နားကန်းနေသူ

တခါတုန်းက ဖားအုပ်စု တစုဟာ တောနက်ကြီး တခုကို ဖြတ်သန်းရင်း ခရီးထွက်ခဲ့ ကြပါတယ်။ ဒီအုပ်စု ထဲက ဖားနှစ်ကောင် ကတော့ ကံဆိုးပြီး ချိုင့်တွင်းနက်ကြီး တခုထဲကို ကျသွားခဲ့ ပါတယ်။

တခြား ဖားတွေဟာ ချိုင့်တွင်းကြီးက အလွန် နက်တာကို သိလိုက်တာမို့ ကျသွားတဲ့ ဖားနှစ်ကောင်ကို ကြည့်ပြီး "သူတို့တွေ သေတာပဲ ကောင်းပါတယ်လေ" လို့ ပြောကြ ပါတယ်။

အဲဒီ ဖားနှစ်ကောင် ကတော့ ပြောတာတွေကို ဂရုမစိုက်ဘဲ သူတို့မှာ ရှိတဲ့ စွမ်းအားတွေ ထုတ်သုံးပြီး တွင်းထဲ ကနေ ခုန်ထွက်ဖို့ ကြိုးစားကြ ပါတယ်။ တွင်းပေါ်က ဖားတွေကတော့ ခုန်နေတာကို ရပ်လိုက်ဖို့နဲ့ အသေခံ လိုက်တာကမှ ကောင်းသေးတယ် လို့ပဲ ဆက်တိုက် ဆိုသလို အော်ပြောနေ ကြပါတယ်။

နောက်ဆုံးတော့ ဖားတကောင်ဟာ တွင်းပေါ်က ဖားတွေ ပြောတောတွေကို နားစိုက်မိလိုက် ပါတယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျ လက်လျှော့ လိုက်တာမို့ ပြုတ်ကျပြီး သေဆုံးသွား ပါတော့တယ်။

ကျန်တဲ့ ဖားတကောင် ကတော့ အတတ်နိုင်ဆုံး အပြင်းအထန် ကြိုးစားပြီး ခုန်ထွက်ဖို့ ကိုပဲ မနားမနေ ပြုလုပ်နေ ပါတယ်။ ဖားအုပ်စု ကတော့ သူ့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ဖို့နဲ့ အသေခံ လိုက်ဖို့သာ အော်ပြောနေ ကြတယ်။

အဲဒီဖားလေးဟာ နောက်ဆုံးမှာတော့ အစွမ်းကုန် ခုန်လိုက်တာမို့ တွင်းအပြင်ကို ထွက်လာနိုင်ခဲ့ ပါတော့တယ်။ အပြင်ကိုရောက်တော့ တခြားဖားတွေက "ငါတို့ ပြောတာ မင်းမကြားဘူးလား" လို့ ဝိုင်းမေးကြ ပါတယ်။

သူဟာ နားထိုင်းနေကြောင်းနဲ့ သူ့ကို ပြောသမျှ ဘာမှ မကြားရကြောင်းကို တခြားသော ဖားတွေကို ရှင်းပြလိုက် ပါတယ်။ တွင်းထဲမှာ တုန်းက ဖားအုပ်စုကြီးဟာ သူ့ကို ခုန်ထွက်နိုင်ဖို့ အော်ဟစ် အားပေးနေ ကြတာပဲလို့ သူ ထင်နေခဲ့တယ်။ အဲဒါကြောင့် အစွမ်းကုန် ကြိုးစားပြီး ထွက်ခဲ့တယ် လို့လည်း ထပ်ပြီး ပြောပြလိုက် ပါတယ်။

ဒီဖားနှစ်ကောင် ပုံပြင်လေးက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ စွမ်းအားဟာ လျှာဖျားမှာ ရှိတယ် ဆိုတာကို ဖေါ်ပြနေတာပဲ ဖြစ်ပါတယ်။ အားပေး တိုက်တွန်းတဲ့ စကားတလုံးက စိတ်ဓာတ် ကျနေသူကို ပြန်လည် ထူမတ်စေသလို အခက်အခဲများ ကိုလည်း ကျော်လွှား အောင်မြင်စေ ပါတယ်။

ဒါကြောင့် ကိုယ့်ကို ဘာပဲပြောပြောပြော ဂရုတစိုက် နားထောင်မိ ပါက အောင်မြင်ခြင်း ပန်းတိုင်ကို ဝေးနေစေ ပါလိမ့်မယ်။ တခါတရံမှာ စကားကောင်း ဆိုတာကြီးက အဆိုးကို ဖြစ်စေတတ်ပြီး စကားဆိုး ဆိုတာကလည်း အကောင်းကို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ဒါကြောင့် မိမိရဲ့ စကားတလုံးဟာ လူတယောက်ရဲ့ ဘဝတခုကို ခွန်အားဖြစ်စေ နိုင်သလို အပြောအဆို မတတ်ရင်လည်း သူတဖက်သားကို ပျက်စီး စေနိုင်ပါတယ်။ တခါတလေ ပုံပြင်ထဲက ဖားသူငယ်လို ကိုယ့်ရဲ့ အောင်မြင်မှု လမ်းကြောင်းမှာ နားမကြားပဲ နေနိုင်ဖို့ လိုပါလိမ့်မယ်။ Crd and Argyi and Pink

Post a Comment

0 Comments