အပေါင်းအသင်း မမှားပါစေနဲ့

တခါက လူတယောက်ဟာ မြင်းတကောင် ဝယ်ဖို့ ဈေးကို ရောက်လာ သတဲ့။ ပြီးတော့ သူ့ အကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို ပြောတယ်။

"မိတ်ဆွေ၊ ကျနော် ဒီမြင်းကို အိမ်ယူသွားပြီး မြင်း ကောင်း မကောင်း စမ်းသပ်ကြည့် ပါအုံးမယ်။ မြင်းကောင်း ဆိုရင် ဝယ်ပါ့မယ်။ မြင်းမကောင်းဘူး ဆိုရင်တော့ ပြန်ပို့ ပါမယ်" လို့ ပြောသတဲ့။

မြင်းရောင်းသူ ကလည်း သဘောတူပြီး ခွင့်ပြုလိုက် တာပေါ့။ မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီး မြင်ဇောင်း ထဲမှာ သူ့ရဲ့ မြင်းတွေနဲ့ အတူ ထားလိုက်သတဲ့။

ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာ ကြည့်နေတယ်။

ပြီးတော့ မြင်းတွေ ထဲက အပျင်းဆုံး အစားအသောက်လည်း အကြီးဆုံး၊ အဆိုးဆုံး၊ လောဘလည်း အကြီးဆုံး ဖြစ်တဲ့ မြင်းရဲ့ အနားကို ချဉ်ကပ်ပြီး မိတ်ဆွေ ဖွဲ့ကာ သွားအိပ်နေ သတဲ့။

ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည် အပ်နှံလိုက်တော့ တာပေါ့။

မြင်းရောင်းသူလည်း ဝယ်သူ့ရဲ့ အပြုအမူကို အံ့သြ သွားပြီး "မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရတာလဲ။ မြင်းကို စမ်းသပ်ကြည့် ပြီးပြီလား" လို့ မေးလိုက် တာပေါ့။

ဒီတော့ မြင်းဝယ်သူက "ဒီမြင်းကို ထွေထွေထူးထူး စမ်းသပ် နေစရာ မလိုပါဘူး။ ဒီမြင်းဟာ ကျုပ်မြင်းဇောင်း ထဲက အပျင်းဆုံး အဖျင်းဆုံး လောဘ အကြီးဆုံး မြင်းဆိုးနဲ့ အပေါင်းအသင်း ပြုတယ်။

ဒါကြောင့် ဒီမြင်းရဲ့ စရိုက်ဟာလည်း ဒီသဘော အတိုင်းပဲဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး" လို့ ပြန်ပြောလိုက် သတဲ့ကွယ်။

လောကမှာ လူတယောက်ကို အကဲခတ်မယ် ဆိုရင် သူ့ အပေါင်းအသင်း ကိုပဲ ကြည့်ပြီး ခန့်မှန်းလေ့ ရှိကြ ပါတယ်။ မိတ်ဆွေတို့လည်း အပေါင်းအသင်းကို မမှားမိကြ ပါစေနဲ့။ မိတ်ဆွေကောင်း ကိုပဲ ရွေးချယ် ပေါင်းသင်း တတ်ပါစေ။ phoomyatchal

Post a Comment

0 Comments