ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ပုံသွင်းပါ

တခါက သစ်ခုတ်သမား ၄ ယောက်ဟာ သစ်ပင် တပင်စီကို ခုတ်လှဲပြီး သစ်သားပုံး တခုစီ လုပ်နေ ကြပါတယ်။

ပထမ သစ်ခုတ်သမားက မစင် ထည့်တဲ့ပုံး လုပ်လိုက်တဲ့ အတွက် မစင်ပုံးလို့ ခေါ်တယ်။ လူတွေရဲ့ နောက်မှာ အမြဲတမ်း ပုန်းနေရတယ်။

ဒုတိယ သစ်ခုတ်သမားက ရေထည့်ပုံး လုပ်လိုက်တဲ့ အတွက် ရေပုံး လို့ ခေါ်တယ်။ လူတွေ အသုံးပြု ကြတယ်။

တတိယ သစ်ခုတ်သမားက အရက်ထည့်ပုံး လုပ်လိုက်တဲ့ အတွက် အရက်ပုံး လို့ ခေါ်တယ်။ လူတွေ နှစ်သက် ကြတယ်။

စတုတ္ထ သစ်ခုတ်သမားက ရွှေတုံးတွေ ထည့်ပြီး အသုံးပြု လိုက်တဲ့ အတွက် ရွှေပုံး လို့ ခေါ်တယ်။ လူတွေ တန်ဖိုးထား ကြတယ်။

ပုံးအားလုံးက အတူတူပါပဲ။ ထည့်တဲ့ ပစ္စည်း မတူတာနဲ့ အခေါ်အဝေါ် တန်ဖိုး ထားတာခြင်း မတူကြ တော့ဘူး။

လူတိုင်း ကတော့ အတူတူပဲ။ ဒါပေမယ့် ကိုယ့်ဦးနှောက်မှာ ဘာတွေးလဲ၊ ကိုယ့်စိတ်ကို ဘယ်လို ထားမလဲ ဆိုတဲ့ အပေါ် မူတည်ပြီး

ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေက ကိုယ့်ကို ဘယ်လို ခေါ်ဝေါ်မလဲ၊ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို ဘယ်လို တန်ဖိုး ထားမလဲ ဒီလိုပဲ ကွဲပြားသွား ကြပါတယ်။

အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ဖို့ ဆိုတာ တပါးသူရဲ့ အကူအညီ၊ ဆရာကောင်းရဲ့ ညွှန်ကြားမှု၊ မိတ်ဆွေရဲ့ နားလည်မှု၊ မိသားစုရဲ့ အားပေးမှု၊ မသမာတဲ့ လူတွေရဲ့ ထိုးနှက်မှု အဲဒါတွေ မပါဘဲ ဘယ်တော့မှ မရောက်နိုင် ပါဘူး။

လူ့ဘဝဟာ ရခဲသလို လုပ်ရခဲ ပါတယ်။ မှန်မှန် ကန်ကန် လျှောက်လှမ်းရင်း အလှမ်းတိုင်း အလှမ်းတိုင်းကို ချစ်တတ်၊ မြတ်နိုးတတ်ဖို့ လိုပါတယ်။ Thi Ha

Zawgyi

ကိုယ့္တန္ဖိုးကို ကိုယ္တိုင္ ပုံသြင္းပါ

တခါက သစ္ခုတ္သမား ၄ ေယာက္ဟာ သစ္ပင္ တပင္စီကို ခုတ္လွဲၿပီး သစ္သားပုံး တခုစီ လုပ္ေန ၾကပါတယ္။ ပထမ သစ္ခုတ္သမားက မစင္ ထည့္တဲ့ပုံး လုပ္လိုက္တဲ့ အတြက္ မစင္ပုံးလို႔ ေခၚတယ္။ လူေတြရဲ႕ ေနာက္မွာ အၿမဲတမ္း ပုန္းေနရတယ္။

ဒုတိယ သစ္ခုတ္သမားက ေရထည့္ပုံး လုပ္လိုက္တဲ့ အတြက္ ေရပုံး လို႔ ေခၚတယ္။ လူေတြ အသုံးျပဳ ၾကတယ္။ တတိယ သစ္ခုတ္သမားက အရက္ထည့္ပုံး လုပ္လိုက္တဲ့ အတြက္ အရက္ပုံး လို႔ ေခၚတယ္။ လူေတြ ႏွစ္သက္ ၾကတယ္။

စတုတၳ သစ္ခုတ္သမားက ေ႐ႊတုံးေတြ ထည့္ၿပီး အသုံးျပဳ လိုက္တဲ့ အတြက္ ေ႐ႊပုံး လို႔ ေခၚတယ္။ လူေတြ တန္ဖိုးထား ၾကတယ္။ ပုံးအားလုံးက အတူတူပါပဲ။ ထည့္တဲ့ ပစၥည္း မတူတာနဲ႔ အေခၚအေဝၚ တန္ဖိုး ထားတာျခင္း မတူၾက ေတာ့ဘူး။

လူတိုင္း ကေတာ့ အတူတူပဲ။ ဒါေပမယ့္ ကိုယ့္ဦးေႏွာက္မွာ ဘာေတြးလဲ၊ ကိုယ့္စိတ္ကို ဘယ္လို ထားမလဲ ဆိုတဲ့ အေပၚ မူတည္ၿပီး ကိုယ့္ပတ္ဝန္းက်င္ရွိ လူေတြက ကိုယ့္ကို ဘယ္လို ေခၚေဝၚမလဲ၊ ကိုယ့္သူငယ္ခ်င္းေတြက ကိုယ့္ကို ဘယ္လို တန္ဖိုး ထားမလဲ ဒီလိုပဲ ကြဲျပားသြား ၾကပါတယ္။

ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ေရာက္ဖို႔ ဆိုတာ တပါးသူရဲ႕ အကူအညီ၊ ဆရာေကာင္းရဲ႕ ၫႊန္ၾကားမႈ၊ မိတ္ေဆြရဲ႕ နားလည္မႈ၊ မိသားစုရဲ႕ အားေပးမႈ၊ မသမာတဲ့ လူေတြရဲ႕ ထိုးႏွက္မႈ အဲဒါေတြ မပါဘဲ ဘယ္ေတာ့မွ မေရာက္ႏိုင္ ပါဘူး။ လူ႔ဘဝဟာ ရခဲသလို လုပ္ရခဲ ပါတယ္။ မွန္မွန္ ကန္ကန္ ေလွ်ာက္လွမ္းရင္း အလွမ္းတိုင္း အလွမ္းတိုင္းကို ခ်စ္တတ္၊ ျမတ္ႏိုးတတ္ဖို႔ လိုပါတယ္။ Thi Ha

Post a Comment

0 Comments