သူများရဲ့ အထင်တွေကို လိုက်ခံစားမနေပါနဲ့

လင်ငယ် နေတတ်တဲ့ မိန်းမ တယောက်က ဈေးရောင်းရင်း ငိုက်နေတဲ့ မိန်းမ တယောက်ကို မြင်တော့ သူလည်း ငါ့လိုပဲ ညက ချိန်းတွေ့ပြီး အိပ်ရေး ပျက်နေတာ ထင်တယ် ဆိုပြီး တွေးတယ်။

အတုတွေပဲ ဝတ်တတ်တဲ့ မိန်းမက တခြား မိန်းမတွေ စိန်တွေ ရွှေတွေ ဝတ်လာရင် အတုတွေပဲ ထင်တယ် ဆိုပြီး တွေးတယ်။

ပြည့်တန်ဆာ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တယောက်နဲ့ လမ်းမှာ တွေ့တဲ့အခါ အော်ဒါ ရသွားပြီးလို့ တွေးတယ်

အရမ်း ရှုပ်တက်တဲ့ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တယောက်နဲ့ တွေ့တိုင်း သူ့လို ရှုပ်တဲ့ မိန်းမလို့ တွေးတယ်။ ကျောင်းဆရာ တယောက်က လမ်းတွေ့လို ဆရာဆိုပြီး နူတ်ဆက်တဲ့ လူတိုင်းကို သူတပည့်တွေ ပဲလို့ တွေးတယ်။

အတင်းအဖျင်းတွေ လှည့်ပြောတတ်တဲ့ မိန်းမက အခြားသူတွေရဲ့ စကားဝိုင်း တွေ့တိုင်း အတင်းပြောနေကြတာ ထင်တယ်လို့ တွေးတယ်။ အနီကြိုက်တဲ့ သူတိုင်းက ပုဆိုးစိမ်းလေး ဝတ်မိတာနဲ့ ဒီလူက အစိမ်းဘဲ လို့ တွေးတယ်။

ပွဲစား လုပ်တဲ့ မိန်းမ တယောက်က တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တွေနဲ့ တွေ့တဲ့အခါ ဘာတွေ ပွဲတည့်သွားလဲ မသိ လို့ တွေးတယ်။

ကိုယ့်စိတ်ဓာတ် အပေါ် မှုတည် အတွေးတွေ ကွာခြား သွားပါတယ်။ ရှုမြင်ပုံတွေ မတူတော့ တာပါ။ အမြင်က အမြင်၊ အထင်က အထင် လက်တွေ့က လက်တွေ့ပါ။

တဖက်လူရဲ့ အတွေးက သူ့စိတ်နဲ့ လှမ်းမှီသလောက်ပဲ ရှိမှာမို့ တွေးခြင်ရာ တွေးပါစေ၊ ထင်ချင်သလောက် ထင်ပါစေ လိုက်မခံစားနေဖို့ မလိုပါဘူး၊၊ အမှန်တရား ဆိုတာ တခါတရံ ဇာတ်သိမ်းကျမှ ပေါ်လာတာမျိုးလေ။

ကိုယ်ပြုရာ ကိုယ်တိုင်သာ၊ ခံစရာ ရှိရင် ခံရမှာ၊ စံစရာ ရှိရင်လည်း စံကြရမှာလေ။ လူဆိုတာမျိုးက ကိုယ့်စိတ်နဲ့ တိုင်းတာပြီး တန်ရာတန်ရာ ကိုသာ ထင်ကြေးတွေ ပေးတတ် ကြတာပါ။ ဘဝဇာတ်ဆရာ အလိုကျ ကကြရမှာက ကိုယ်တာဝန်ပါ။

ပြောချင်ရာ ပြောကြပါစေ ကျရာ နေရာ ကနေ ကိုယ်တိုင် စီမံခန့်ခွဲပြီး ကိုယ်တိုင်သာ လုပ်သွားရမှာပါ။ လုပ်သမျှ ကောင်းမွေ ဆိုမွေကို ကိုယ်တိုင် ခံစားရမှာပါ။

ကဲ့ရဲ့ရှုတ်ချတာတွေ သူမြင် သူထင်တာတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ်တိုင် လှော်တဲ့လေ ကိုယ်တိုင် ပဲ့ကိုင်ပြီး လိုရာခရီး ရောက်အောင် သွားပါ။ ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင်၊ လူပီသအောင် နေနိုင်ဖို့ဘဲ အရေးကြီးတာပါ။ Crd

Post a Comment

0 Comments