သားလေးမွေးထားတာပဲ ဘာမှမဖြစ်ဘူးဆိုတဲ့ မိဘများအတွက်

ယောက်ျားပဲ အရှုံးမရှိဘူး ဆိုတဲ့ စကားတော့ ဒီခေတ်မှာ မပြောလေနဲ့။ မိန်းမကောင်းနဲ့ တွေ့ရင်တော့ မရှုံးပါဘူး။ အနိုင်နဲ့ ပိုင်းပြစ်လို့ ရပေမဲ့ မကောင်းတဲ့ မိန်းမနဲ့ တွေ့ရင်တော့ စုတ်ပြတ်သတ် သွားလောက်အောင်ထိ ဘဝ ပျက်သွားတတ်တယ်။

သားမွေးထားတာပဲ၊ သားရှင်ပဲ ဆိုပြီး မာန်မတက်လေနဲ့။ မကောင်းတဲ့ မိန်းမကို လက်တဲ့ စမ်းမိလို့ မိဘက အိမ်တိုင်ပါ ချွတ်လျော်လိုက်ရတဲ့ အဖြစ်မျိုး မြင်ဘူးတယ်။

တကယ်တော့ သမီးမိန်းကလေး ပျက်စီးတာက သူ့ပစ္စည်းနဲ့သူ ပျက်စီးတာ။ မိဘပစ္စည်း မပါဘူး။ သားယောကျ်ားလေး ပျက်စီးပြီ ဆိုရင် ရှိစုမဲ့စု အထုတ်ပိုက်ပြီး ငွေနဲ့ လိုက်ရှင်းရတာမို့ တမိသားစုလုံး ဒုက္ခတွေ ရောက်တတ်တယ်။ နံပါတ်ဖိုး စွဲနေတဲ့ မြေးဒုက္ခတွေ မခံစားနိုင်လို့ အဆိပ်သောက် သေတဲ့ အဖွားရဲ့ အဖြစ်ဆိုး ကိုလည်း မြင်ဘူးတယ်။

သားမွေးထားရင် ရည်းစား ထားချိန် ထားပါစေ။ အရမ်းကြီး ချူပ်ချယ် မထားပါနဲ့။ ရည်းစားက အိမ်အလည် လာချင်သပ ဆို ခွင့်ပြုပေး လိုက်ပါ။ မိန်းမကောင်း ဖြစ်ရင် အဆင်ပြေပါတယ်။ ဆင်းရဲချမ်းသာ အဆင့်အတန်း မခွဲပါနဲ့။

လွတ်လပ်ခွင့် ပေးတော့ ခိုးပြီး မလုပ်တော့ ဘူးပေါ့။ ဆေးခန်းက အသိပညာပေး လက်ကမ်း စာစောင်တွေ ကြုံတိုင်း အိမ်ယူလာပြီး မြင်သာတဲ့ စားပွဲပေါ် တင်ထားရတယ်။ သမီးရည်းစား မတော်တဆ မှားရင် 72 hour ဆိုတာမျိုး။

ပိုစတာကြီးလည်း အိမ်မှာကပ် မိန်းကလေးတွေ အလည်လာရင် ဖတ်လို့ရတော့ သင်စရာမလို မြင်တော့ အမှားဆိုတာ ကြိုသိတဲ့ အတွက် ဗဟုသုတလည်း ဖြစ်တယ်။

သားကိုလည်း ဆုံးမ ထားရတယ်။ မတော်တရော် မလုပ်ရဘူး၊ သူ့မိဘက သဘောမတူလို့ လီဆယ်တိုင်ရင် အမေပါ ဒုက္ခရောက် တတ်တယ်။ မသိတဲ့ မိန်းကလေး အညှာ လွယ်တာနဲ့ လွယ်တယ် ဆိုပြီး သွားမပတ်သက်နဲ့။

လွန်လွန်ကျူးကျူး ဖြစ်ရင် လျော်ကြေး အတောင်း ခံရတတ်တယ်။ အမြဲ မြင်တွေ့နေကြ မိန်းမ မဟုတ်ပဲ ပိုက်ဆံရှိပြီး ပေးကမ်း ကြိုက်လည်း မလိုက်နဲ့။ ဘိန်းဖြူရောင်းတဲ့ မိန်းမတွေက အဖမ်းခံရင် မင်းကို ထိုးကြွေးလိမ့်မယ်။

မိုးချူပ်တဲ့ အထိမနေနဲ့။ လမ်းကြို လမ်းကြားက မပြန်နဲ့။ မိန်းလမ်းမက ပြန်။ အိမ်အပြန် နောက်ကျရင် ရိုက်ပြီး ဆိုင်ကယ် အလုခံရ တတ်တယ်။ သူများ ရည်းစားနဲ့လည်း သူငယ်ချင်း မလုပ်နဲ့။ အထင်လွဲပြီး ဓားနဲ့ အထိုးခံရ တတ်တယ်။ စိတ်ဆတ်တဲ့ သူငယ်ချင်းနဲ့ မပေါင်းနဲ့။ သူနဲ့ အဆင်မပြေတဲ့ လူက အုပ်စုဖွဲ့ ရိုက်ရင် ကိုယ်ပါ အချောင် သေတတ်တယ်။

မီးနီကိုလည်း ဖြတ်မမောင်းနဲ့ ယာဉ်စီးကမ်း ကိုလည်း လိုက်နာရမယ်။ ၅ မိနစ် ၁၀ မိနစ် စိတ်စောမိလို့ ယာဉ်တိုက်မှု ဖြစ်ရင် သေသွားရင် အကြောင်းမဟုတ် ဒုက္ခိတ ဖြစ်ရင် တသက်လုံး လူဖြစ်ရှုံး တတ်တယ်။

ဘုရားတရားလည်း မမေ့နဲ့။ သရဏဂုံ တည်ပြီးမှ အပြင်သွား အန္တရယ် မှန်သမျှ ကင်းပါတယ်။ အရက်ကို လက်တည့် မစမ်းလေနဲ့။ ဆေးလိပ်ကိုလည်း မသောက်နဲ့။ မူးယစ်ဆေးဝါး အစ ဆေးလိပ်က ပါကွယ်။

အမေ မသိအောင် ခိုးသောက်ခဲ့ ရင်လည်း ဆေးလိပ်ချင်း မီးမညှိ ခိုင်းမိစေနဲ့။ ဆေးလိပ်ချင်း လဲပြီး ဆေးစွဲအောင်လည်း လုပ်တတ်တယ်။ သားလေး တယောက် မွေးထားတော့ ပူရတယ် ပူရတယ်။ တော်တော့်ကို ပူရပါတယ်။ Mya Nan Thida Nwe

Post a Comment

0 Comments