စနောက်တတ်တဲ့ သိုးကျောင်းသားလေး

တခါက သိုးကျောင်းသားလေး တယောက်က သိုးတွေကို ကျောင်းနေရင်းနဲ့ တောင်ကုန်း တခုပေါ်ကို ရောက်လာ ခဲ့ပါတယ်။ သိုးတွေကို ထိန်းရင်း ကျောင်းရင်း ပျင်းလာတဲ့ အတွက် သိုးကျောင်းသားလေးဟာ တခုခု လုပ်ချင်စိတ် ဖြစ်ပေါ် လာတယ်။

သူ့ကိုယ်သူလည်း ပျော်စရာ၊ စိတ်လှုပ်ရှားစရာ ဖြစ်စေချင် တာကြောင့် ကောင်လေးက "ဝံပုလွေဗျို့ ဝံပုလွေ ဝံပုလွေ" လို့ အကျယ်ကြီး အော်လိုက်တယ်။ ကောင်လေးရဲ့ အော်သံကြောင့် ရွာသားတွေဟာ ကောင်လေးကို ကယ်ဆယ်ဖို့နဲ့ သိုးတွေကို ကယ်ဖို့ အတွက် အပြေးအလွှားရောက်လာ ကြပါတယ်။

ရွာသားတွေ တောင်ကုန်းပေါ် ရောက်တဲ့အခါ ဝံပုလွေနဲ့ တူတာ ဘာမှ မတွေ့ရတဲ့ အခါ စိတ်ဆိုး ဒေါသ ထွက်သွား ကြပါတယ်။ သိုးကျောင်းသားလေးက ဒေါသ ထွက်နေတဲ့ ရွာသားတွေကို ကြည့်ပြီး ရယ်မော နေခဲ့ ပါတယ်။

"တကယ့် ဝံပုလွေ မလာဘဲနဲ့ ငိုပြီး မအော်ခေါ်နဲ့" လို့ သိုးကျောင်းသားလေးကို ရွာသားတွေက ဒေါသတကြီး ပြောသွားပြီး ထွက်ခွာ သွားကြပါတယ်။ သိုးကျောင်းသားလေးက ရွာသားတွေကို ရယ်မော နေခဲ့ပါတယ်။

အချိန်အတန် ကြာပြီးတဲ့ အခါမှာ သိုးကျောင်းသားလေးက ထပ်ပြီး ပျင်းရိလာ ပြန်တယ်။ အဲဒီအခါ အထက်က လိုပဲ ငိုသံကြီးနဲ့ ဝံပုလွေ လာပြီလို့ အော်ပြန်တယ်။ ရွာသားတွေ ကလည်း ယုံကြည်ပြီး ဒုတိယအကြိမ် ရောက်လာ ပြန်တယ်။

ဒေါသ ထွက်နေတဲ့ ရွာသားတွေက သိုးကျောင်းသားလေးကို သတိပေးပြီး ပြန်သွား ပြန်တယ်။ သိုးကျောင်းသားလေး ကတော့ လူအုပ်ကြီးကို ကြည့်ပြီး ရယ်မော နေခဲ့ ပြန်ပါတယ်။

ခဏအကြာ မှာတော့ သိုးကျောင်းသားလေးဟာ တကယ့် ဝံပုလွေ အစစ်ကို မြင်ရပြီး ငိုသံပါကြီးနဲ့ ကျယ်လောင်စွာ အော်ပါ တော့တယ်။

"ဝံပုလွေကြီး၊ ကျေးဇူးပြုပြီး ကယ်ကြပါအုံး။ ဝံပုလွေကြီးက သိုးတွေ နားကို ကပ်လာနေပြီ။ ကယ်ကြပါ" ဆိုပြီး ကျယ်လောင်စွာ အော်ခေါ်ပေမယ့် ဘယ်သူကမှ ကူညီဖို့ ရောက်မလာ ပါဘူး။

ညနေစောင်းချိန် မှာတော့ သိုးကျောင်းသားလေးဟာ အိမ်ကို ပြန်မလာခဲ့ ပါဘူး။ ရွာသားတွေက အံ့အားသင့်ပြီး တောင်ကုန်းပေါ်မှာ ဘာများ ဖြစ်နေသလဲ လို့ တောင်ကုန်းပေါ် သွားကြည့်ခဲ့ ကြပါတယ်။

သိုးကျောင်းသားလေးဟာ တောင်ကုန်းမှာ ထိုင်ရင်း ငိုကြွေး မြည်တမ်း နေခဲ့ပါတယ်။ "ဝံပုလွေကြီးလို့ ကျွန်တော် အော်ခေါ် နေခဲ့တုန်းက ဘာလို့များ မလာခဲ့ကြ တာလဲ" လို့ သိုးကျောင်းသားလေးက ရွာသားတွေကို ဒေါသတကြီးနဲ့ မေးလိုက် ပါတယ်။

"ခုတော့ သိုးအုပ်စုက တကွဲတပြား ဖြစ်ကုန်ကြပြီ" လို့ သိုးကျောင်းသားလေးက ပြောလိုက်တယ်။ ထိုအခါ အသက်ကြီးတဲ့ ရွာသားတယောက်က သိုးကျောင်းသားလေးကို ပြန်ပြော လိုက်ပါတယ်။

"လူတွေက လိမ်တတ်တဲ့ လူတွေကို မယုံ ကြည်ကြ တော့ဘူး၊ သူတို့ အမှန်အတိုင်း ပြောနေတယ် ဆိုရင်တောင် မှပေါ့။ မင်းရဲ့ သိုးတွေကို ငါတို့ မနက်ဖြန် မနက်မှာ ပြန်ရှာပေး ပါ့မယ်။ ခုတော့ အိမ်ပြန်ကြစို့"

သင်ခန်းစာ။ ။ လိမ်ညာခြင်းက အမှန်အတရားကို ချိုးဖျက် နိုင်ပါတယ်။ ဘယ်သူကမှ လွယ်လွယ် လိမ်ညာတတ်တဲ့ သူကို မယုံကြည်နိုင် ပါဘူး။ လိမ်တတ်တဲ့ လူတယောက်က အမှန်အတိုင်း ပြောနေရင် တောင်မှ ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ဘယ်လို အကြောင်းအရာ ကိစ္စမျိုး အပေါ်မှာမှ စနောက်စရာ အဖြစ်နဲ့တောင် လိမ်ညာတာမျိုး မလုပ်သင့်ဘူးလို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ BAWA

Post a Comment

0 Comments