တစ်နေ့ကို ၃ စက္ကန့်လောက်အချိန်ပေးရုံနဲ့ ပိုမိုကြံ့ခိုင်လာနိုင်မယ့်နည်းလမ်းများ

ဒီလိုနွေရာသီမျိုးမှာ လေ့ကျင့်ခန်းလုပ်ရတာက အရမ်းကိုပင်ပန်းပါတယ်။ ချွေးတွေပိုထွက်တဲ့အပြင် လိုတာထက်လည်း အားပိုကုန်စေပါတယ်။ ဒါကြောင့် အချိန်တွေအများကြီး ပေးစရာမလိုပဲ ကျန်းမာကြံ့ခိုင်လာမယ့် နည်းလမ်းတွေကို love media ကနေ ပြောပြပေးပါမယ်နော်။

လေ့လာမှုတစ်ခုအရ ၃ စက္ကန့်စာလေ့ကျင့်ခန်းက ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်။

တက္ကသိုလ် ကျောင်းသား ၃၉ ဦးကို တစ်ပတ်မှာ ၅ ရက်၊ အချိန် ၃ စက္ကန့်ကြွက်သား လေ့ကျင့်ခန်းလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ စမ်းသပ်မှုမှာ အုပ်စု ၃ ခုခွဲထားခဲ့ပါတယ်။ ပထမတစ်ခုက eccentric bicep curl လို့ခေါ်ပြီး ပခုံးကနေ ကိုယ်အလေးချိန်ကို လျှော့ချတဲ့ လေ့ကျင့်ခန်းမျိုးပါ။

ဒုတိယအုပ်စုမှာတော့ ကိုယ်အလေးချိန်ကို ပခုံးတွေအထိ မြှောက်ပေးတဲ့isometric bicep curl လို့ခေါ်တဲ့ လေ့ကျင့်ခန်းပုံစံတစ်မျိုးကို လုပ်ခိုင်းခဲ့ပါတယ်။ တတိယအုပ်စုကိုတော့ ဘာမှမလုပ်ပဲ အေးအေးဆေးဆေးနေခိုင်းပြီး ထိန်းခိုင်းခဲ့ပါတယ်။

ရလဒ်တွေက ဘယ်လိုတွေဖြစ်မလဲ

Eccentric bicep curl ကို လုပ်တဲ့သူတွေရဲ့ ခွန်အားက 12% တိုးလာပါတယ်။ Isometric curl လုပ်တဲ့ ဒုတိယအုပ်စုကတော့ သိသိသာသာ တိုးတက်လာပြီး ဘာမှမလုပ်တဲ့အုပ်စုကတော့ ဘာမှမပြောင်းလဲသွားပါဘူး။ ဒါပေမယ့် ဒီ ၃ စက္ကန့်လေ့ကျင့်ခန်းအတွက် သင့်ရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို မဖျက်လိုက်ပါနဲ့။

ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ အစားထိုးစရာမလိုပါဘူး။

လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို ဂရုစိုက်ဖို့နဲ့ကြွက်သားအခြေအနေတွေကို ပိုမိုကောင်းမွန်စေမယ့် အစိတ်အပိုင်းများစွာရှိကြောင်း လေ့ကျင့်ရေးဆရာတွေက သတိပေးကြပါတယ်။

ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရဖို့ ဖြတ်လမ်းနည်းရှိတယ်လို့ လူတချို့က ယူဆထားကြပါတယ်။ ၃ စက္ကန့် လေ့ကျင့်ခန်းက ခွန်အားကိုတိုးစေပါတယ်။ ဒါပေမယ့် ကြွက်သားတည်ဆောက်မှုအတွက် မပါဘူးလို့ လေ့လာမှုက ဖော်ပြထားပါတယ်။

အတွေ့အကြုံမရှိတဲ့ ဝိတ်မသူတွေက gym သမားဟောင်းတွေထက် ပိုမိုလျင်မြန်စွာ ခွန်အားရရှိလာတဲ့အခါမှာ newbie gains လို့ခေါ်တဲ့ အကျိုးဆက်ကို ခံစားရပါတယ်။

ယုံကြည်မှုပဲ လိုအပ်ပါတယ်။

ဒီလေ့ကျင့်ခန်းက ကြွက်သားတွေ အရမ်းကြီးမားလာပြီး အဖုအထစ်တွေနဲ့ဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဒီရှာဖွေတွေ့ရှိမှုက လူအချို့ကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ အကျိုးပြုနိုင်ပါတယ်။

ဥပမာ ကြွက်သားထုထည်နှင့် ကြံ့ခိုင်မှုကျဆင်းခြင်းဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဒီလေ့ကျင့်ခန်းက အချို့သောရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

အားကစားခန်းမဟာ အလွန်ကြောက်စရာကောင်းတဲ့ နေရာတစ်ခုလို့ ယုံကြည်နေသူအတွက် စိတ်ဓာတ်မြှင့်တင်ပေးခြင်းတစ်ခုအဖြစ်လည်း အသုံးဝင်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments