ကောင်လေးနှင့် အဘိုးအို

တခါတုန်းက တောရွာလေးမှာ အင်မတန်မှ ဆင်းရဲတဲ့ မုဆိုးမ သားအမိနှစ်ယောက် ရှိသတဲ့။ ရာသီဥတု ပူပြင်းတဲ့ နေ့လေးတနေ့မှာတော့ "ခိုင်းဗျာ ခိုင်းချင်တိုင်း ခိုင်းတော့။ တနေ့ ကုန်အောင်ခိုင်း။ တချက်မှ အနား မပေးပဲ ခိုင်း"

ကလေးတယောက်က ရွာအပြင် သစ်ပင်ရိပ် အောက်မှာ ဒေါသ အကြီးအကျယ် ထွက်ပြီး တယောက်ထဲ ပါးစပ် ကနေ တတွတ်တွတ် ပြောနေ လေသည်။

ထိုအချိန် ခွေးလေး တကောင်ကို ခေါ်ပြီး အပန်းဖြေရန် သစ်ပင်ရိပ် အောက်သို့ ခရီး ထွက်လာတဲ့ အဖိုးအို တစ်ယောက်က သူ့အဖြစ်အပျက်ကို ကြည့်ပြီး မေးလာသည်။

"ကောင်လေး မင်းကို ဘယ်သူက ဘယ်လို လုပ်ပြီး ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တို နေရတာလဲကွာ" "ဘာရှိရမှာလဲဗျာ အိမ်က အမေပေါ့။ သားကို တနေကုန် အလုပ်တွေ ခိုင်းတယ်။ သူငယ်ချင်းတွေ နဲ့တောင် ဆော့ချိန် မရဘူး"

"ဒါဆို မင်း အဖိုးနဲ့ ကစားမလား" အဘိုးက ပြောပြောဆိုနဲ့ ကျောက်ခဲနှစ်လုံးကို ကောက်ယူပြီး "ရော့ မင်းနဲ့ငါ ဘယ်သူ ဇွဲပိုကောင်းလဲ ကြည့်ကြ ရအောင် ခဲလုံး မတမ်း ကစားကြ ရအောင်။ အကြာကြီး မ ထားနိုင်သူက အနိုင်ပေါ့"

ကစားနည်းက မခက်ခဲ တာကြောင့် ကောင်လေးက လက်ခံလိုက် ပါတယ်။ ခဲလုံးကို နာရီဝက်မျှပင် မကြာသေး မထားရတာ လေးလာတာကြောင့် "တော်ပြီဗျာ သား အရှုံးပေးတယ်။ လက်ညောင်း လာပြီ။ ကစားရတာလည်း မပျော်ဘူးဗျာ"

အဘိုးအိုက "ဒါဖြင့်လည်း ခွေးကလးနဲ့ ကစားလေ။ တခုတော့ ရှိတယ်။ ခွေးကလေးနဲ့ မကစားခင် ဟို အိတ်ထဲက နို့ဘူး တဘူး ကုန်အောင် တိုက်ပြီးမှ ကစားရမယ်" "ရတယ်ဗျာ သား နို့တိုက်ပေးမယ်"

ထိုသို့ ပြောပြီး ခွေးကလေးကို နို့တိုက်ရာမှာ ခွေးကလေးက နို့မသောက်ပဲ ဟိုပြေး ဒီပြေး လုပ်တော့ ကောင်လေးက စိတ်တိုလာပြီး "မတိုက်နိုင်တော့ဘူးဗျာ။ ဟိုပြေး ဒီပြေးနဲ့ တချက်မှကို အငြိမ်းမနေတာ စိတ်ကုန်လာပြီ။ မကစားရ ရင်လည်း နေပါစေတော့"

ဒီတော့မှ အဘိုက ပြုံးပြီး "ဒီမှာ ကောင်လေး ဘယ်လောက်မှ မလေးတဲ့ ကျောက်ခဲတလုံး ကိုတောင် နာရီဝက် ပြည့်အောင် မင်းက ကိုင်ထားနိုင်တာ မဟုတ်ဘူး။ မင်း ဒီအရွယ် ရောက်ဖို့ မင်းအမေက ကိုးလ လွယ်လာခဲ့တယ် ဆိုတာ မင်းသတိထားမိ ရဲ့လား။

မင်းက ခွေးကလေးကို နို့တနပ်တောင် ဝအောင် မတိုက်နိုင်ခဲ့ ပေမဲ့ မင်းအမေက မင်း ဒီအရွယ် ရောက်ဖို့ နို့အနပ်ပေါင်း မရေမတွက် နိုင်အောင် တိုက်နိုင်ဖို့ ဘယ်လို ဒုက္ခခံပြီး တိုက်ခဲ့ရတယ် ဆိုတာရော မင်းသိကော သိရဲ့ လား"

ကောင်လေးက အဘိုးရဲ့ စကားကို ကြားချိန်မှာ သေချာ စဉ်းစားမိပြီး အမေ့ကို သနားတဲ့ စိတ်တွေ မျက်ရည်ဝဲပြီး ဘာတခွန်းမှ မပြောတော့ပါ။ နောက်ဆို အမေခိုင်းသမျှ မညိုညင်တော့ဘူးလို့ ဆုံးဖြတ်ကာ အိမ်ကို အပြေးလေး ပြန်သွားပါတော့တယ်။

သူ သတိ မထားမိလို့ အသိတရားတွေ မရှိခဲ့ပေမဲ့ အခုတော့ မိဘရဲ့ ကျေးဇူးစကားကို သူ ကောင်းကောင်းကြီး သတိထားမိ လေပြီ။ မိခင်ကျေးဇူး သိတတ်သော သားသမီး လိမ်မာလေးများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။ Crd

Post a Comment

0 Comments