သင်ညဘက်ကောင်းကောင်းအိပ်မရတဲ့ အကြောင်းအရင်း (၆) ချက်

အိပ်မပျော်တဲ့ညတွေက အရမ်းကို ရှည်ကြာပါတယ်။ အိပ်ရေးပျက်တဲ့ညတွေ များတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာမှာပါ။ အိပ်ပျော်စေဖို့အတွက် ဆေးတွေသောက်နေရတာကလည်း ရေရှည်မှာ မကောင်းပါဘူး။ အိပ်ရေးပျက်တဲ့ညတွေဝေးဖို့ ညဘက်အိပ်မပျော်စေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးပါမယ်နော်။

၁။ အိပ်ခန်းထဲမှာ ကော်ဇောခင်းထားခြင်း

အိပ်ခန်းထဲမှာ ကော်ဇောခင်းထားရင် နူးညံ့တဲ့အထိအတွေ့ကို ရရှိစေမှာပါ။ ဒါပေမယ့် ကော်ဇောမှာ ဖုန်တွေ၊ အမှုန်တွေက အညစ်အကြေးတွေ ကပ်နေမှာပါ။ သင်က ဖုန်တွေနဲ့ ဓာတ်မတည့်သူဖြစ်တဲ့အခါ ကောင်းကောင်းအိပ်ရမှာမဟုတ်ပါဘူး။ အိပ်ခန်းထဲမှာ ဖုန်တွေစုနိုင်စေတဲ့ ကော်ဇောတွေမခင်းရင် ဖုန်တွေနည်းပါးပြီး အိပ်ရေးဝနေမှာပါ။

၂။ ပိတ်ရက်တွေမှာ အရမ်းအိပ်ခြင်း

သင်က ပိတ်ရက်တွေမှာ လုပ်စရာရှိတာတွေကို ညနက်အောင်လုပ်မိကောင်း လုပ်မိတတ်ပါတယ်။ အဲဒါကြောင့် ပိတ်ရက်တွေမှာ နောက်ကျမှ အိပ်ရာထဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ပတ်အတွင်းမှာ ရက်အနည်းငယ်လောက် အိပ်ရေးပျက်ရင်တောင် အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။ ပိတ်ရက်တွေမှာ နောက်ကျမှထမယ့်အစား စောစောအိပ်ရာဝင်ပြီး အိပ်ချိန်များများ ပိုယူသင့်ပါတယ်။

၃။ နွားနို့မသောက်ခြင်း

အချို့တွေအတွက် နို့ထွက်ပစ္စည်းတွေကို မစားသုံးတာက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဒါပေမယ့် အချို့တွေအတွက်တော့ နို့ထွက်ပစ္စည်းတွေကို ရှောင်လိုက်ရင် အိပ်ရေးမဝတော့ပါဘူး။ အိပ်စက်မှုဟော်မုန်းဖြစ်တဲ့ မယ်လတိုနင်ဟော်မုန်းက နွားနို့မှာ အများကြီးပါဝင်ပါတယ်။

နွားနို့သောက်ပြီးအိပ်ရာဝင်ရင် အိပ်ဖို့အတွက် ဦးနှောက်က အချက်ပြပါတယ်။ သင်က ညပေါင်းများစွာ အိပ်ရေးပျက်သူဆိုရင် ညအိပ်ရာဝင်ခါနီးတိုင်းမှာ နွားနို့တစ်ခွက် အမြဲသောက်ပေးသင့်ပါတယ်။

၄။ အနွေးပေးစက်ကို ဖွင့်ပြီးအိပ်ခြင်း

အေးတဲ့ရာသီတွေမှာ အနွေးပေးစက်ကိုဖွင့်ပြီး အိပ်တာက အရမ်းကို အိပ်လို့ကောင်းစေပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ ပိုပြီးအိပ်ရေးဝစေဖို့ အနည်းငယ် အေးမြတဲ့အခန်းမှာ အိပ်သင့်တယ်လို့ ဆိုပါတယ်။ အခန်းအပူချိန်က အခန်းအပြင်က ဆူညံသံတွေထက် အိပ်စက်မှုစက်ဝန်းကို ကမောက်ကမဖြစ်စေပါတယ်။

၅။ ညနက်မှ စားစရာတွေကို စားခြင်း

သင်က ညနက်မှ ဗိုက်ဆာပြီး မုန့်တွေထစားသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ညဉ့်နက်မှာ အစားစားတာက မျက်လုံးကို ကျယ်သွားစေတာကြောင့် တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။ အဲဒါကြောင့် အစားစားချိန်နဲ့ အိပ်ချိန်ကို ၄ နာရီခန့် ခွာထားသင့်ပါတယ်။

၆။ အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးတာက ပင်ပန်းတာတွေကို လျော့ကျစေပါတယ်။ ဒါပေမယ့် ညဘက်မှာ မအိပ်ခင် ရေနွေးနဲ့ ရေချိုးတဲ့အခါ တော်တော်နဲ့ အိပ်မပျော်စေတော့ပါဘူး။ ခန္ဓာကိုယ်ထဲမှာ အပူချိန်တွေ တက်လာပြီး အိပ်မရဖြစ်နေစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments