အသစ်က ပြန်စရမယ်
တခါတုန်းက စက်ရုံကြီး တရုံ မီး အကြီးအကျယ် လောင်တယ်။ အမေရိကန် ဒေါ်လာ (၂၃) သန်း ဆုံးရှုံး ခဲ့တယ်။
စက်ရုံ ပိုင်ရှင်က မတ်တပ်ရပ် ကြည့်နေ ခဲ့တယ်။ ဘေးမှာ သူ့သားက ရပ်နေတယ်။ စက်ရုံပိုင်ရှင်က သူ့သားကို ပြောတယ်။
"သား မင်းအမေကို သွားခေါ်။ ဒီလောက် တန်ဘိုး ကြီးတဲ့ မီး မင်းတို့ ဘဝမှာ တခါမှ တွေ့ရတော့မှာ မဟုတ်ဘူး"
သားဖြစ်သူက "အဖေရယ် သားတို့ စက်ရုံ မီးလောင် နေတာလေ"
အဲဒီ ပိုင်ရှင်က ဘယ်သူလဲ သိပါသလား။ သောမတ်အက်ဒီစင် ပါ။
အဲဒီ အချိန်မှာ သောမတ်အက်ဒီစင်ရဲ့ အသက်က ၆၇ နှစ် ရှိနေ ပါပြီ။
ဘာဆက်လုပ်မလဲ လို့ သတင်းစာ သမားတွေက မေးပါတယ်။ သောမတ်အက်ဒီစင်က "ဟ၊ ဘာလုပ်ရမလဲ အသစ်က ပြန်စ ရမှာပေါ့" တဲ့။
သောမတ်အက်ဒီစင်ဟာ အသက် ၆၇ နှစ် အရွယ်တောင် ရောက်နေမှ ဆုံးရှုံး ခဲ့ရတယ်။ သူ စိတ်ဓါတ် ကျသွား သလား။ No ပါ။ ပိုပြီးတောင် အောင်မြင်ခဲ့ ပါတယ်။
ဘဝမှာ တခါတလေ အိပ်မက်တွေ သဲထဲရေသွန် သလို ဖြစ်တတ်တယ်။ ဘဝကို ဖျက်စီးမယ့် သူတွေကတော့ ရှိနေမှာပဲ။
အောင်မြင်သူတွေက ဆုံးရှုံးသွားလည်း ငိုမနေဘူး ဆက်ကြိုးစား ကြတယ်။ ခဲတံကြိုးရင် ဘာလုပ်မလဲ။ ဆက်ချွန်ရ မှာပေါ့။ Crd
Zawgyi
အသစ်က ပြန်စရမယ်
Post a Comment
0 Comments