သားသမီး ၃ မျိုး

အကြွေး လာဆပ်တဲ့ သားသမီးနဲ့ အကြွေး လာတောင်းတဲ့ သားသမီး ဆိုပြီး သားသမီး နှစ်မျိုး ရှိပါတယ်။

အကြွေး လာဆပ်တဲ့ သားသမီး ကတော့ သူတတ်တဲ့ ပညာတွေနဲ့ မိဘတွေကို ပညာ တတ်ရင်လည်း ပညာနဲ့ ပညာ မတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကြွေး ပြုစုမယ့် သားသမီးမျိုး ပေါ့။

အကြွေး လာတောင်းတဲ့ သားသမီး ကတော့ မိဘ စိတ်ဆင်းရဲအောင် လုပ်မယ် ဂျီတိုက်မယ်၊ မသေခင် အမွေ တောင်းမယ် စတဲ့ စိတ်ဆင်းရဲအောင် လုပ်မယ်၊ အရှက် ပေးမယ်၊ အန္တရာယ် ပေးမယ့် သားသမီးမျိုး ပေါ့။

ဘုရားဟော စကားတော် အရ ကတော့ (၁) အတိဇာတသား (၂) အနုဇာတသား (၃) အဝဇာတသား ဆိုပြီး သားသမီး သုံးမျိုး ရှိတာပေါ့။

(၁) အတိဇာတသား ဆိုတာက မိဘထက် အလွန်၊ ကိုယ်ကျင့်သိက္ခာက အစ သာသွားတာ။ ဥပမာ ဘုန်းကြီး ရဟန်း အဖြစ်နဲ့ မိဘကို လုပ်ကျွေး ပြုစုတဲ့ သားမျိုး။ သားကောင်း သားမြတ်မျိုး ပေါ့။

(၂) အနုဇာတသား ဆိုတာက မိဘနဲ့ ကိုယ်ကျင့် သိက္ခာတူ၊ မိဘကို လုပ်ကျွေး ပြုစု ကျွေးမွေး စောင့်ရှောက်တဲ့ သားသမီး မျိုးပေါ့။ အဲ့ဒီ ၂ နှစ်မျိုး က သားကောင်း သမီးကောင်းတွေ ပေါ့။ အထက်မှာ ပြောထားသလို အကြွေး ဆပ်မယ့် သားသမီးမျိုး ပေါ့။

(၃) အဝဇာတသား ကတော့ မိဘထက် ယုတ်ညံတဲ့ သာသမီးမျိုး၊ အကြွေးတောင်း လာတဲ့ သားမျိုးပေါ့။ မိဘကို ဒုက္ခ ပေးဖို့ သက်သက် ဖြစ်လာတဲ့ သားမျိုး။ မွေးလာ လို့သာ ချစ်မြတ်နိုးရ ပေမယ့် ဒီသားသမီးမျိုး ကိုတော့ ဘယ်မိဘမှ မလိုလားတဲ့ သားသမီးမျိုး ပေါ့။

ဒီသားသမီးမျိုးကျ အထက်မှာ ပြောထား သလို အကြွေး လာတောင်းတဲ့ သားသမီးမျိုး ပေါ့။ ဒါပေမယ့် မိဘ ဆိုတာက ဘယ် သားသမီးကို မဆို ဆိုးရင်လည်း ဂရုဏာနဲ့ ချစ်တာ ပါပဲ။

ကောင်းတဲ့ သားသမီး ကိုလည်း လိမ္မာလို့ ချစ်ရတာ ပါပဲ။ ခွဲခြားတာ မျိုးတော့ မရှိဘူးပေါ့။ တကယ် လိုလားတာက (၁) အတိဇာတ သားသမီးမျိုးသာ မိဘတိုင်း လိုလား ကြပါတယ်။

ဒါကြောင့် မို့လို့ သားသမီးတွေ အနေနဲ့ အတိဇာတ သားသမီးမျိုးထိ မဖြစ်နိုင်တောင် အနုဇာတ သားသမီး လောက်တော့ ဖြစ်အောင် မိဘကို ကျွေးမွေး စောင့်ရှောက် နိုင်တဲ့ သားသမီးများ ဖြစ်အောင် ကြိုးစား နိုင်ကြ ပါစေ။

သားသမီးကောင်းများ ဖြစ်လို့ မိဘကို အသက်ပေးလို့ ကာကွယ် နိုင်ပါစေ။ Dar Li

Post a Comment

0 Comments