အိမ်ထောင် သက်တမ်း ရင့်လာတဲ့ ဇနီးမယား တယောက်ဟာ ကိုယ့်ရဲ့ ယောင်္ကျား အကြောင်းကို သူမွေးထားတဲ့ အမေထက် ပိုသိတယ်။
အကြည့်တချက် စကားတခွန်း ကိုယ်အမူအယာ အပြောင်းအလဲက အစ၊ ဘယ်ခြေကို လှမ်းပြီး ဘယ်ကမ်း ကပ်မလဲ ဆိုတာ ပါသိတယ်။
ပါးစပ်ဟ လိုက်တာနဲ့ အူ ဘယ်နှစ်ခွေတင် မကဘူး၊ ရင်ထဲက အသည်း နှလုံး ကျောက်ကပ် ထိပါ မြင်တာ။
စကားတွေ တောပြော တောင်ပြော ပြောချင်ရာပြော တလုံးချင်း မှတ်ပြီး ဘာသာတွေ ပြန်နေတဲ့ သူတွေ။ ရယ်စရာ ပြောပြော အတည်ပြောပြော ရင်ထဲ အကုန် သိမ်းပြီး အကန့်တွေ ခွဲထည့်နေကျ။
လိုအပ်လာရင် ဘယ်အချိန်က ဘယ်မှာ ဘယ်လို ပြောခဲ့တာ ဆိုတာက အစ အတိအကျ ပြန်ပြောနိုင်ကြ သူချည်းပဲ။
တခြားလူတွေကိုသာ အမှတ် မထားရင် နေမယ်၊ ကိုယ့်လင် ပြောတာ အကုန် အမှတ် ရတယ်။ မမှတ်မိဘူး ဆိုတာ အလကား။ မမှတ်မိချင် လို့သာ မမှတ်မိတာ။ မှတ်မိချင်တာ အကုန် မှတ်မိတဲ့ သူတွေ ချည်းပဲ။
ဟာ မိန်းမကလည်းကွာ မဟုတ်ပါဘူးကွာ၊ မလုပ်ပါဘူးကွာ ဆိုတာကို မျက်စိမှိတ် ယုံနေကြတာ မဟုတ်ဖူး။ တခါတလေ ပလစ်လို့ ရလို့ ပလစ် ပေးထားတာ။
တခါတလေကျ ငါ့ကို လိမ်နေတာ ဆိုတာ သိသိနဲ့ တမင် အလိမ်ခံ နေကြရတာ။ လိမ်စမ်း ကြိုက်သလောက် ဆိုပြီး တခါတလေ မျက်လုံးလေး မှေး လက်လေး ပိုက်ပြီး ခပ်မဲ့မဲ့ ပြုံးရင်း ကြည့်နေတတ် ကြသေးတာ။
ကိုယ့်ယောက်ျား ချောက်ထဲ လှမ်းသလား အပေါက်ထဲ လှမ်းသလား သိပ်သိတာပေါ့။ အေး၊ သိပ် စိတ်နာလာရင် အဲ့ချောက်တွေ အဲ့ အပေါက်တွေထဲ တွင်းဆုံး ကျအောင် ကူတွန်း ပေးချင် ပေးကြ အုံးမှာ။
ပြောချင်တာက ငါ့မိန်းမ မသိလောက်ပါဘူး လို့ ထင်မနေ ကြနဲ့ လို့။ သိတယ် သိတယ် အကုန် သိတယ်။ မသိချင်ယောင် ဆောင်တာနဲ့ မသိချင်လို့ ပလစ်ထားတာပဲ ရှိတယ် လို့။ Ma Natthamee
0 Comments