မွေးလာမယ့်ကလေးရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိစေတဲ့ အရာ (၈) ခု

မျိုးရိုးဗီဇကပဲ ကလေးရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ရဲ့နေထိုင်စားသောက်ပုံတွေကလည်း မွေးလာမယ့်ကလေးရဲ့ ကျန်းမာရေးကို သက်‌ရောက်မှု ရှိစေပါတယ်။ အဲဒါကြောင့် ဘယ်လိုအရာတွေက ကလေးရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိစေလဲဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ရာသီဥတု

နွေရာသီမှာ မွေးဖွားတဲ့ကလေးတွေက ဆောင်းရာသီမှာ မွေးဖွားတဲ့ကလေးတွေထက် အရွယ်ရောက်တဲ့အခါ ပိုပြီးအရည်ရှည်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆောင်းရာသီမှာ မွေးဖွားတဲ့ကလေးတွေနဲ့ နွေရာသီမှာမွေးဖွားတဲ့ ကလေးတွေဟာ ပင်ကိုစရိုက်ချင်း ခြားနားတာကိုလည်း လေ့လာချက်တွေအရ သိနိုင်ပါတယ်။

သန္ဓေသားကျန်းမာရေးအတွက် နေရောင်ခြည်ကနေ ရတဲ့ ဗီတာမင်ဒီကလည်း အရေးပါပါတယ်။

၂။ သကြားစားသုံးမှု

ကိုယ်ဝန်ဆောင်မိခင်က သကြားစားသုံးမှု များတဲ့အခါ သန္ဓေသားရဲ့ကျန်းမာရေးကို ထိခိုက်စေမှာပါ။ မွေးလာတဲ့ကလေးရဲ့ခန္ဓာကိုယ်မှာ သကြားဓာတ်တွေကို အဆီအဖြစ်သိုလှောင်နိုင်တာကြောင့် ကလေးမှာလည်း အဝလွန်ရောဂါ ရစေနိုင်ပါတယ်။ ဒါ့အပြင် အသားဝါရောဂါကိုလည်း ဖြစ်စေမှာပါ။

၃။ နွားနို့

ကိုယ်ဝန်ဆောင်စဉ်မှာ နွားနို့သောက်ရင် ကလေးရဲ့အသားဖြူတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီအချက်ကို သိပ္ပံနည်းကျ သက်သေပြထားတာ မရှိသေးပါဘူး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင် နွားနို့သောက်သုံးတာနဲ့ ကလေးရဲ့ကိုယ်အလေးချိန်ကတော့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နွားနို့သောက်သုံးတာက ကလေးရဲ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ပိုကြီးထွားစေပါတယ်။

၄။ ကော်ဖီ

ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီကို ပုံမှန်ထက် ပိုမိုလျှော့သောက်ဖို့အတွက် ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ကဖိန်းဓာတ်က အာဟာရတွေကို စုပ်ယူတာကြောင့် သန္ဓေသားကြီးထွားမှုကို အကန့်အသတ်ဖြစ်စေပါတယ်။ အဲဒီကနေ ပေါင်မပြည့်တဲ့ ကလေးတွေကိုလည်း မွေးဖွားလာစေနိုင်ပါတယ်။

၅။ မြေပဲ

ကိုယ်ဝန်ဆောင်မိခင်က မြေပဲနဲ့ဓာတ်တည့်ပြီး မြေပဲကို စားပေးရင် မွေးလာတဲ့ကလေးအတွက် အများကြီး အကျိုးရှိစေပါတယ်။ မြေပဲကို စားပေးတာကြောင့် မွေးလာတဲ့ကလေးဟာ မြေပဲနဲ့ဓာတ်တည့်ပြီး အစာချေပြဿနာ၊ အသက်ရှူကြပ်တာ စတဲ့အဆင်မပြေမှုတွေကို လျောပါးသွားစေပါတယ်။

၆။ လေထု

ညစ်ညမ်းတဲ့လေထုက ကလေးရဲ့ကိုယ်အလေးချိန်ကို သက်ရောက်မှု ရှိစေပါတယ်။ လေထုညစ်ညမ်းမှုကို နေ့စဉ်ထိတွေ့နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ကလေးဟာ ကိုယ်အလေးချိန် နည်းပါးနေတတ်ပါတယ်။

လေထုတ်ညစ်ညမ်းတဲ့နေရာမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ကလေးအတွက် ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။

၇။ ပရိုတိန်းဓာတ်များသောအစားအစာများ

သန္ဓေသား ၁၄ ပတ် သို့မဟုတ် ၁၅ ပတ်ခန့်မှာ ဆံပင်လေးတွေ စတင်ပေါက်လာပါပြီ။ ပရိုတိန်းဓာတ်က မိခင်ရဲ့ဆံပင်အတွက်သာမက ကလေးရဲ့ဆံပင်အတွက်ပါ အကျိုးရှိစေပါတယ်။ ကြက်ဥတွေက ပရိုတိန်းဓာတ်များရုံသာမကပါဘူး။ သူ့မှာ ဘိုင်အိုတင်ပါဝင်တာကြောင့် ဆံချည်မျှင်လေးတွေအတွက်ပါ အကျိုးပြုပါတယ်။

၈။ အချင်းကြိုးဖြတ်ခြင်း

ကလေးကို မွေးဖွားပြီးနောက် အချင်းကြိုးဖြတ်တဲ့ အချိန်ကလည်း အရေးပါပါတယ်။ မွေးဖွားပြီး ၅ မိနစ်လောက်ကြာမှ အချင်းကြိုးဖြတ်ရင် ကလေးအတွက် သံဓာတ်ပိုမိုရရှိစေပြီး ဦးနှောက်ဖွံ့ဖြိုးမှု ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ အချို့ကလည်း အချင်းကြိုးကို မွေးမွေးပြီးချင်း ချက်ချင်းဖြတ်သင့်တယ်လို့ ယူဆကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments