အစားအသောက်၊ သောက်သုံးတဲ့ဆေးဝါး၊ နေထိုင်မှုပုံစံ၊ ကျန်းမာရေးအခြေအနေ စတဲ့အကြောင်းအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ ဝမ်းချုပ်တာက သင့်ကို အလွန်နေရထိုင်ရခက်စေမှာပါ။ အဲဒါကြောင့် နောက်ထပ် ဝမ်းမချုပ်စေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။
၁။ ရေများများသောက်ပါ။
ဝမ်းမချုပ်စေဖို့အတွက်ဆိုရင် ရေများများသောက်ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ ၈ ခွက် သို့မဟုတ် ၂လီတာခန့်သောက်ပါ။ အဲဒီအခါ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
၂။ ကော်ဖီသောက်ပါ။
ကော်ဖီက ဝမ်းချုပ်သက်သာစေတဲ့ အိပ်တွင်းဆေးတစ်မျိုးပါ။ ကော်ဖီက ဝမ်းသွားစေဖို့အတွက် အစာချေစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ကော်ဖီက ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ပါပဲ။ အဲဒါကြောင့် ဝမ်းချုပ်တာကို မဖြစ်စေတော့ပါဘူး။ ဒါပေမယ့် အူမကြီးနဲ့ပတ်သက်တဲ့ ရောဂါရှိတယ်ဆိုရင်တော့ ကော်ဖီကို ရှောင်သင့်ပါတယ်။
၃။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားပါ။
ရေဓာတ်နဲ့ အမျှင်ဓာတ်များများပါဝင်တဲ့ အစားအစာတွေက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမချုပ်အောင် ကူညီပေးပါတယ်။ ဝမ်းချုပ်နေပြီလို့ ခံစားရရင် အုတ်ဂျုံမှုန့်၊ နှံစားအစားအစာများ၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ထောပတ်သီး စတဲ့အစားအစာတွေကို များများစားပေးပါ။
၄။ အုန်းဆီကို စားပေးပါ။
တစ်နေ့ကို အုန်းဆီ တစ်ဇွန်းကနေ နှစ်ဇွန်းခန့် စားပေးရင် အူထဲမှာ ချောဆီအဖြစ် အထောက်အကူ ပြုပေးနိုင်ပါတယ်။ အဲဒါကြောင့် ဝမ်းချုပ်တာကိုလည်း မဖြစ်တော့ပါဘူး။ ဒါမှမဟုတ် အရွက်သုတ်ထဲမှာ ဆီများများထည့်သုတ်ပြီး စားလို့လည်း ရပါတယ်။
၅။ ထိုင်တဲ့ပုံစံ
မကြာခဏဝမ်းချုပ်တတ်သူတွေက အိမ်သာတက်တဲ့အခါ ထိုင်ခုံတစ်ခုံပေါ်မှာ ခြေထောက်တင်ထားပါ။ အဲဒီပုံစံက ဝမ်းကို လွယ်လွယ်ကူကူ သွားစေဖို့ ကူညီပေးပါတယ်။
၆။ ဆီးသီးခြောက်စားပါ။
မကြာခဏ ဝမ်းချုပ်တတ်သူတွေအတွက် ဆီးသီးခြောက်က ရွေးချယ်သင့်တဲ့အရာပါ။ ဆီးသီးခြောက်ကို တစ်နေ့ကို ၅၀ ဂရမ်လောက်စားပေးနိုင်ပြီး ဖျော်ရည်အဖြစ် ဖျော်သောက်လို့လည်း ရပါတယ်။
၇။ လမ်းလျှောက်ပါ။
ပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားနည်းတွေက ဝမ်းဗိုက်နေရာက သွေးလည်ပတ်မှုတွေကို အားကောင်းစေပါတယ်။ အဲဒါကြောင့် ဝမ်းချုပ်တာကိုလည်း သက်သွားစေမှာပါ။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် တစ်နေ့ကို မိနစ် ၃၀ ခန့် အေရိုးဗစ် အားကစားနည်းတွေကို ပြုလုပ်ပေးပါ။
Zombie (lovemedia)
0 Comments