ဆန်မကုန်ပါစေနဲ့ သမီးရေ

တခါက ရွာတရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေ တခု သမီး တခုပေါ့။ တနေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို မှာခဲ့တယ်။

"သမီးရေ တကယ်လို့များ အဖေ မရှိခင် ဧည့်သည် လာခဲ့လို့ ရှိရင် ထမင်းလေးတော့ ချက်ကျွေး လိုက်ပါ။ တခုတော့ ရှိတယ် သမီးရေ။ ဆန်တော့ မကုန်ပါစေနဲ့နော်"

ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။ "ဖေဖေ ကလည်း ထမင်း ချက်ကျွေး မှတော့ ဆန်ကုန် မှာပေါ့။ မကုန်လို့ ဘယ်ဖြစ်မလဲ"

"သမီးရယ် ခက်လိုက်တာ၊ ထမင်း ချက်ကျွေး မှတော့ ဆန်ကုန်မယ် ဆိုတာ ဖေဖေလည်း သိတာပေါ့။ ဒါပေမဲ့ သမီး စေတနာနဲ့ ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ်လေ။

ဒါကြောင့် စေတနာနဲ့ လှူတဲ့ အလှူကို ဆန်မကုန်တဲ့ အလှူ လို့ ခေါ်တယ် သမီး။ စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ် မရဘူး။ ဒါကြောင့် အဲဒီအလှူကို ဆန်ကုန်တဲ့ အလှူလို့ ခေါ်တယ် သမီး"

အဲ့ဒီလို ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက် သွားတယ်။ ဆိုလိုတာက ဘာပဲ ပေးပေး၊ ဘာပဲလုပ်လုပ်၊ ပေးမည့် လုပ်မည့် အတူတူတော့ စေတနာလေး ထည့်ပေး ထည့်လုပ် လိုက်ပါ။

တခါတရံ လူမှုရေး အရ ပေးရတာ ရှိတယ်။ တခါတရံ လာအလှူခံလို့ ပေးရတာ ရှိတယ်။ ဘယ်လို နေရာမှာ ပေးပေး၊ အဲ့ဒီလိုပေးတဲ့ အခါမှာ စေတနာမပါရင် "ပေးကား ပေး၏။ မရ" ဆိုတာလို ဖြစ်သွားတယ်။

ဒါကြောင့် ပေးမည့် အတူတူတော့ ပေးရကျိုး နပ်အောင် စေတနာလေး ထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်အတွက် ကုသိုလ်ရသွားတယ်။ "ပေးလည်း ပေး၏။ ရလည်း ရ၏" ဖြစ်သွားတာပေါ့။ အရှင်ဒေဝိန္ဒာဘိဝံသ

Zawgyi

ဆန္မကုန္ပါေစနဲ႔ သမီးေရ

တခါက ႐ြာတ႐ြာမွာ သားအဖ ႏွစ္ေယာက္ ရွိတယ္။ ဖေအ တခု သမီး တခုေပါ့။ တေန႔ေတာ့ အေဖျဖစ္သူက ခရီးသြားခါနီး သမီးျဖစ္သူကို မွာခဲ့တယ္။

"သမီးေရ တကယ္လို႔မ်ား အေဖ မရွိခင္ ဧည့္သည္ လာခဲ့လို႔ ရွိရင္ ထမင္းေလးေတာ့ ခ်က္ေကြၽး လိုက္ပါ။ တခုေတာ့ ရွိတယ္ သမီးေရ။ ဆန္ေတာ့ မကုန္ပါေစနဲ႔ေနာ္"

ဒီေတာ့ သမီးက ဖခင္ႀကီးကို ျပန္ေျပာတယ္။ "ေဖေဖ ကလည္း ထမင္း ခ်က္ေကြၽး မွေတာ့ ဆန္ကုန္ မွာေပါ့။ မကုန္လို႔ ဘယ္ျဖစ္မလဲ"

"သမီးရယ္ ခက္လိုက္တာ၊ ထမင္း ခ်က္ေကြၽး မွေတာ့ ဆန္ကုန္မယ္ ဆိုတာ ေဖေဖလည္း သိတာေပါ့။ ဒါေပမဲ့ သမီး ေစတနာနဲ႔ ခ်က္ေကြၽးရင္ ဆန္ကုန္ေပမဲ့ ကုသိုလ္ေတြ ျပန္ရတယ္ေလ။

ဒါေၾကာင့္ ေစတနာနဲ႔ လႉတဲ့ အလႉကို ဆန္မကုန္တဲ့ အလႉ လို႔ ေခၚတယ္ သမီး။ ေစတနာ မပါပဲ ခ်က္ေကြၽးေတာ့ ကုသိုလ္ မရဘူး။ ဒါေၾကာင့္ အဲဒီအလႉကို ဆန္ကုန္တဲ့ အလႉလို႔ ေခၚတယ္ သမီး"

အဲ့ဒီလို ဖခင္ျဖစ္သူက ရွင္းျပလိုက္မွ သမီးျဖစ္သူလည္း သေဘာေပါက္ သြားတယ္။ ဆိုလိုတာက ဘာပဲ ေပးေပး၊ ဘာပဲလုပ္လုပ္၊ ေပးမည့္ လုပ္မည့္ အတူတူေတာ့ ေစတနာေလး ထည့္ေပး ထည့္လုပ္ လိုက္ပါ။

တခါတရံ လူမႈေရး အရ ေပးရတာ ရွိတယ္။ တခါတရံ လာအလႉခံလို႔ ေပးရတာ ရွိတယ္။ ဘယ္လို ေနရာမွာ ေပးေပး၊ အဲ့ဒီလိုေပးတဲ့ အခါမွာ ေစတနာမပါရင္ "ေပးကား ေပး၏။ မရ" ဆိုတာလို ျဖစ္သြားတယ္။

ဒါေၾကာင့္ ေပးမည့္ အတူတူေတာ့ ေပးရက်ိဳး နပ္ေအာင္ ေစတနာေလး ထည့္လိုက္ပါ။ ဒါဆိုရင္ ကိုယ့္အတြက္ ကုသိုလ္ရသြားတယ္။ "ေပးလည္း ေပး၏။ ရလည္း ရ၏" ျဖစ္သြားတာေပါ့။ အရွင္ေဒဝိႏၵာဘိဝံသ

Post a Comment

0 Comments