ထောပတ်သီးကို ခွဲပြီးနောက် ညိုမသွားအောင် ပြုလုပ်နိုင်မယ့်လျှို့ဝှက်ချက်များ

ထောပတ်သီးက လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် လတ်ဆတ်တဲ့ ထောပတ်သီးတောင် ခွဲထားပြီးရင် အစိမ်းရောင်ကနေ အညိုရောင်ကို လျင်လျင်မြန်မြန် ပြောင်းသွားတတ်ပါတယ်။ လေထဲက အောက်ဆီဂျင်နဲ့ထိတွေ့ပြီးနောက်မှာတော့ ထောပတ်သီးက အရောင်ပြောင်းသွားတတ်ပါတယ်။

အဲဒါကြောင့် ထောပတ်သီးကို ခွဲပြီးနောက် အညိုရောင် မပြောင်းသွားအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

နည်းလမ်း ၁

- သံပုရာသီးတစ်လုံးကို ခြမ်းပြီး ထောပတ်သီးပေါ်မှာ ညှစ်လိုက်ပါ။

- ပြီးရင်ထောပတ်သီးကို ပလက်စတစ်နဲ့ပတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။

နည်းလမ်း ၂

- ဘူးတစ်ခုထဲကို ရေပြည့်လောက်တဲ့အထိ ထည့်ပါ။

- လှီးထားတဲ့ ထောပတ်သီးကို ရေထဲကို မှောက်ရက် ထည့်လိုက်ပါ။

- ဘူးကို အဖုံးဖုံးပြီး ရေခဲသေတ္ထာထဲမှာ ထားလိုက်ပါ။ အဲဒီအခါ ထောပတ်သီးက ၂ ရက်ကြာ လတ်ဆတ်နေနိုင်ပါတယ်။

နည်းလမ်း ၃

- ရေခဲသေတ္ထာထဲမှာ ထောပတ်သီးကို သိမ်းတဲ့အခါ မှောက်ပြီးတော့သိမ်းပါ။ အဲဒီအခါ အောက်ဆီဂျင်နဲ့ ထိတွေ့မှုနည်းပြီး အညိုရောင် မပြောင်းသွားတော့ပါဘူး။

နည်းလမ်း ၄

- ကြက်သွန်နီကို အမျှင်လေးတွေဖြစ်အောင်လှီးပြီး ဘူးတစ်ခုထဲမှာ ထည့်ပါ။

- ပြီးရင် ထောပတ်သီးကို ထည့်လိုက်ပါ။ အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါပြီ။

နည်းလမ်း ၅

- ထောပတ်သီးအသားတွေကို ညိုမသွားအောင်လို့ သံလွင်ဆီ သုတ်လိမ်းပေးပါ။ ဒါမှမဟုတ် အရသာမရှိတဲ့ အခြားဆီတွေကိုလည်း အသုံးပြုလို့ရပါတယ်။ အဲဒီနောက် ထောပတ်သီးကို ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။

Zombie (lovemedia)

Post a Comment

0 Comments