အချောင်ခိုချင်သောသူ

တခါက မြည်းကလေး တကောင် ရှိတယ်။ သူဟာ အရမ်း ပျင်းတယ်။ အလုပ် လုပ်ရင်လည်း အလုပ်ကို ခိုကပ်ပြီး သက်သာရာ သက်သာကြောင်း လုပ်ချင်တယ်။

သူ့ပိုင်ရှင် ကတော့ ဆားကုန်သည် ဖြစ်တယ်။ အရင်ခေတ်တုန်းက တောင်ပေါ်ဒေသ တွေမှာ ဆား ရှားတယ်။ အဲဒီအတွက် ဆားတွေကို တောင်ပေါ်ကို ပို့ပြီးရောင်းရင် အလွန် စီးပွား ဖြစ်တယ်။

အဲဒါနဲ့ သူဟာ ဆားအိတ်တွေ မြည်းတွေပေါ် တင်ပြီး တောင်ပေါ်ကို ပို့တော့တယ်။ အချောင်ခိုတဲ့ မြည်းကလေးဟာ တခြား မြည်းတွေနဲ့ မတူဘဲ သက်သာမယ့် နည်းလမ်းကို ရှာတယ်။

ဒီလိုနဲ့ တောင်ပေါ် အရောက်မှာတော့ တောင်ကုန်းပေါ်က စမ်းချောင်းလေး တခုထဲကို မြည်းကလေးဟာ ခြေချော်ကျ သွားတယ်။

ရေထဲ ရောက်ပြိး ပြန်တက်လာတော့ ဆားတွေဟာ အရည်ပျော်ပြီးတော့ အိတ်တွေလည်း ပေါ့သွားတယ်။ နောက်ပိုင်း မြည်းကလေးက တောင်ပေါ်ကို ဆားတွေ သယ်တိုင်း အဲဒီ နည်းလမ်းကို သုံးတယ်။

သူ့သခင် ကတော့ ဆားတွေ လမ်းမှာ ဆုံးရှုံးနေတာကို စိတ်မကောင်းဘူး။ မြည်းကလေး တမင်သက်သက် လုပ်နေမှန်းလည်း သိတော့ ပညာပေးဖို့ စဉ်းစားတယ်။

တရက်မှာတော့ ကုန်သည်ဟာ ဆားတွေအစား ဂွမ်းကပ်တွေကို အိတ်ထဲ ထည့်ပြီး မြည်းကလေးကို သယ်ခိုင်းတယ်။

မြည်းကလေး ကတော့ သတိ မထားမိဘူး။ အဲလိုနဲ့ စမ်းချောင်းလည်း ရောက်ရော မြည်းကလေးက ခြေချော် ကျသလိုနဲ့ ရေထဲ ဆင်းသွားတယ်။ ဖြစ်ချင်တော့ ဂွမ်းကပ်တွေက ရေစိုမှ ပိုပြီး လေးလာတယ်။

မြည်းကလေးလည်း အံ့သြ သွားပြီးတော့ အလေးကြီးကို တချိန်လုံး သယ်လာခဲ့ ရတယ်။ ခရီး တလျှောက်လုံးတော့ သူအလေးဆုံးပေါ့။

နောက်ပိုင်းမှာတော့ မြည်းလေး အမြင်မှန် ရသွားတယ်။ သူ သက်သာမယ့် နည်းလမ်းကိုလည်း မရှာတော့ဘဲနဲ့ အခြားမြည်းတွေ နည်းတူ ပစ္စည်းတွေကို လေမလွင့်အောင် သယ်ယူ ပါတော့တယ်။ Mg Sai

Zawgyi

အေခ်ာင္ခိုေသာသူ

တခါက ျမည္းကေလး တေကာင္ ရွိတယ္။ သူဟာ အရမ္း ပ်င္းတယ္။ အလုပ္ လုပ္ရင္လည္း အလုပ္ကို ခိုကပ္ၿပီး သက္သာရာ သက္သာေၾကာင္း လုပ္ခ်င္တယ္။ သူ႔ပိုင္ရွင္ ကေတာ့ ဆားကုန္သည္ ျဖစ္တယ္။ အရင္ေခတ္တုန္းက ေတာင္ေပၚေဒသ ေတြမွာ ဆား ရွားတယ္။

အဲဒီအတြက္ ဆားေတြကို ေတာင္ေပၚကို ပို႔ၿပီးေရာင္းရင္ အလြန္ စီးပြား ျဖစ္တယ္။ အဲဒါနဲ႔ သူဟာ ဆားအိတ္ေတြ ျမည္းေတြေပၚ တင္ၿပီး ေတာင္ေပၚကို ပို႔ေတာ့တယ္။ အေခ်ာင္ခိုတဲ့ ျမည္းကေလးဟာ တျခား ျမည္းေတြနဲ႔ မတူဘဲ သက္သာမယ့္ နည္းလမ္းကို ရွာတယ္။

ဒီလိုနဲ႔ ေတာင္ေပၚ အေရာက္မွာေတာ့ ေတာင္ကုန္းေပၚက စမ္းေခ်ာင္းေလး တခုထဲကို ျမည္းကေလးဟာ ေျခေခ်ာ္က် သြားတယ္။ ေရထဲ ေရာက္ၿပိး ျပန္တက္လာေတာ့ ဆားေတြဟာ အရည္ေပ်ာ္ၿပီးေတာ့ အိတ္ေတြလည္း ေပါ့သြားတယ္။

ေနာက္ပိုင္း ျမည္းကေလးက ေတာင္ေပၚကို ဆားေတြ သယ္တိုင္း အဲဒီ နည္းလမ္းကို သုံးတယ္။ သူ႔သခင္ ကေတာ့ ဆားေတြ လမ္းမွာ ဆုံးရႈံးေနတာကို စိတ္မေကာင္းဘူး။ ျမည္းကေလး တမင္သက္သက္ လုပ္ေနမွန္းလည္း သိေတာ့ ပညာေပးဖို႔ စဥ္းစားတယ္။

တရက္မွာေတာ့ ကုန္သည္ဟာ ဆားေတြအစား ဂြမ္းကပ္ေတြကို အိတ္ထဲ ထည့္ၿပီး ျမည္းကေလးကို သယ္ခိုင္းတယ္။ ျမည္းကေလး ကေတာ့ သတိ မထားမိဘူး။ အဲလိုနဲ႔ စမ္းေခ်ာင္းလည္း ေရာက္ေရာ ျမည္းကေလးက ေျခေခ်ာ္ က်သလိုနဲ႔ ေရထဲ ဆင္းသြားတယ္။

ျဖစ္ခ်င္ေတာ့ ဂြမ္းကပ္ေတြက ေရစိုမွ ပိုၿပီး ေလးလာတယ္။ ျမည္းကေလးလည္း အံ့ၾသ သြားၿပီးေတာ့ အေလးႀကီးကို တခ်ိန္လုံး သယ္လာခဲ့ ရတယ္။ ခရီး တေလွ်ာက္လုံးေတာ့ သူအေလးဆုံးေပါ့။

ေနာက္ပိုင္းမွာေတာ့ ျမည္းေလး အျမင္မွန္ ရသြားတယ္။ သူ သက္သာမယ့္ နည္းလမ္းကိုလည္း မရွာေတာ့ဘဲနဲ႔ အျခားျမည္းေတြ နည္းတူ ပစၥည္းေတြကို ေလမလြင့္ေအာင္ သယ္ယူ ပါေတာ့တယ္။ Mg Sai

Post a Comment

0 Comments