ရယ်စရာကောင်းနေပေမယ့်လည်း နေ့စဉ်ဘဝမှာ တကယ်အသုံးဝင်နေတဲ့ နည်းလမ်း (၁၀) ခု

တစ်ခါတရံမှာ ပြဿနာတစ်ခုရဲ့ အဖြေကို မမျှော်လင့်ထားချိန်မှ စဉ်းစားမိတတ်ကြပါတယ်။ တချို့ခက်ခဲတဲ့အလုပ်ကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရမယ်လို့ ဘယ်သူမှမတွေးဖူးပါဘူး။

ဒါပေမယ့်လည်း တချို့ဆရာ့ဆရာကြီးတွေက သူများတွေထက်ထူးပြီး စဉ်းစားခဲ့မိကြပါတယ်။ ဘယ်လိုတွေလဲဆိုတာကို love media နဲ့ တူတူကြည့်လိုက်ရအောင်။

၁။ ညောင့်ဆူးတဲ့အခါ

ညောင့်ဆူးတဲ့အခါမှာ စူးပြီးနေရခက်ပါတယ်။ အပ်နဲ့ထွင်းဖို့ လုပ်ပေမယ့်လည်း အပ်မရှိတာနဲ့ ကြုံဖူးမှာပါ။ ဒီလိုဖြစ်လာရင်တော့ ညောင့်ဆူးတဲ့နေရာကို ကော်အနည်းငယ် သုတ်လိုက်ပါ။ ကော်ကခြောက်သွားတာနဲ့ ခွါလိုက်ပါ။ ဆူးနေတဲ့ညောင့် ကပ်ပါလာတာကို တွေ့ရပါလိမ့်မယ်။

၂။ ရုတ်တရက်ထလို့ ခေါင်းမူးရင်

ဒီလိုကတော့ လူတိုင်းဖြစ်ဖူးပါလိမ့်မယ်။ ရုတ်တရက် ထတဲ့အချိန် ခေါင်းမမူးချင်ရင်တော့ ဗိုက်ကို တင်းကျပ်နေအောင် လုပ်လိုက်ပါ။ အဲ့လိုဆိုရင် ခေါင်းမူးတာ သိသိသာသာကို လျှော့ချပေးပါလိမ့်မယ်။

၃။ အစွန်းအထင်းတွေ ဖြစ်သွားရင်

သင့်အဝတ်တွေပေါ်မှာ အစားအစာတွေ၊ ဆီတွေစွန်းထင်းသွားခဲ့ရင် ပန်းကန်ဆေးရည်နဲ့ ဖုံးအုပ်လိုက်ပါ။ အဝတ်လျှော်တဲ့အခါ အစွန်းအထင်းတွေ ထွက်လာပါလိမ့်မယ်။

၄။ လက်စွပ်ချွတ်မရရင်

လက်စွပ်က ဝတ်တဲ့အချိန်မှာ အဆင်ပြေပေမယ့် ပြန်ချွတ်တဲ့အခါမှာ ကျပ်နေတာကို ကြုံဖူးမှာပါ။ ဒီလိုဖြစ်လာခဲ့ရင် အားကုန်သုံး၊ အနာခံပြီး အားရပါးရ ဆွဲချွတ်မနေပါနဲ့။ မှန်ကြည်ဆေးလေး နည်းနည်းဖျန်းလိုက်ပါ။ အလွယ်တကူ ချွတ်လို့ရသွားပါလိမ့်မယ်။

၅။ မှန်တွေမှာ မြူခိုးရိုက်နေရင်

မုတ်ဆိတ်ရိတ်ခရင်မ်ကို မြူရှင်းတဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။ မြူတွေတက်နေတဲ့နေရာမှာ ခရင်မ်ကိုသုတ်လိုက်ပါ။ အခြောက်ခံပြီး ရေဆေးချလိုက်ပါ။ ရေချိုးခန်းကြည့်မှန်တွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဆိုင်ကယ်မှန်၊ ကားမှန်တွေမှာလည်း လုပ်လို့ရပါတယ်။

၆။ လက်မှာ ငရုတ်သီးအစပ်တွေ ပူတဲ့အခါ

ငရုတ်သီးတွေ လှီးပြီးတဲ့အခါ လက်က ပူစပ်စပ်နဲ့ကျန်နေခဲ့တတ်ပါတယ်။ ဒီလိုဖြစ်လာရင် လက်ကို ဟင်းသီးဟင်းရွက်ဆီ အနည်းငယ် သုတ်လိုက်ပါ။ လက်ကို ဆီနဲ့ပွတ်ပြီးရင် ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးပါ။ မပူမလောင်ပဲ နေရတာ အဆင်ပြေသွားပါလိမ့်မယ်။

၇။ ကြက်သွန်လှီးလို့ မျက်ရည်မကျချင်ရင်

ကြက်သွန်နီကို မလှီးခင် 10 မိနစ်လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ ဓာတ်တွေပြောင်းလဲသွားပြီး လှီးတဲ့အခါမှာ မျက်ရည်မကျတော့ပါဘူး။ ဒီအကြံဉာဏ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကလေးသိပ္ပံပြပွဲကနေ သိခဲ့ရတာဖြစ်ပြီး အဲဒီချိန်ကတည်းက ကြက်သွန်နီလှီးရင်မျက်ရည်ကို မကျရတော့ပါဘူး။

၈။ လက်ဝတ်ရတနာတွေ အရောင်မှိန်သွားရင်

လက်ဝတ်ရတနာတွေ အရောင်မှိန်သွားခဲ့ရင် ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးချလိုက်ပါ။ မဟုတ်လည်း လက်ဆေးဆပ်ပြာနဲ့ ဆေးလို့ရပါတယ်။ ဆေးရင်တော့ ဖန်ခွက်နဲ့ ကြွေခွက်ထဲမှာ ဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သတ္တုနှင့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုတွေ ဖြစ်နိုင်တာကြောင့်ပါ။

၉။ ရာသီဥတု အရမ်းပူလာတဲ့အခါ

အပူလွန်လာတဲ့အခါမှာ သင့်လက်ကောက်ဝတ်တွေကို ရေအေးနဲ့ ဆေးချပါ။ ဒါမှမဟုတ် ရေခဲတုံးတစ်ခုနဲ့ ပွတ်တိုက်ပေးပါ။ သိသိသာသာ အေးသွားတာကို သတိထားမိပါလိမ့်မယ်။ ဒီနည်းလမ်းက မီးပျက်တဲ့အချိန်မှာ အရမ်းအသုံးဝင်ပါတယ်။

၁၀။ အတန်းထဲမှာ အိပ်ငိုက်နေရင်

အတန်းထဲမှာ စာသင်ရင်း အိပ်ငိုက်တာပဲဖြစ်ဖြစ်၊ ရုံးမှာ အလုပ်လုပ်ရင်း အိပ်ချင်လာတာပဲဖြစ်ဖြစ် သင့်ခြေထောက်တစ်ဖက်ကို မြေပြင်က အနည်းငယ် မြှောက်ထားလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments