်ထောင်ချောက်

သင့်အိမ်မှာ အင်းဆက်ပိုးမွှားတွေကြောင့် စိတ်ညစ်နေရရင် ငှက်ပျောခွံကို သတိရလိုက်ပါ။

- ဘူးအဖုံးတစ်ခုပေါ်ကို အင်းဆက်ပိုးတွေ ဝင်နိုင်လောက်တဲ့ အရွယ်ပမာဏရအောင် အပေါက်ဖောက်ပါ။

- အဲဒီနောက်ဘူးထဲကို ငှက်ပျောခွံ အပိုင်းအစလေးတွေကို ထည့်ပါ။ ပန်းသီးရှလကာရည်ကိုလည်း ငှက်ပျောခွံတွေ မြုပ်သွားတဲ့အထိ ထည့်ပါ။

- အဲဒီနောက် ဘူးအဖုံးကို ပိတ်လိုက်ပါ။

ငှက်ပျောခွံနဲ့ ရှာလကာရည်ရဲ့အနံ့က အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်နိုင်ပါတယ်။

၃။ အပင်ကို ပျပိုးမတက်အောင် ကာကွယ်ပေးခြင်း

ငှက်ပျောခွံရဲ့အနံ့ကြောင့် ပျပိုးတွေ မလာနိုင်ပါဘူး။ ငှက်ပျောခွံကို အပိုင်းအစလေးတွေဖြစ်အောင်လုပ်ပြီး အပင်အနီးအနားမှာ ထားလိုက်ပါ။ ရက်အနည်းငယ်အကြာမှာ အပင်ပေါ်က ပျပိုးတွေ ကင်းစင်သွားတာကို တွေ့ရမှာပါ။

၄။ အိမ်တွင်းစိုက်အပင်လေးတွေကို အရောင်တင်ပေးခြင်း

အိမ်တွင်းစိုက်အပင်လေးတွေ အရောင်မှိန်ပြီး မလှမပဖြစ်နေမှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ အိမ်တွင်းစိုက်အပင်ရဲ့ အရွက်တွေပေါ်ကို ငှက်ပျောခွံနဲ့ ပွတ်တိုက်လိုက်ပါ။

အရွက်တွေပေါ်က ဖုန်တွေ ကင်းစင်ပြီး နဂိုထက် အရောင်တောက်ပလာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments