မင်းအတွက်မဟုတ်ဘူး

"ဟာ ဟိုကောင် စီးထားတဲ့ စက်ဘီးက သိန်းတရာကျော်တန်။ အော် ရူးနေတာ ငါသာဆို မဝယ်ဘူး။ အဲဒီ စက်ဘီးအစား ကားဝယ်စီးမှာပေါ့"

"ဟကောင် မတူဘူးလေ လူဆိုတာ သူ့ဘဝနဲ့သူ။ အခု ငါတို့ စားနေတဲ့ ဝိုင်း ဘယ်လောက် ကျလဲ" "သုံးထောင်"

"ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ သုံးထောင်။ ခဏ ငါ မင်းနားလည်အောင် သက်သေ ပြမယ်"

ဖြောင်း ဖြောင်း "ညီလေး လာဦး" ကျနော် လက်ခုပ် တီးပြီး ကမ်းနားမှာ တောင်းစား နေတဲ့ ၈ နှစ် အရွယ် ကလေးတယောက်ကို ခေါ်လိုက်တယ်။

"မင်းကို ငါတို့ သုံးထောင်ပေးမယ်။ လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်း ကောင်းတယ်။ ပုစွန်ထုပ်ကြီး ၂ ကောင်တောင် ပါတယ် ဝယ်စားချည်။ စားမလား"

"ဟာ၊ ကျွန်တော် အရူးမှ မဟုတ်တာ ဘာလို့ စားမှာလဲ။ စားမနေဘူး အဲဒီအစား မိသားစုအတွက် ဆန် ၂ ပြည် ဝယ်သွားပြီး ချက်စား မှာပေါ့"

ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်။ ကျနော် သူငယ်ချင်း ဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

"ဟေ့ကောင် စောစောက မင်း ဘာပြောလဲ။ ဝယ်မနေဘူး အဲ့အစား ကားဝယ်မှာပေါ့ လို့ ပြောတယ် မလား။

အေး အဲဒီလိုပဲ ငါတို့ အတွက် သုံးထောင် ဆိုတာ ၁၀ မိနစ် အတွင်း လက်ဖက်ရည်ဆိုင်ထိုင် ဖြုန်းပစ်တာ ဘာမှ အရာ မဟုတ်ပေမဲ့ သူတောင်းစား တယောက် အတွက်တော့ အဲဒီ သုံးထောင်က ဆန် ၂ ပြည်ပဲ။

ထို့နည်းတူ သူ့ဘာသာသူ ဘယ်နှစ်သိန်းတန် ဘာဝယ်ဝယ် လူချင်း တူပေမဲ့ ဘဝချင်း မတူဘူး။ ဒါကို မင်း ကောင်းကောင်း နားလည်ဖို့ လိုတယ်။

သူရှိလို့ သူဝယ်တာ သူရှာတဲ့ သူ့ပိုက်ဆံနဲ့ သူဝယ်တာ မင်းက ဝင်ကဲ့ရဲ့တော့ မင်းအဖြစ်နဲ့ မင်းအဆင့်က စောစောက ငါယှဉ်ပြတဲ့ သူတောင်းစားလို ဖြစ်သွားတော့ မှာပေါ့။ မုဒိတာတရား ထားစမ်းပါကွာ။

မင်းအတွက် မတန်ဘူး ထင်လား။ အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက် ထုတ်တာ မဟုတ်ဘူး" Crd

Zawgyi

မင္းအတြက္မဟုတ္ဘူး

"ဟာ ဟိုေကာင္ စီးထားတဲ့ စက္ဘီးက သိန္းတရာေက်ာ္တန္။ ေအာ္ ႐ူးေနတာ ငါသာဆို မဝယ္ဘူး။ အဲဒီ စက္ဘီးအစား ကားဝယ္စီးမွာေပါ့"

"ဟေကာင္ မတူဘူးေလ လူဆိုတာ သူ႔ဘဝနဲ႔သူ။ အခု ငါတို႔ စားေနတဲ့ ဝိုင္း ဘယ္ေလာက္ က်လဲ" "သုံးေထာင္"

"ငါတို႔ လက္ဖက္ရည္ဆိုင္မွာ ခဏေလး စားတာ သုံးေထာင္။ ခဏ ငါ မင္းနားလည္ေအာင္ သက္ေသ ျပမယ္"

ေျဖာင္း ေျဖာင္း "ညီေလး လာဦး" က်ေနာ္ လက္ခုပ္ တီးၿပီး ကမ္းနားမွာ ေတာင္းစား ေနတဲ့ ၈ ႏွစ္ အ႐ြယ္ ကေလးတေယာက္ကို ေခၚလိုက္တယ္။

"မင္းကို ငါတို႔ သုံးေထာင္ေပးမယ္။ လမ္းထိပ္က ထမင္းဆိုင္မွာ ပုစြန္ဟင္း ေကာင္းတယ္။ ပုစြန္ထုပ္ႀကီး ၂ ေကာင္ေတာင္ ပါတယ္ ဝယ္စားခ်ည္။ စားမလား"

"ဟာ၊ ကြၽန္ေတာ္ အ႐ူးမွ မဟုတ္တာ ဘာလို႔ စားမွာလဲ။ စားမေနဘူး အဲဒီအစား မိသားစုအတြက္ ဆန္ ၂ ျပည္ ဝယ္သြားၿပီး ခ်က္စား မွာေပါ့"

ေကာင္ေလးက ႐ိုး႐ိုးပဲ ဆတ္ခနဲ ျပန္ေျပာတယ္။ က်ေနာ္ သူငယ္ခ်င္း ဘက္ကို လွည့္ၿပီး ေျပာလိုက္တယ္။

"ေဟ့ေကာင္ ေစာေစာက မင္း ဘာေျပာလဲ။ ဝယ္မေနဘူး အဲ့အစား ကားဝယ္မွာေပါ့ လို႔ ေျပာတယ္ မလား။

ေအး အဲဒီလိုပဲ ငါတို႔ အတြက္ သုံးေထာင္ ဆိုတာ ၁၀ မိနစ္ အတြင္း လက္ဖက္ရည္ဆိုင္ထိုင္ ျဖဳန္းပစ္တာ ဘာမွ အရာ မဟုတ္ေပမဲ့ သူေတာင္းစား တေယာက္ အတြက္ေတာ့ အဲဒီ သုံးေထာင္က ဆန္ ၂ ျပည္ပဲ။

ထို႔နည္းတူ သူ႔ဘာသာသူ ဘယ္ႏွစ္သိန္းတန္ ဘာဝယ္ဝယ္ လူခ်င္း တူေပမဲ့ ဘဝခ်င္း မတူဘူး။ ဒါကို မင္း ေကာင္းေကာင္း နားလည္ဖို႔ လိုတယ္။

သူရွိလို႔ သူဝယ္တာ သူရွာတဲ့ သူ႔ပိုက္ဆံနဲ႔ သူဝယ္တာ မင္းက ဝင္ကဲ့ရဲ႕ေတာ့ မင္းအျဖစ္နဲ႔ မင္းအဆင့္က ေစာေစာက ငါယွဥ္ျပတဲ့ သူေတာင္းစားလို ျဖစ္သြားေတာ့ မွာေပါ့။ မုဒိတာတရား ထားစမ္းပါကြာ။

မင္းအတြက္ မတန္ဘူး ထင္လား။ အဲ့ဒါဆို အဲ့ပစၥည္းက မင္းအတြက္ ထုတ္တာ မဟုတ္ဘူး" Crd

Post a Comment

0 Comments