ဆိတ်ဆိတ်နေခြင်းဖြင့် ကူညီပါ

တခါတုန်းက ခဲဖျက်နဲ့ ခဲတံ စကားစမည် ပြောကြတယ်။ ခဲဖျက်က ခဲတံကို ပြောသတဲ့။ "သူငယ်ချင်း ခဲဖျက် မင်းအတွက် ငါ စိတ်မကောင်း ပါဘူးကွာ" "ဘာဖြစ်လို့လဲ"

"မင်းနဲ့ငါ ဘာမှ မဖြစ်ကြ ပါဘူး။ ငါ့ကြောင့် မင်း နာကျင် နေရတာ တွေးမိတိုင်း ငါ စိတ်မကောင်းဘူး။ ငါအမှား လုပ်တိုင်း မင်းက ငါ့အတွက် ခန္ဓာကိုယ်နဲ့ ရင်းပြီး လိုက်ဖျက်ပေး နေရတယ်။ မင်းရဲ့ ကိုယ်လုံးဟာ တဖြည်းဖြည်းနဲ့ ပွန်းပဲ့ သေးသိမ်ပြီး လုံးပါး ပါးလာတယ်"

ထိုအခါ ခဲဖျက်က "မင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ခဲတံရဲ့ အမှားကို ဖျက်ပေးဖို့ ခဲဖျက်ကို ဖန်တီး ပေးထားတာ မဟုတ်လား။ မင်းလည်း သိပါတယ်။ မင်းတခုခု မှားရင် မင်းကို ကူညီပြီး ဖျက်ပေးဖို့က ငါတာဝန်ပဲလေ။

နစ်နာ ဆုံးရှုံး သွားတယ်လို့ ငါမမြင်ဘူး။ တာဝန် ကျေကျေ ထမ်းဆောင် နေရတယ် လို့ ငါ ခံစားရတယ်။ အဲ့ဒီလို လုပ်ရတာ ကိုလည်း ပျော်တယ်။ မဆီမဆိုင် စိတ်ပူပန် နေတာကို ရပ်လိုက်ပါ။ မင်းရဲ့ စိတ်ပူပန် မှုဟာ ငါ့ စိတ်ကို အနှောင့်အယှက် ဖြစ်စေတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ငါ့ကို စိတ်ခွန်အား လျှော့စေ ပါတယ်။ ငါ့ကို စိတ်ပူပန် စေခြင်းဖြင့် အချိန်မဖြုန်းမိ ပါစေနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်ပါ။ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ အရေးကြီး ပါတယ်" လို့ ခဲတံကို ပြန်ပြောလိုက် ပါတော့တယ်။

လူတွေဟာ တခါတလေ ခဲတံလိုဘဲ လောကွပ် ချော်ပြီး သူများ မပျော်နိုင်အောင် စိတ်ပူပန်စကားတွေ မလိုအပ်ဘဲ ပြောမိတတ်ကြပါတယ်။ သူ့ပြောတဲ့ စကားဟာ အပြောခံရသူ ကိုယ်တိုင်ကလည်း မလိုလား၊ ဘေးက ကြားရတဲ့ သူကလည်း နားမသက်သာ။

ဒါ့ကြောင့် တချို့ ကိစ္စတွေမှာ ကိုယ်နဲ့ မဆိုင်ဘဲ ဝင်မပါ ဝင်မပြောသင့် ပါဘူး။ ကိုယ် အသေအချာ မသိ နားမလည်တဲ့ ကိစ္စမျိုးတွေမှာ ကိုယ်ဝင်ပါ ဝင်ပြော လိုက်တော့မှ အခြေအနေ ပိုဆိုးသွား နိုင်ပါတယ်။

ဖြစ်နိုင်ရင် ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဆိတ်ဆိတ် နေခြင်းဖြင့် ကူညီပေးလိုက်တာ အကောင်းဆုံးပဲ လို့ ထင်ပါတယ်။ Kaung Thant

Zawgyi

ဆိတ္ဆိတ္ေနျခင္းျဖင့္ ကူညီပါ

တခါတုန္းက ခဲဖ်က္နဲ႔ ခဲတံ စကားစမည္ ေျပာၾကတယ္။ ခဲဖ်က္က ခဲတံကို ေျပာသတဲ့။ "သူငယ္ခ်င္း ခဲဖ်က္ မင္းအတြက္ ငါ စိတ္မေကာင္း ပါဘူးကြာ" "ဘာျဖစ္လို႔လဲ"

"မင္းနဲ႔ငါ ဘာမွ မျဖစ္ၾက ပါဘူး။ ငါ့ေၾကာင့္ မင္း နာက်င္ ေနရတာ ေတြးမိတိုင္း ငါ စိတ္မေကာင္းဘူး။ ငါအမွား လုပ္တိုင္း မင္းက ငါ့အတြက္ ခႏၶာကိုယ္နဲ႔ ရင္းၿပီး လိုက္ဖ်က္ေပး ေနရတယ္။ မင္းရဲ႕ ကိုယ္လုံးဟာ တျဖည္းျဖည္းနဲ႔ ပြန္းပဲ့ ေသးသိမ္ၿပီး လုံးပါး ပါးလာတယ္"

ထိုအခါ ခဲဖ်က္က "မင္းေျပာတာ မွန္ပါတယ္။ ဒါေပမဲ့ ခဲတံရဲ႕ အမွားကို ဖ်က္ေပးဖို႔ ခဲဖ်က္ကို ဖန္တီး ေပးထားတာ မဟုတ္လား။ မင္းလည္း သိပါတယ္။ မင္းတခုခု မွားရင္ မင္းကို ကူညီၿပီး ဖ်က္ေပးဖို႔က ငါတာဝန္ပဲေလ။

နစ္နာ ဆုံးရႈံး သြားတယ္လို႔ ငါမျမင္ဘူး။ တာဝန္ ေက်ေက် ထမ္းေဆာင္ ေနရတယ္ လို႔ ငါ ခံစားရတယ္။ အဲ့ဒီလို လုပ္ရတာ ကိုလည္း ေပ်ာ္တယ္။ မဆီမဆိုင္ စိတ္ပူပန္ ေနတာကို ရပ္လိုက္ပါ။ မင္းရဲ႕ စိတ္ပူပန္ မႈဟာ ငါ့ စိတ္ကို အေႏွာင့္အယွက္ ျဖစ္ေစတယ္။

တာဝန္ထမ္းေဆာင္ေနတဲ့ ငါ့ကို စိတ္ခြန္အား ေလွ်ာ့ေစ ပါတယ္။ ငါ့ကို စိတ္ပူပန္ ေစျခင္းျဖင့္ အခ်ိန္မျဖဳန္းမိ ပါေစနဲ႔။ ကိုယ့္အလုပ္ ကိုယ္လုပ္ပါ။ ကိုယ့္တာဝန္ ကိုယ္ေက်ပြန္ဖို႔ အေရးႀကီး ပါတယ္" လို႔ ခဲတံကို ျပန္ေျပာလိုက္ ပါေတာ့တယ္။

လူေတြဟာ တခါတေလ ခဲတံလိုဘဲ ေလာကြပ္ ေခ်ာ္ၿပီး သူမ်ား မေပ်ာ္ႏိုင္ေအာင္ စိတ္ပူပန္စကားေတြ မလိုအပ္ဘဲ ေျပာမိတတ္ၾကပါတယ္။ သူ႔ေျပာတဲ့ စကားဟာ အေျပာခံရသူ ကိုယ္တိုင္ကလည္း မလိုလား၊ ေဘးက ၾကားရတဲ့ သူကလည္း နားမသက္သာ။

ဒါ့ေၾကာင့္ တခ်ိဳ႕ ကိစၥေတြမွာ ကိုယ္နဲ႔ မဆိုင္ဘဲ ဝင္မပါ ဝင္မေျပာသင့္ ပါဘူး။ ကိုယ္ အေသအခ်ာ မသိ နားမလည္တဲ့ ကိစၥမ်ိဳးေတြမွာ ကိုယ္ဝင္ပါ ဝင္ေျပာ လိုက္ေတာ့မွ အေျခအေန ပိုဆိုးသြား ႏိုင္ပါတယ္။

ျဖစ္ႏိုင္ရင္ ကိုယ္နဲ႔ မဆိုင္တဲ့ ကိစၥေတြမွာ ဆိတ္ဆိတ္ ေနျခင္းျဖင့္ ကူညီေပးလိုက္တာ အေကာင္းဆုံးပဲ လို႔ ထင္ပါတယ္။ Kaung Thant

Post a Comment

0 Comments