ခန္ဓာကိုယ်မှာ မှဲ့နီလေးတွေ ရုတ်တရက်ထွက်လာရတဲ့ အကြောင်းအရင်းများ

သင့်ခန္ဓာကိုယ်ပေါ်မှာ မှဲ့နီလေးတွေ ရုတ်တရက်ပေါ်လာတာက စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ အဲဒါကြောင့် မှဲ့နီလေးတွေ ရုတ်တရက် ပေါ်လာရတဲ့ အကြောင်းအရင်းနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

မှဲ့နီလေးတွေက သွေးကြောလေးတွေ ပါဝင်တဲ့ အသားပိုလေးတွေပါ။ အဲဒီမှဲ့နီလေးတွေ ဖြစ်လာရတဲ့အကြောင်းရင်း ၂ ချက် ရှိပါတယ်။

- အသက်အရွယ်

အသက် ၃၀ နဲ့ အထက်အရွယ်ကို ရောက်တဲ့အခါ မှဲ့နီလေးတွေ ဖြစ်လာတတ်ကြပါတယ်။ မှဲ့နီလေးတွေက ခန္ဓာကိုယ်၊ လက်မောင်း၊ ပုခုံးနေရာမှာ ရှိနေတတ်ပါတယ်။ အသက်အရွယ် ပြောင်းလဲမှုနဲ့ သွေးကြောတွေကြောင့် မှဲ့နီလေးတွေ ဖြစ်ပေါ်လာတာပါ။

- မှားယွင်းတဲ့ နေထိုင်မှုပုံစံ

မှဲ့နီလေးတွေက တဖြည်းဖြည်း ပွားပွားလာတယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံကြောင့်ပါ။ အသည်း၊ သွေးကြော၊ ဟော်မုန်းတို့မှာ ပြဿနာရှိကြောင်း ဖော်ပြတာပါ။

မှဲ့နီလေးတွေကို သတိထားမိလာပြီးနောက် အရွယ်အစား၊ အရောင်ပြောင်းလာဆိုရင်၊ သွေးထွက်လာတယ်ဆိုရင် ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်မြန်ပြသသင့်ပါတယ်။

မှဲ့နီလေးတွေ ထပ်မဖြစ်လာစေဖို့ အကောင်းဆုံး ကာကွယ်နည်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံရှိဖို့၊ သင့်တင်မျှတတဲ့ အစားအသောက်ပုံစံ ရှိဖို့ပါ။ ရေများများသောက်တာ၊ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီတို့ကိုလည်း စားသုံးပေးနိုင်ပါတယ်။ အဲဒီအခါ အပိုထပ်ဆောင်းရလဒ်အနေနဲ့ အသားအရေ ကြည်လင်ပြီး နုပျိုလှပနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments