လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်လာစေမယ့် နည်းလမ်းကောင်း (၇) ခု

လူတွေက သီးသန့်တစ်ယောက်တည်း နေလို့မရတဲ့အတွက် ပေါင်းသင်းဆက်ဆံရေးက မဖြစ်မနေ လိုအပ်ပါတယ်။ လူအများနဲ့ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့အခါ အထီးကျန်လာမယ့်အပြင် အခြားအရာတွေလည်း ထိခိုက်လာမှာပါ။

အဲဒါကြောင့် သင့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်လာဖို့အတွက် နည်းလမ်းကောင်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁၊။ အဆိုးမြင်တွေ အတွေးတွေနေရာမှာ အကောင်းမြင်တဲ့အတွေးတွေကို အတွေးတွေကို အစားထိုးပါ။

သင့်ကို ဘယ်သူကမှ စကားလာပြောမှာ မဟုတ်ပါဘူးဆိုပြီးတော့ အခန်းထောင့်လေးမှာ သွားထိုင်နေရင် တကယ်ကို သင်ထင်နေတဲ့ အတွေးအတိုင်း ဖြစ်လာမှာပါ။

အဲဒါကြောင့် ကြောက်ရွံ့နေတဲ့ အတွေးတွေနေရာမှာ ရဲရင့်တဲ့အတွေးတွေကို အစားထိုးလိုက်ပါ။ ဘယ်သူ့ကိုမဆို စကားပြောနိုင်တယ်၊ ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့လို့ရတယ်ဆိုတဲ့ အကောင်းမြင်တဲ့အတွေးကိုသာ ထားပါ။

၂။ တွေးပူပြီးကြောက်နေတဲ့ စိတ်ကို ဖျောက်ပါ။

ငါ သူ့ကို စကားသွားပြောလိုက်ရင် တစ်မျိုးထင်သွားမလား ဆိုတဲ့အတွေးက သင့်မှာ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါကြောင့် စိုးရိမ်ကြောက်ရွံ့တာတွေကို ဖျောက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောပါ။ သင့်ဘေးနားက သူငယ်ချင်းတွေကိုလည်း စကားမပြောရဲတဲ့အခါ ဘယ်လိုဖြတ်ကျော်လဲ ဆိုတဲ့အကြောင်း အတွေ့အကြုံတွေ မေးမြန်းပါ။

၃။ စကားအဆက်အစပ် မရှိရင်လည်း အလိုက်သင့်ပြောဆိုပါ။

အလိုက်သင့် ပြောဆိုပြုမူတတ်တာကလည်း လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရမ်းကို အရေးပါပါတယ်။ သင့်အနားမှာ လူတွေရှိနေတာကို ကြောက်ရွံ့နေရင် သင့်ခံစားချက်ကို ဘယ်သူမှမသိဘူးလို့ တွေးလိုက်ပါ။ အဲဒီအခါ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာပါတယ်။

၄။ သူတစ်ပါးအတွက် ပိုမိုရင်းနှီးစေမယ့် မေးခွန်းတွေကိုသာ မေးပါ။

သင့်အတွက် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ဆိုရင် သူတစ်ပါးနဲ့ စကားပြောတဲ့အခါ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းနဲ့ မပြီးသွားသင့်ပါဘူး။ တစ်ဖက်လူနဲ့သင့်အကြားမှာ ပိုပြီးရင်းနှီးသွားအောင် စကားလမ်းကြောင်းပေးပြီး ပြောဆိုပါ။

၅။ ချီးကျူးတဲ့စကားကို အသုံးပြုပါ။

တစ်ဖက်လူနဲ့ ဘာစကားစပြောရမှန်းမသိတဲ့အခါ နူးညံ့ကြင်နာတဲ့ စကားလုံးတွေနဲ့ စတင်ပါ။ တစ်ဖက်သားရဲ့ အခြေအနေပေါ်မူတည်ပြီး ချီးကျူးတဲ့ စကားလုံးတွေနဲ့ စကားစပြောလို့ရပါတယ်။

၆။ အခြားသူတွေထံကနေ သင်ယူပါ။

ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ အလွယ်ကူဆုံးနည်းကတော့ အခြားတွေ ပြောဆိုဆက်ဆံပုံကို လေ့လာပြီး သင်ယူတာပါပဲ။ အခြားသူတွေအပေါ် ဘယ်လိုစကားစလဲ၊ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို ဘယ်လိုအလေးထားလဲ၊ စကားလမ်းကြောင်း ဘယ်လိုဖွင့်ပေးလဲ ဆိုတာကိုသိဖို့ အခြားသူတွေ စကားပြောတဲ့အခါ သတိထားကြည့်နိုင်ပါတယ်။

၇။ စကားပြောရမယ့် အခွင့်အရေးတွေကို လက်မလွှတ်လိုက်ပါနဲ့။

အားလပ်ရက်တွေမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဖိတ်ပြီး ညစာစားတာ၊ စကားတွေပြောတာက သင့်ကို လူဝင်ဆံ့စေမယ့် နည်းတွေထဲက တစ်ခုပါပဲ။

လူအများနဲ့ စကားပြောရမှာကြောက်နေရင် ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းသွားမှာပါ။ ဒါ့အပြင် အခြားသူတွေက သင့်ကို ပွဲတက်ဖို့ ဖိတ်ကြားတဲ့အခါတွေမှာလည်း တက်ရောက်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments