လျှာအရောင်ကနေ သိနိုင်မယ့် သင့်ရဲ့ကျန်းမာရေးအခြေအနေ

လူသားတွေရဲ့ လျှာက ကျန်းမာရေး အခြေအနေတွေကြောင့် အရောင်ပြောင်းသွားတတ်ပါတယ်။ အဲဒါကြောင့် လျှာအရောင်ကနေ ကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေးအကြောင်း ဘယ်လိုသိနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ပန်းရောင်

ကျန်းမာတဲ့လျှာက ပန်းရောင်ရှိပါတယ်။ ပန်းရောင်ပေါ်မှာ အဖြူရောင်လေးတွေ အနည်းငယ် ရှိနေရင်လည်း ပုံမှန်ပါပဲ။

အဖြူရောင်

လျှာက အဖြူရောင်ဖြစ်သွားရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

- ခံတွင်းမှာ ပိုးဝင်တဲ့အခါ လျှာက အဖြူရောင်ဖြစ်နေတတ်ပါတယ်။ အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

- Leukoplakia ရောဂါရှိတဲ့အခါ ခံတွင်းထဲမှာ ဆဲလ်တွေအရမ်းများလာပြီး လျှာက ဖြူလာပါတယ်။

အနီရောင်

ဗီတာမင်ဘီချို့တဲ့တဲ့အခါ၊ ကြက်သွေးရောင်အင်ပျဉ်ထတဲ့ အဖျားရောဂါဖြစ်တဲ့အခါ လျှာက အနီရောင်ပြောင်းသွားပါတယ်။ Glossitis လို့ခေါ်တဲ့ လျှာရောင်ရမ်းတဲ့အခါမှာလည်း လျှာက အနီရောင်ပါပဲ။

ခရမ်းရောင်

လျှာ ခရမ်းရောင်ဖြစ်တာကတော့ နှလုံးရောဂါနဲ့ သွေးလည်ပတ်မှု အားနည်းကြောင်း ဖော်ပြတာပါ။ သွေးကြောတွေ ရောင်ရမ်းတဲ့ Kawasaki ရောဂါက တွေ့ရခဲပြီး လျှာက ခရမ်းရောင် ဖြစ်သွားတတ်ပါတယ်။

အပြာရောင်

- ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်နည်းပါးတဲ့အခါ

- အဆုတ်မှာ အောက်ဆီဂျင်နည်းပါးတဲ့အခါ

- သွေးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့အခါ

- သွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့အခါ

- ကျောက်ကပ်ရောဂါရှိတဲ့အခါ

- နှင်းခူနာဖြစ်တဲ့အခါ

လျှာက အပြာရောင်ဖြစ်သွားပါတယ်။

အဝါရောင်

ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပွားနေတဲ့အခါ လျှာက အဝါရောင်ဖြစ်သွားပါတယ်။ တစ်ခါတရံ ခံတွင်းထဲမှာ သန့်ရှင်းမှုနည်းရင်လည်း ဖြစ်ပါတယ်။ လျှာအဝါရောင်ဖြစ်တာက ဆီးချိုရောဂါနဲ့ အသားဝါရောဂါတို့ရဲ့ လက္ခဏာပါ။

လိမ္မော်ရောင်

ခံတွင်းထဲမှာ သန့်ရှင်းမှု အားနည်းပြီး ခြောက်သွေ့ရင် လျှာက လိမ္မော်ရောင်ဖြစ်သွားပါတယ်။ Beta carotene ပါဝင်မှုများတဲ့အစားအစာတွေကို စားပြီးရင်လည်း လျှာက ခဏတာလောက် လိမ္မော်ရောင်ဖြစ်နေပါတယ်။

အစိမ်းရောင်

လျှာက အစိမ်းရောင်ဖြစ်ရတဲ့ အကြောင်းရင်းကတေ ဘက်တီးရီးယားတွေ စုဝေးနေလို့ပါ။

အညိုရောင်

ကော်ဖီသောက်သုံးများတဲ့သူတွေမှာ လျှာက အညိုရောင်ဖြစ်နေတတ်ပါတယ်။

မီးခိုးရောင်

အစာချေစနစ်မှာ ပြဿနာရှိတဲ့အခါ လျှာက မီးခိုးရောင်ဖြစ်သွားပါတယ်။

အနက်ရောင်

- ခံတွင်းမသန့်ရှင်းမှု

- ပဋိဇီဝဆေးတွေ သောက်သုံးမှု

- ဆေးရွက်ကြီးသုံးစွဲမှု

- ရေဒီယိုဓါတ်ရောင်ခြည်နဲ့ကုသမှု

- ကော်ဖီအလွန်သောက်သုံးမှု

စတဲ့အကြောင်းအရင်းတွေကြောင့် လျှာက အနက်ရောင် ဖြစ်သွားပါတယ်။

လျှာမှာအရောင်တွေ ပြောင်းသွားတာက အန္တရာယ်မရှိပါဘူး။ အရောင်များတဲ့ အစားအစာတွေ စားပြီးနောက်မှာ လျှာက အရောင်ပြောင်းပါတယ်။ ရက်အနည်းငယ်ကြာအောင် လျှာပေါ်မှာ အရောင်တွေ ကျန်နေသေးရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments