ဆိတ်ဆိတ်နေ ထောင်တန်

ဒီစကားလုံးလေးကို ကြားဖူးကြမှာပါ။ ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့ စကား။ တချို့ ကိစ္စတွေမှာ ဘာမှ ဝင်မပြောဘဲ တိတ်တိတ် နေလိုက် ခြင်းက တန်ဖိုး ရှိတယ် လို့ ပြောချင်တာ ဖြစ်ပါတယ်။

ဖတ်ဖူးသလောက် ကတော့ ခြင်္သေ့ တကောင်က မြေခွေးမ တကောင်နဲ့ ပေါင်းဖက်မိ လေရာမှ ခြင်္သေ့ငယ်လေး တကောင် မွေးဖွား လာပါတယ်။

ခြင်္သေ့ငယ်လေးမှာ အသံပြုမိလျှင် မြေခွေးသံ ပါနေသဖြင့် အခြားသော တောတွင်း တိရိစ္ဆာန်များ မရိုမသေ ဖြစ်မှာကို စိုးရိမ်လျက် ခြင်္သေ့ငယ်လေးကို ခြင်္သေ့ကြီးက အသံ မပြုဖို့ သတိပေး ပါတယ်။

တကယ်လို့များ အသံ မပြုဘဲ နေနိုင်လျှင် တောတထောင်ခန့် အုပ်စိုးခွင့်ကို ပေးမယ်လို့ သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ခြင်္သေ့ငယ်လေးဟာ မထင်မှတ်ဘဲ အသံပြုမိတဲ့ အတွက် တောတထောင်ကို မပိုင်ရတော့ဘူး ဆိုတဲ့ ပုံပြင်ပေါ် အခြေခံလျက် ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့ ပုံပြင်လေး ဖြစ်ပေါ်လာတာ လို့ မှတ်သားခဲ့ ဖူးပါတယ်။

တနည်းအားဖြင့်တော့ ကိုယ်မပြောသင့်တဲ့ ကိစ္စအချို့မှာ မပြောဘဲ တိတ်တိတ် နေလိုက်ခြင်းဟာ ကိုယ့်အတွက် အများကြီး တန်ဖိုးရှိတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပါပဲ။

တကယ်တော့ ထိုစကားပုံနဲ့ "Listen to many, Speak to a few" ဆိုတဲ့ ရှိုတ်စပီးယား ပြောတဲ့ စကားနဲ့ အဓိပ္ပါယ်ချင်း ဆင်တူပါတယ်။

ပြောချင်တာက များများနားထောင်၊ နည်းနည်းပဲ ပြော၊ ဒါပေမယ့် တကယ် လိုအပ်မှ ပြောပါလို့ ပြောချင်တာပါ။ အဲဒါကြောင့် အချို့သော ပြောဖို့ မလိုအပ်တဲ့ ကိစ္စတွေမှာ ဆိတ်ဆိတ် နေသင့်ပါတယ်။

ဒါဆိုရင် ဘယ်လို ကိစ္စတွေမှာ ဆိတ်ဆိတ် နေသင့်တယ်လို့ ထင်ပါသလဲ။ အမှန်တရား အတွက်ကို ဆိတ်ဆိတ် နေခိုင်းတာမျိုးမဟုတ်ပါဘူး။

ကိုယ့်နှုတ်က ပြန်ပြောလိုက်လို့ ကိုယ့်အတွက် ပူလောင် သွားစေမယ့်၊ အခြားသူအတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးတွေ အတွက်ဆို ဆိတ်ဆိတ်လေး နေလိုက်တာ ကိုယ့်အတွက် ပိုကောင်းတာပါ။

အထူးသဖြင့် ကိုယ့်ကို ဝေဖန် ပုတ်ခတ်လာသူ မျိုးတွေ၊ ကိုယ့်အကြောင်းကို သေချာမသိဘဲ အမြင်နဲ့တင် ဆုံးဖြတ်ပြီး အပြစ်တင်တတ်တဲ့ သူတွေနဲ့ ဆိုရင်ပေါ့။

ဘဝအတွက် လေးနက်တဲ့ လုပ်စရာ တခုမှ မရှိလို့ အခြားလူတွေရဲ့ အမှားတွေနဲ့ အပြစ်တွေ ကိုသာ လိုက်ကြည့်ပြီး အပြစ်တင် ဝေဖန်နေတဲ့ သူမျိုးတွေက ပြောတဲ့ စကားတွေနဲ့ ဆိုရင် ဆိတ်ဆိတ်နေပြီး မတုံ့ပြန်တာ အကောင်းဆုံးပါ။ Crd

Post a Comment

0 Comments