လျှို့ဝှက်ထားရမည့် အရာ

တခါတုန်းက ရွာကြီးတရွာမှာ ထူဆန်းတဲ့ အဘိုးအို တယောက် ရှိတယ်။ သူ့မှာ သိပ်လှတဲ့ မြေးမလေး တယောက်လည်း ရှိတယ်။ အဘိုးအိုဟာ ကျွမ်းကျင်ပြီး သိပ်တော် သိပ်ထက်လှတဲ့ မျက်လှည့် ပညာကို ပိုင်ဆိုင်ထား ပါတယ်။

အဲ့ဒီပညာရပ်နဲ့ပဲ အသက်မွေးမှု ပြုခဲ့တယ်။ သူ့မြေမလေး ကိုလည်း အဲ့ဒီပညာတွေ သင်ပေးတယ်။ တနေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့် ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ၊ ကြိုးကနေ မြွေ ဖြစ်သွားတာတွေ စတဲ့ ပြကွက် မျိုးစုံကို ပြနေတာပေါ့။

အားလုံး ပြပြီးပြီ ဆိုရင် အဘိုးအိုဟာ ပရိသတ်က ပေးတဲ့ ငွေကိုပဲ ယူတယ်။ အခုပြတဲ့ ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတခွန်းကို ပြောတယ်။ "မျက်လှည့်ပညာ ဆိုတာ မှော်ပညာ မဟုတ်သလို တန်ခိုး စွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။

မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေ ရှိတယ် ။ အဲ့ဒီလျှို့ဝှက်ချက် တွေကို မသိလို့သာ ခင်ဗျားတို့ လာကြည့် ကြတာ ဖြစ်တယ်။ ဒီနေ့ မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက် တွေကို ပြောပြပါမယ်"

ပရိသတ်ဟာ အင်မတန်မှ စိတ်ဝင်စား သွားတယ်။ ကြိုးကနေ ဘယ်လို မြွေဖြစ်သွားတယ်၊ ပန်းကနေ ဘယ်လို ငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက် တွေကို အကုန် ရှင်းပြ သွားခဲ့တယ်။

ပရိသတ်တွေကလည်း ပြောတုန်း ခဏတော့ စိတ်ဝင်စား တာပေါ့။ သိလည်း သွားရော "သြော် ဒီလို လုပ်တာလား ဒါလေးများ" ဆိုပြီးတော့ မျက်လှည့်ပညာကို စိတ်မဝင်စား တော့ဘူးပေါ့။

နောက်တနေ့ မြေးလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့။ အဲဒီမှာ ပရိသတ် တယောက်မှ မလာကြ တော့ပါဘူး။ အဘိုးအိုက "မြေးလေးရေ ပရိသတ် တယောက်မှ မလာပါလား၊ ဘာကြောင့်လဲ" လို့ သူ့မြေးမလေးကို မေးတယ်။

"အဘိုးက မနေ့က ပွဲမှာ လျှို့ဝှက်ချက်တွေ အကုန် ပြောပြ လိုက်တော့ ဘယ်သူက စိတ်ဝင်စားတော့ မှာလဲ" လို့ မြေးမလေးက ပြန်ဖြေတယ်။ ထိုအခါမှာ အဖိုးအိုက "အေး၊ ဟုတ်တယ် မြေးလေး အဘိုး တသက်လုံး ကျွေးမွေးခဲ့တဲ့ ပညာ အခုတော့ လျှို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး။

မြေးလေလည်း မှတ်ထားပါ။ လျှို့ဝှက်ချက် ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှ ကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့။ လျှို့ဝှက်ထားရမယ်။ ဒါဆို မြေးလေးရဲ့ မိန်းကလေးအလှဟာ တန်ဖိုး ကြီးတယ်ကွဲ့။

ဒူးဖော် ပေါင်ဖော် ရင်သားတွေ ပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စား တော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ ပြတုန်း ခဏပဲ သူတို့က တန်ဖိုးထား ကြတာ။ ဒါကြောင့် အဝတ်စားကို လုံလုံခြုံခြုံ ဝတ်ပါ" ဆိုပြီး အဘိုးအိုဟာ သူ့ပညာနဲ့ ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့ ပါတယ်။ Crd

Post a Comment

0 Comments