ကိုယ့်ဘဝ ကိုယ်လိုရာပုံသွင်းပါ

တနေ့မှာ ကောင်လေး တယောက်ဟာ ဓားကျိုးလေး နှစ်စကို ကိုင်ပြီး အဖိုးဖြစ်သူ ပန်းဘဲဆရာထံ ရောက်ခဲ့တယ်။ "အဖိုးရေ အဖိုး အဖိုးရေ အဖိုး" "ဟေ ဘာလဲကွ မင်းမှာလည်း အလန့်တကြားနဲ့ ဘာကိစ္စ ရှိလို့လဲကွ"

ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်စလေး ဝဲပြီး တခုခုကို ကြောက်ရွံ့နေသော အနေထားဖြင့် "ဟိုလေ အဖိုး မနေ့က သား ကျောက်တုံးကို ခုတ်ကစား နေရင်း ဓားမကြီးက ကျိုးသွားလို့ပါ အဖိုး။ အဖေက ပြောတယ် ဓားအသစ် မရရင် အိမ်ပြန် မလာနဲ့တဲ့ သားကို ကယ်ပါဦး အဖိုးရယ် ဓားမှ မရရင် သားအိမ် ပြန်မရဲလို့ပါ"

"မင်းကလည်းကွာ တတ်တတ်ဆန်းဆန်း ကျောက်တုံးကိုမှ ဓားနဲ့ ခုတ်ရတယ် လို့ကွာ" "ဟာ အဖိုးကလည်း သားပထမ အစမ်း ခုတ်ကြည့်ပြီး ပါပြီဗျ ဓားကမှ ဘာမှမဖြစ်တာ။ သားက ဒီဓားကို ယုံကြည်လို့ ကျောက်တုံးကို အပြတ်ခုတ်ဖို့ ဆုံးဖြတ်လိုက် မိတာပါ"

"ဟေ မင်းကလည်းကွာ မင်းဓားက ဘယ်လာက် ကောင်းနေလို့လဲဟ။ ဘယ်လောက်ထိ ကောင်းတဲ့ ဓား ဖြစ်နေပါစေ မာကျောတဲ့ အရာတခုကို ခုတ်ပါ များတော့ သူဘယ်ခံနိုင် ပါ့မလဲ။

ဒီမှာ ငါးမြေး မှတ်ထား၊ လောကကြီး ဟာလည်း အဲဒီ ဓားတလက်လို ပါဘဲ။ ကိုယ့်မှာ ပစ္စည်း ဥစ္စာ အဏာ ရှိတိုင်း သူတပါးကို ဘာပဲလုပ်လုပ် လုပ်လို့ ရတယ် ထင်ပြီး အရမ်း မလုပ်နဲ့။ သူတပါး အကြောင်း မသိခင်မှာ တခါနှစ်ခါ အသာရချင် ရပါလိမ့်မယ်။

အခါများလို့ အကြောင်း သိလာရင် ပေါင်းမိ ပေါင်းရာနဲ့ ပေါင်းပြီး မင်းဘဝကို ပြာကျသွားအောင် သူတို့တတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ ငါ့မြေး သတိထားပါ" "ဟုတ်ကဲ့ အဖိုး သားမှတ်ထားပါ့မယ်"

"အေးကွာ ကောင်းပါပြီး ကဲလာ ဖိုထဲ သွားရအောင် ငါ့မှာလည်း တယောက်တည်းမို့ သံမီးဖုတ်ဖို့ မီးမွှေးပြီး မင်း ဖိုဆွဲပေးရလိမ့်မယ်" "ဟာ အဖိုးကလည်း သားက မီးအပူမှ မခံနိုင်တာ မီးမဖုတ်ပဲ ဒီအတိုင်း ထုလို့ မရဘူးလား"

"တယ် ဒီကလေး နဲ့တော့ ခက်တော့တာဘဲ။ အပူမပေးဘဲ ဒီအတိုင်း ထုရင် မင်းဆီက လာတဲ့ ဓားနှစ်စ ငါ့ဆီ ရောက်မှ အစ တရာလောက် ဖြစ်သွားမှာပေါ့ကွ။ မှတ်ထား မြေးလေး။ ငါ့မြေးကို အဖိုးပြောစရာ တခု ကျန်သေးတယ်။

အပူဒဏ် မပေးဘဲ ဓားတလက်ကို လိုရာ ပုံသွင်း၍ မရတတ်သလို ဘာအပူပင် တခုမှ မရှိတဲ့ ဘဝတခု ကိုလည်း လိုရာ ပုံသွင်းဖို့ ခက်လှ ပါတယ်။ ဒါ့ကြောင့် မိဘနားနေ မိဘနား စားနေကြတဲ့ ငါ့မြေးတို့လို အရွယ်က အပူ မပေးထားတဲ့ ဓားနဲ့ တူတယ်။

အခုလို မင်းအဖေက မင်းကို အပူတတ်ပေးတာ မင်းကို ပုံသွင်းလိုက်တာနဲ့ တူတူပါဘဲ မြေးလေးရဲ့။ လောကမှာ ပူပင် ဒုက္ခတွေ များလာလေလေ ကိုယ့်ဘဝအတွက် အမြင်ကျယ်လေလေပါ။ အဲ့ဒီလို အမြင် ကျယ်လေလေ ကိုယ့်ဘဝအတွက် ကိုယ်လိုရာ ပုံသွင်းလို့ ရလေလေပါဘဲ မြေးလေး။

မိမိဘဝ မိမိဒုက္ခနဲ့ မိမိ ရင်မဆိုင်ခင် အချိန်ဟာ ဓားကောင်းတလက် ရရှိဖို့ ရိုက်နှက် ထုထောင်း ပုံသွင်းနေကြတဲ့ အဖိုးတို့လို ပန်းဘဲဆရာတွေ ရှိမှ ဖြစ်နိုင်သလို ငါ့မြေးတို့လို အရွယ်တွေ အတွက် သားကောင်းရတနာ တယောက် ဖြစ်ဖို့အတွက် ဟိန်းဟောက် ခြိမ်းခြောက် တတ်တဲ့ မိဘ ဆရာသမားကောင်းတွေ ရှိမှ ဖြစ်မယ် ငါ့မြေးရဲ့။ Crd and phoomyatchal

Post a Comment

0 Comments