အိမ်သာထဲကို ဖုန်းယူသွားတဲ့အခါ ရလာမယ့်ဆိုးကျိုး (၆) ခု

ဗြိတိန်နိုင်ငံက စစ်တမ်းတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်ပတ်ကို ၃ နာရီခန့် အိမ်သာထဲမှာ အချိန်ကုန်ဆုံးတယ်လို့ သိနိုင်ပါတယ်။ အိမ်သာထဲမှာ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်သာ ကုန်ဆုံးသင့်ပြီး တစ်ပတ်ကို တစ်နာရီနဲ့ ၄၅ မိနစ်အချိန်ကုန်သင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။

အိမ်သာထဲမှာ အချိန်ကြာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဖုန်းကို ယူသွားလို့ပါ။ အိမ်သာထဲမှာ ဖုန်းယူသွားရင် ရရှိလာမယ့်ဆိုးကျိုးတွေက အများကြီးပါပဲ။

၁။ ဖုန်းမှာ ဘက်တီးရီးယားတွေ ပွားလာခြင်း

အိမ်သာထဲကို ဖုန်းယူသွားရင် ဘက်တီးရီးယားပိုးမွှားတွေက ဖုန်းမျက်နှာပြင်ကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ ကပ်နေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကနေတစ်ကြောင့် မျက်နှာအသားအရေနဲ့ အခြားကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။ အဲဒါကြောင့် အိမ်သာထဲကို ဖုန်းမယူသွားရင် အချိန်လည်း မကုန်တော့သလို ပိုးမွှားတွေလည်း မကပ်လာနိုင်တော့ပါဘူး။

၂။ လိပ်ခေါင်းနဲ့ အခြားရောဂါများ

အိမ်သာထဲမှာ တစ်မိနစ်ကနေ ၁၅ မိနစ်လောက် ထိုင်တာက ပုံမှန်ပါပဲလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ အိမ်သာထဲမှာ အချိန်ကုန်နေရင် စအိုမှာ ဖိအားတွေ ဖြစ်လာပါတယ်။ အဲဒီနောက်လိပ်ခေါင်းနဲ့ အခြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၃။ စိတ်မတည်ငြိမ်ခြင်း

ဖုန်းသုံးတဲ့အချိန်များလာရင် စိတ်ဖိစီးမှုတွေ များလာစေတဲ့အပြင် အခြားလုပ်စရာတွေကိုပါ လစ်ဟင်းစေပါတယ်။ အဲဒါကြောင့် အားလပ်တဲ့အချိန်တွေမှာ မိနစ်အနည်းငယ်တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ တရားထိုင်ဖို့ အဆင်မပြေဘူးဆိုရင် စာအုပ်ဖတ်တာက အာရုံစိုက်နိုင်စွမ်းကို ပိုတိုးတက်စေပါတယ်။

၄။ စိတ်ဖိစီးမှုပိုများလာခြင်း

ငြီးငွေ့တာတွေကိုဖျောက်ဖို့အတွက် ဖုန်းက ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းကို စွဲလမ်းသွားတဲ့အခါ ရုန်းထွက်ရခက်လာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ပိုပြီးထိခိုက်လာစေပါတယ်။

၅။ အချိန်ကုန်လာခြင်း

တစ်နေ့ကို ဖုန်းသုံးချိန်က မိနစ် ၉၀ အထက်ရှိမယ်ဆိုရင် အချိန်တွေကို စုလိုက်တဲ့အခါ ဘဝတစ်လျှောက်လုံးရဲ့ ၃.၉ နှစ်ကို အချိန်ဖြုန်းသလို ဖြစ်သွားမှာပါ။ ကုန်သွားတဲ့အချိန်တွေကြောင့် အလုပ်နဲ့ အခြားတိုးတက်ရာတိုးတက်ကြောင်းတွေ အများကြီး လစ်ဟင်းသွားမှာပါ။ ဒါ့အပြင် အိမ်သာထဲကို ဖုန်းယူသွားရင် တစ်နေ့ကို ဖုန်းအသုံးပြုချိန်က မိနစ် ၉၀ ထက် ကျော်လွန်သွားမှာပါ။

၆။ ဖုန်းကို စွဲလမ်းသွားခြင်း

ဖုန်းကို စွဲလမ်းသွားတဲ့ လက္ခဏာတွေထဲက တစ်ခုကတော့ ဖုန်းမပါဘဲ အိမ်ကနေ ထွက်ရမှာကို အရမ်းကြောက်ရွံ့တာပါ။ နောက်နှစ်ချက်ကတော့ ဖုန်းကနေ စာမပို့ရရင်၊ စာလက်မခံရရင် မနေနိုင်တာနဲ့ ဖုန်းမရှိရင် စိတ်ထဲမလုံခြုံသလို ဖြစ်နေတာပါ။

အဲဒါကြောင့် ဖုန်းကို နေရာတကာ ယူသွားတတ်တဲ့အကျင့်တွေက ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ဖုန်းကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေက အများကြီးရလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments