ကိုယ့်မယား သူများကို မပေးနဲ့

ကိုယ့်မယားကို သူများကို မပေးပါနဲ့ ဆိုတဲ့ ဒီစကားလေးက ထူးဆန်းသလို ရှိပြီး ရိုင်းသလိုလည်း ဖြစ်နေ မှာပါ။

အမှန်ကတော့ ကုသိုလ်ရေးတွေမှာ "မင်း လုပ်လိုက်ပါကွာ" ဆိုတဲ့ အမျိုးသား တွေကို သတိပေးတဲ့ စကားလေးပါ။

တချို့သော အမျိုးသားတွေက အိမ်ကို ဆွမ်းခံ ကြွလာရင် မိန်းမရေ ဒီမှာ ဆွမ်းခံ ကြွလာပြီ ဆိုပြီး စာဖတ် မပျက်၊ တီဗွီကြည့် မပျက်ကြ ပါဘူး။

ဥပုသ်ရက် တွေမှာ ဇနီးသည်က ဆရာတော်ကျောင်း သွားပေမယ့် သူတို့က အလုပ်တွေကို အကြောင်းပြပြီး မသွားတာ၊ မိတ်ဆွေတွေ စုပြီး ဝိုင်းဖွဲ့ နေတတ်တာက များပါတယ်။

တရားပွဲတို့၊ တရားစခန်း တို့ကို ကြည့်ရင် လူတထောင်မှာ အမျိုးသားက တရာ ပြည့်ဖို့ မလွယ်ပါဘူး။

တူညီသော သဒ္ဓါတရား၊ တူညီသော သီလ၊ တူညီသော စာဂ၊ တူညီသော ပညာ စတာတွေနဲ့ ပြည့်စုံမှသာ သံသရာမှာ မခွဲမခွာ နေကြရ မှာလို့

ဘုရားရှင်က သုသုမာရဂီရမြို့မှာ နေတဲ့ နကုလ မာတာနဲ့ နကုလပီတာ အဖိုးအဖွား ဇနီး မောင်နှံကို အကြောင်းပြုပြီး ဟောကြား ခဲ့ပါတယ်။

ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ် ဖြစ်ဖြစ် ပြုလုပ်သူ ကသာ ခံရ စံရ တာပါ။ ကုသိုလ်ရေးတွေ မှာ အတူ မလုပ်ပဲ၊ အတူ ကျေနပ် ဝမ်းမြောက်မှု မရှိပဲ မင်းလုပ်လိုက်ပါကွာ ဆိုရင်တော့ မိမိခံစား ရမှာ မဟုတ်တော့ ပါဘူး။

အဲဒီလိုနဲ့ မိန်းမဖြစ်သူက နတ်ပြည်ရောက်ပြီး နတ်သားကတော် သွားဖြစ်တော့ ကိုယ့်မယားက သူများမယား ဖြစ်သွားပြီပေါ့။

အဲဒါကြောင့် အိမ်ဦးနတ်တို့ရေ ဘာလုပ်လုပ် အတူတူ လုပ်ကြပါလို့ သတိပေး လိုက်ပါရစေ။ ကိုယ်ကျန်နေခဲ့ ရင်တော့ ကိုယ့်မယား သူများကို ပေးလိုက်ရလိမ့် မယ်နော်။ Thet Khaing Win

Zawgyi

ကိုယ့္မယား သူမ်ားမေပးႏွင့္

ကိုယ့္မယားကို သူမ်ားကို မေပးပါနဲ႔ ဆိုတဲ့ ဒီစကားေလးက ထူးဆန္းသလို ရွိၿပီး ႐ိုင္းသလိုလည္း ျဖစ္ေန မွာပါ။ အမွန္ကေတာ့ ကုသိုလ္ေရးေတြမွာ "မင္း လုပ္လိုက္ပါကြာ" ဆိုတဲ့ အမ်ိဳးသား ေတြကို သတိေပးတဲ့ စကားေလးပါ။

တခ်ိဳ႕ေသာ အမ်ိဳးသားေတြက အိမ္ကို ဆြမ္းခံ ႂကြလာရင္ မိန္းမေရ ဒီမွာ ဆြမ္းခံ ႂကြလာၿပီ ဆိုၿပီး စာဖတ္ မပ်က္၊ တီဗြီၾကည့္ မပ်က္ၾက ပါဘူး။

ဥပုသ္ရက္ ေတြမွာ ဇနီးသည္က ဆရာေတာ္ေက်ာင္း သြားေပမယ့္ သူတို႔က အလုပ္ေတြကို အေၾကာင္းျပၿပီး မသြားတာ၊ မိတ္ေဆြေတြ စုၿပီး ဝိုင္းဖြဲ႕ ေနတတ္တာက မ်ားပါတယ္။ တရားပြဲတို႔၊ တရားစခန္း တို႔ကို ၾကည့္ရင္ လူတေထာင္မွာ အမ်ိဳးသားက တရာ ျပည့္ဖို႔ မလြယ္ပါဘူး။

တူညီေသာ သဒၶါတရား၊ တူညီေသာ သီလ၊ တူညီေသာ စာဂ၊ တူညီေသာ ပညာ စတာေတြနဲ႔ ျပည့္စုံမွသာ သံသရာမွာ မခြဲမခြာ ေနၾကရ မွာလို႔ ဘုရားရွင္က သုသုမာရဂီရၿမိဳ႕မွာ ေနတဲ့ နကုလ မာတာနဲ႔ နကုလပီတာ အဖိုးအဖြား ဇနီး ေမာင္ႏွံကို အေၾကာင္းျပဳၿပီး ေဟာၾကား ခဲ့ပါတယ္။

ကုသိုလ္ျဖစ္ျဖစ္၊ အကုသိုလ္ ျဖစ္ျဖစ္ ျပဳလုပ္သူ ကသာ ခံရ စံရ တာပါ။ ကုသိုလ္ေရးေတြ မွာ အတူ မလုပ္ပဲ၊ အတူ ေက်နပ္ ဝမ္းေျမာက္မႈ မရွိပဲ မင္းလုပ္လိုက္ပါကြာ ဆိုရင္ေတာ့ မိမိခံစား ရမွာ မဟုတ္ေတာ့ ပါဘူး။

အဲဒီလိုနဲ႔ မိန္းမျဖစ္သူက နတ္ျပည္ေရာက္ၿပီး နတ္သားကေတာ္ သြားျဖစ္ေတာ့ ကိုယ့္မယားက သူမ်ားမယား ျဖစ္သြားၿပီေပါ့။ ဒါေၾကာင့္ အိမ္ဦးနတ္တို႔ေရ ဘာလုပ္လုပ္ အတူတူ လုပ္ၾကပါလို႔ သတိေပး လိုက္ပါရေစ။ ကိုယ္က်န္ေနခဲ့ ရင္ေတာ့ ကိုယ့္မယား သူမ်ားကို ေပးလိုက္ရလိမ့္ မယ္ေနာ္။ Thet Khaing Win

Post a Comment

0 Comments