သကြားက လူတွေရဲ့နေ့စဉ် အစားအစာမှာ အမြဲပါဝင်လေ့ ရှိပါတယ်။ အဲဒါကြောင့် သကြားနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေလည်း အများကြီးပါပဲ။
၁။ သကြားကြောင့် သွားမှာ အခေါင်းပေါက်တွေဖြစ်တယ်။
ကာဗွန်ဟိုက်ဒရိတ်တွေက သွားမှာအခေါင်းပေါက်တွေ ဖြစ်စေတာပါ။ သကြားတစ်ခုတည်းကြောင့် သွားမှာ အခေါင်းပေါက်တွေ ဖြစ်တာမဟုတ်ပါဘူး။ Glucose နဲ့ fructose တို့ကြောင့် သွားမှာအခေါင်းပေါက်တွေ ဖြစ်လာပါတယ်။
၂။ သကြားက လူကို မစားရမနေနိုင်ဖြစ်စေတယ်။
သကြားဟာ စွဲလမ်းစေတဲ့ အစားအစာဖြစ်ကြောင်း သက်သေပြထားတဲ့အရာ မရှိသေးပါဘူး။ ဒါ့အပြင် သကြားဟာ စားသောက်မှုပုံစံကို ကစဉ့်ကလျားဖြစ်စေတယ် ဆိုတာလည်း သက်သေပြထားတာ မရှိသေးပါဘူး။
၃။ သကြားက အခြားအရာတွေက ကိုယ်အလေးချိန် တက်စေတယ်။
သကြားက ကိုယ်အလေးချိန် တက်စေတယ်ဆိုပြီး Diet plan တွေမှာ သကြားကို ဖြတ်လိုက်ဖို့ အကြံပေးကြပါတယ်။ သတ်မှတ်ချက်တွေအရက ကယ်လိုရီများတဲ့အစားအစာတွေကသာ ကိုယ်အလေးချိန်ကို တက်စေတာပါ။ သကြားထက် အချိုများတဲ့ အစားအစာတွေကသာ ဆီးချိုနဲ့ ကိုယ်အလေးချိန်ကို တက်စေတာပါ။
၄။ သကြားက ဆီးချိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်း
တကယ်တော့ ဆီးချိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ကိုယ်အလေးအချိန်များတာ၊ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ အဆီတွေ စုလာတာ စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။
၅။ သကြားက ကလေးတွေကို အလွန်တက်ကြွစေတယ်။
သကြားပါတဲ့ အစားအစာတွေ စားပြီးနောက် ကလေးတွေ အရင်ကထက် တက်ကြွလာတာ မဟုတ်ပါဘူး။ သကြားနဲ့ ကလေးတွေ တက်ကြွလာတာရဲ့ကြားမှာ တိုက်ရိုက်ဆက်စပ်နေတာ မရှိပါဘူး။ ကလေးအရွယ်မှာ အချိုကြိုက်စားရတာကို သဘောကျရုံပဲ ရှိပါတယ်။
၆။ သကြားက ကင်ဆာဆဲလ်တွေ ပွားလာအောင် လှုံ့ဆော်ပေးတယ်။
သကြားက ဒီတိုင်းဆိုရင်တော့ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်း မဟုတ်ပါဘူး။ ဒါပေမယ့် အများကြီးစားရင်တော့ အဝလွန်တာနဲ့ ကင်ဆာဖြစ်နိုင်ချေတွေကို ပိုများသွားစေပါတယ်။
၇။ သကြားအညိုက သကြားအဖြူထက် ပိုကောင်းတယ်။
သကြားအညိုကလည်း သကြားအဖြူလိုပဲ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ တစ်ခါတရံ သကြားအညိုကို မသန့်စင်ရသေးတဲ့သကြားနဲ့ လွဲမှားတတ်ကြပါတယ်။ မသန့်စင်ရသေးတဲ့သကြားမှာ အာဟာရတန်ဖိုးတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။
၈။ သကြားအစားထိုးပြုလုပ်ထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တယ်။
အစားအစာတွေရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ သကြားမပါဘူးလို့ ရေးထားတိုင်း ကျန်းမာရေးအတွက် မကောင်းတာ မဟုတ်ပါဘူး။ သကြားနေရာမှာ နို့ဆီကို အစားထိုးပြီး ပြုလုပ်ထားတယ်ဆိုရင် ကျန်းမာရေးနဲ့ ပိုလို့တောင် မညီညွတ်ပါဘူး။
၉။ ကာဗွန်ဟိုက်ဒရိတ်တွေအားလုံးက သကြားပဲဖြစ်တယ်။
ကာဗွန်ဟိုက်ဒရိတ်ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ သကြားရဲ့အချို့သော ပုံစံတွေကသာ ကာဗွန်ဟိုက်ဒရိတ်ပါ။
၁၀။ အချိုအစားအစာတွေမှာပဲ သကြားကို တွေ့နိုင်တယ်။
ချို့တဲ့အစားအစာတွေကို သကြားနဲ့ ပြုလုပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ တကယ်တော့ မမှန်ပါဘူး။ သဘာဝအစားအစာတွေဖြစ်တဲ့ ပျားရည်၊ နွားနို့၊ အသီးနဲ့ အခြားအစားအစာတွေမှာလည်း အချိုဓာတ်တွေ ပါဝင်ပါတယ်။
Zombie (lovemedia)
0 Comments