ဘယ်တော့မှ အတူတကွရောပြီး မသိမ်းထားသင့်တဲ့အသီးအနှံ (၉) မျိုး

ရေခဲသေတ္တာထဲမှာ အစားအစာတွေကို ကြာရှည်ခံဖို့အတွက် သိမ်းထားတတ်ကြပေမယ့် အချို့အသီးအနှံတွေကို အတူတကွ မသိမ်းထားသင့်ပါဘူး။ အချို့အသီးတွေက မှည့်စေတဲ့အီသိုင်လင်းဂတ်စ် ထုတ်လုပ်တာကြောင့် အတူတကွထားလိုက်ရင် အချိန်မတိုင်ခင် မှည့်သွားတတ်ကြပါတယ်။

ဒါ့အပြင် အခါးအသီးအနှံတွေကိုလည်း မြန်မြန်ပုပ်သိုးသွားစေပါတယ်။ အဲဒါကြောင့် ဘယ်လိုအသီးအနှံတွေကို ရောပြီးမထားသင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းသီးနဲ့ မုန်လာဥနီ

ပန်းသီးမှာ အီသိုင်လင်းအများကြီးပါဝင်တာကြောင့် အခြားသောအသီးတွေနဲ့ အတူတူရောမထားသင့်ပါဘူး။ အထူးသဖြင့် ပန်းသီးနားမှာ မုန်လာဥနီကို မထားသင့်ပါဘူး။ ပန်းသီးနဲ့ မုန်လာဥနီကို အတူတူရောထားလိုက်ရင် မုန်လာဥနီက ၂ ပတ်ကြာပြီးနောက်မှာ ခါးတဲ့အရသာ ဖြစ်ပေါ်လာပါတယ်။

၂။ သခွားသီးနဲ့ ခရမ်းချဉ်သီး

သခွားသီးက အီသိုင်လင်းနဲ့ မတည့်ပါဘူး။ ခရမ်းချဉ်သီးနဲ့ သခွားသီးကို အတူတူတွဲပြီး မသိမ်းတာက ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးနဲ့ သခွားသီးကို နီးနီးကပ်ကပ်ထားရင် သခွားသီးတွေက ပုံမှန်ထက်ပိုစောပြီး ဝါလာပါတယ်။

၃။ ကြက်သွန်နီနဲ့ အာလူး

ကြက်သွန်နီက ရေဓာတ်တွေကို လျင်လျင်မြန်မြန်စုပ်ယူပါတယ်။ အာလူးကတော့ အစိုဓာတ်တွေကို အများကြီးထုတ်လွှတ်ပါတယ်။ အဲဒါကြောင့် သူတို့နှစ်မျိုးကို အတူတူရောထားလို့အဆင်မပြေပါဘူး။

အတူတူရောထားပြီး အချိန်ကြာလာရင် အာလူးက အမြစ်တွေ ထွက်လာပြီး ကြက်သွန်နီကလည်း ကြက်သွန်မြိတ်လေးတွေ ထွက်လာပါတယ်။

၄။ ငှက်ပျောသီးနဲ့ ထောပတ်သီး

ထောပတ်သီးက အမှည့်လွန်နေပြီဆိုရင် ငှက်ပျောသီးနဲ့ ခပ်ဝေးဝေးမှာ ထားလိုက်ပါ။ ဒါပေမယ့် ထောပတ်သီးကို မြန်မြန်မှည့်ချင်ရင်တော့ ငှက်ပျောသီးနဲ့ ထောပတ်သီးကို စက္ကူအိတ်တစ်လုံးထဲမှာ ရောထားလိုက်ပါ။

၅။ မက်မွန်သီးနဲ့ ငှက်ပျောသီး

မှည့်နေတဲ့မက်မွန်သီးကို ငှက်ပျောသီးနဲ့ ခပ်ဝေးဝေးမှာ ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးက အီသိုင်လင်းထုတ်လုပ်တာကြောင့် မက်မွန်သီးကို ပုံမှန်ထက်စောပြီး မှည့်စေလို့ပါ။ ငှက်ပျောသီးက ပိုမှည့်လေ အီသိုင်လင်းဂတ်စ်ပိုပြီး ထုတ်လုပ်လေပါပဲ။

၆။ ခရမ်းသီးနဲ့ ဖရဲသီး

ဖရဲသီးနဲ့ ခရမ်းသီး ရောထားလိုက်ရင် ခရမ်းသီးက ပုပ်သွားတတ်ပါတယ်။ အဲဒါကြောင့် သူတို့နှစ်မျိုးကို ခွဲခြားပြီးတော့ ထားသင့်ပါတယ်။ ဒါပေမယ့ ခရမ်းသီးကို ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်လည်း အခြားအသီးတွေနဲ့ ခပ်ဝေးဝေးမှာ ထားတာ ပိုကောင်းပါတယ်။

၇။ စပျစ်သီးနဲ့ သရက်သီး

စပျစ်သီးက နူးညံ့ပြီး အထိမခံပါဘူး။ စပျစ်သီးအနားမှာ အခြားအသီးအနှံတွေ ထားလိုက်ရင်တောင် မြန်မြန်မှည့်သွားတတ်ပါတယ်။ သရက်သီးကတော့ အီသိုင်လင်းဂတ်စ်တွေ ခပ်များများထုတ်လုပ်တာကြောင့် စပျစ်သီးတွေကို ပိုပြီး အမှည့်မြန်စေပါတယ်။

၈။ ဘလူးဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီး

ဘလူးဘယ်ရီသီးက အီသိုင်လင်းထုတ်လွှတ်ပြီး စတော်ဘယ်ရီသီးကတော့ အီသိုင်လင်း မထုတ်လွှတ်ပါဘူး။ သူတို့နှစ်မျိုးကို အတူတူရောထားလိုက်ရင် စတော်ဘယ်ရီသီးတွေက စောစောမှည့်ပြီး ပုပ်သွားတတ်ပါတယ်။

၉။ မက်မွန်သီးနဲ့ ဂေါ်ဖီထုပ်

မက်မွန်သီးမှာ အခြားအသီးတွေကို မှည့်သွားစေတဲ့အစွမ်းရှိပါတယ်။ အဲဒါကြောင့် ဂေါ်ဖီထုပ်နဲ့ မက်မွန်သီးကို အတူတူရောထားလိုက်ရင် ဂေါ်ဖီထုပ်က လျင်လျင်မြန်မြန်ပုပ်သွားတတ်ပါတယ်။ ဂေါ်ဖီထုပ်ကို ပလက်စတစ်အိတ်နဲ့ထုပ်ပြီး ရေခဲသေတ္တာထဲမှာထားရင် ၂ ပတ်လောက်အထိ အထားခံပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments