အမျိုးသမီးတွေဟာ လိုအပ်တဲ့နေရာမှာ သုံးဖို့ မဟုတ်ပါဘူး

ယောက်ျား တယောက် သူ့အဝတ်သူ လျှော်နေတာ တွေ့ရင် လူတွေက "မိန်းမ ယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ ဘူးပေါ့" လို့ ပြောမယ်။

ယောက်ျား တယောက် ထမင်းဟင်း ချက်နေတာ မြင်ရင် လူတွေက "မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ ဘူးပေါ့" လို့ ပြောမယ်။

အသက် ၃၅ နှစ် အရွယ် ယောက်ျားတယောက် သူ့အတွင်းခံသူ မလျှော်တတ်၊ သူ့ကော်ဖီသူ ဖျော်ဖို့ ရေနွေးတောင် မတည်တတ်၊ သူ့အိပ်ယာ သူတောင် မပြင်တတ်၊ သူစားပြီးသား ပန်းကန်တောင် သူ့ဘာသာ မဆေးတတ်တဲ့ အခါ သူ့အမေက "မင်း အခြေကျဖို့ လိုပြီ၊ မင်းကို ဂရုစိုက် ပြုစုဖို့ မိန်းမ ယူတော့" လို့ပြောမယ်။

ဘယ်လို ဖြစ်တာလဲ။ ဒါတွေကို တခြား တဖက်က နားလည် ရရင် လူတွေရဲ့ စိတ်ထဲကနေ မသိမသာနဲ့ "မိန်းမယူတာ ဒီအလုပ်တွေ လုပ်ဖို့ ဖြစ်တယ်" လို့ ပြောသလို ဖြစ်နေတယ်။

သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့ အတွက်သာ မိန်းမ ယူကြပါလို့ ပြောနေသလို ဖြစ်နေတယ်။ (များသော အားဖြင့် မိန်းမ တွေဟာ သူတို့ချစ်တဲ့ ယောက်ျား၊ သူတို့ချစ်တဲ့ သားသမီး အတွက် ဒါတွေကို လုပ်ပေးချင် ပါတယ်)

ဒါပေမယ့် လူတွေက အဲဒီလို တွေပဲ မြင်နေ ပြောနေတဲ့ အခါ အဲဒီလို ယောက်ျားတွေဟာ "အိမ်ထောင်ဖက်" လိုတာလား၊ အိမ်ထောင်ဖက် အမည်ခံ "အိမ်ဖော်" ကို လိုတာလား လို့ ဝေခွဲမရ ဖြစ်လာတယ်။

မိန်းမတွေဟာ သူတို့ ရှိရင်းစွဲ အသက်ထက် ၃ ဆ ပိုပြီး ရုပ်ရင့်နေ ကြတာဟာ စိတ်ဖိစီးမှု များပြီး ပင်ပန်း ကြရ လို့ပါ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့ အချိန်မှာ မိန်းမက အိမ်အလုပ်တွေ မနားတမ်း လုပ်နေရမယ် ဆိုရင် ဖြစ်သင့် ပါ့မလား။

ယောက်ျားတွေ ကိုယ့်ပန်းကန် ကိုယ်ဆေးတာ မှားတယ် လို့ ဘယ်သူပြောလဲ။ ယောက်ျားတွေ ကိုယ့်အဝတ် ကိုယ်လျှော်တာ မှားတယ် လို့ ဘယ်သူ ပြောလဲ။ ယောက်ျားတွေ အိပ်ယာခင်း လဲတာ၊ စောင်ခေါက်တာ တွေက မှားတယ် လို့ကော ဘယ်သူ ပြောလဲ။

ကိုယ်လက်ထပ် ယူထားတဲ့ အမျိုးသမီး၊ ကိုယ်နဲ့ အတူ နေနေတဲ့ ချစ်သူကို ကူညီပေးဖို့ အတွက် ဘာတွေများ အများကြီး စဉ်းစားဦး မှာလဲ။ ကလေး တယောက်လို အပြုစု အယုယ ခံချင်ရင် အိမ်ထောင်ပြုဖို့ အစား သူများ မွေးစားတာ ခံလိုက်ဖို့သာသင့်ပါတယ်။

ဒါပေမယ့် ကိုယ်ချစ်လို့၊ တန်ဖိုးထားလို့၊ အတူတူ နေချင်လို့ ဒီအမျိုးသမီးနဲ့ အိမ်ထောင် ပြုချင်တယ် ဆိုရင်တော့ သူ့ကို ချစ်ပါ၊ သူ့ကို ကူညီပါ။

အမျိုးသမီးတွေဟာ အချစ် ခံရဖို့၊ အကြင်နာ ခံရဖို့၊ တန်ဖိုးထား စောင့်ရှောက် ခံရဖို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာမှာပဲ သုံးဖို့ မဟုတ်ပါဘူး။ အမျိုးသားတွေလဲ အတူတူပါပဲ။ နှစ်ဦး နှစ်ဖက် ညီညီမျှမျှ ချစ်ခင်၊ လေးစား၊ တန်ဖိုးထား၊ ကူညီပေးသင့်ပါတယ်။ Crd

Post a Comment

0 Comments