နားလည်ပေးနိုင်ခြင်း

တခါတုန်းက လူတယောက်ဟာ မျက်မမြင် သူငယ်ချင်း တယောက်ကို ထမင်း ဖိတ်ကျွေးတယ်။ ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်။ မျက်မမြင် သူငယ်ချင်းက မိုးအရမ်း ချုပ်နေပြီ ပြန်တော့မယ် လို့ ပြောတယ်။

ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တခု ပေးလိုက်တယ်။ မျက်မမြင် သူငယ်ချင်းက ဒေါသ အရမ်းထွက်သွားပြီး ပြောတယ်။

"ကျွန်တော်ဟာ မျက်မမြင် တယောက်လို့ သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တခုပေးတာ ကျွန်တော်ကို လှောင်နေတာလား"

အိမ်ရှင်က ပြန်ပြောတယ်။ "ကျွန်တော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ။ သင်က မမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ။ ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင် တော့ဘူးပေါ့"

မျက်မမြင်သူငယ်ချင်း သဘောပေါက် နားလည်သွားပါတယ်။ နားလည် သဘောပေါက်တာခြင်း မတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ မိတ်ဆွေတို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ဘယ်ကိစ္စမဆို မတူတဲ့ ရှုထောင့်ကနေ ကြည့်ရင် မတူတဲ့ အမြင် ရှိကြပါတယ်။

သင့်မှာ သမီးတယောက် ရှိရင် သားရှင်ဘက်က များများ တင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။ သင့်မှာ သားတယောက်ရှိရင် သမီးရှင်ဘက်က များများ မတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမ တယောက်ရှိရင် သူအိမ်မှုကိစ္စတွေ များတယ်၊ နားလည်မှု မရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။ သင့်မှာ သမီးတယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့အချိန် ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။ သင်အလုပ်သမား ဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာ ပြလွန်းတယ်လို့ ယူဆတယ်။ သင်သူဌေး ဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ် မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူ ဖြစ်တဲ့အချိန် ဈေးရောင်းသူက အမြတ်ကြီး စားလွန်းတယ်လို့ သတ်မှတ်တယ်။ သင်ဈေးရောင်းသူ ဖြစ်တဲ့အချိန် ဝယ်ယူသူက ဈေးဆစ်တတ် လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်း ကိုယ့်နေရာကနေ မကြည့်ပဲ တခြားသူ ဘက်ကနေလည်း ကြည့်ပေးပါ။ နေရာလဲပြီး တပါးသူအတွက်လည်း စဉ်းစားပေးဖို့ လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှု တမျိုးပါ။ တခြားသူရဲ့အခက်အခဲကို နားလည်ပေးနိုင်တာ ကြင်နာခြင်း တမျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ် တာဟာ သဘာထားကြီးခြင်း တမျိုးပါ။ Crd

Post a Comment

0 Comments