အနာခံမှ အသာစံမယ်

တခါတုန်းက လူငယ်လေး တယောက်ဟာ သူ့အိမ်ရဲ့ ပြတင်းပေါက် နားက အပင်ပေါ်မှာ ပိုးအိမ် တခုကို တွေ့ခဲ့ ပါတယ်။

သူက အဲဒီ ပိုးအိမ်ကို နေ့တိုင်း လိုလို မြင်နေရတာမို့ ပိုးအိမ်ထဲက လှုပ်ရှားမှုကို သူ အမြဲ ကြည့်နေခဲ့ ပါတယ်။

ပိုးအိမ်ထဲက ပိုးတုံးလုံး လေးဟာ အမြဲတမ်း ပိုးအိမ်ထဲက ထွက်ဖို့ အရေး ကြိုးစား နေပါတယ်။ အပေါက်ငယ်လေး ဖောက်ပြီး ပိုးအိမ်ထဲက ထွက်ဖို့ ပိုးတုံးလုံးက အမြဲ ရုန်းကန် နေတာကို သူတွေ့နေ ရပါတယ်။

အဲဒါနဲ့ လူငယ်လေးဟာ တနေ့ပြီး တနေ့ ပိုးအိမ်ထဲက မထွက်နိုင်တဲ့ ပိုးတုံးလုံးကို ကြည့်ပြီး ပိုးတုံးလုံးကို ပိုးအိမ်ထဲက ထွက်နိုင်ဖို့ ကူညီပေးမယ်လို့ အကြံရသွား ပါတော့တယ်။

အဲဒါနဲ့ပဲ လူငယ်လေးဟာ ကတ်ကြေးကို ယူပြီး ပိုးအိမ် အပေါက်ကို ချဲ့ပေးလိုက် ပါတယ်။ ပိုးတုံးလုံးလေး ကိုလည်း အပြင်ကို ထုတ်ပေးလိုက် ပါတော့တယ်။

ပိုးတုံးလုံးလေးဟာ အပြင်ကို လွယ်ကူစွာ ရောက်သွား ပေမယ့်လည်း လိပ်ပြာ အဖြစ် ပျံသန်းဖို့ရာ အတောင်တွေ မစုံသေး သလို လိပ်ပြာ ဘဝကို မကူးပြောင်းနိုင် တော့ပါဘူး။

လူငယ်လေးဟာ ပိုးတုံးလုံးလေးကို လိပ်ပြာဘဝ ပြောင်းလာမလား လို့ ထိုင်စောင့်ကြည့် ခဲ့ပေမယ့် ပိုးတုံးလုံးလေးဟာ သေဆုံးသွား ပါတော့တယ်။

ကျွန်တော်တို့ရဲ့ ဘဝမှာလည်း အဲဒီလို ပါပဲ။ ဘဝမှာ ရှင်သန်ရတာ မလွယ်ကူ ပါဘူး။ ဒါပေမယ့် အဲဒီ အခက်အခဲတွေ ကပဲ ကျွန်တော်တို့ရဲ့ ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တွေ တိုးလာစေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘဝမှာ အခက်အခဲတွေ ကြုံရလေလေ ကိုယ့်ရဲ့ ဖြေရှင်းနိုင် စွမ်းတွေ တိုးလာလေလေ ဖြစ်ပါတယ်။

အလွယ်တကူနဲ့ ရတဲ့ ဘဝဟာ အားကျစရာ ကောင်းပေမယ့် တကယ်တမ်း အခက်အခဲနဲ့ ကြုံလာခဲ့မယ် ဆိုရင် ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ စွမ်းရည် ရှိမှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ကိုယ့်ဘဝမှာ ဘာအခက်အခဲပဲ တွေ့တွေ့ ကိုယ့်ရဲ့ စွမ်းရည် တိုးလာစေခြင်း လို့သာ တွေးပြီး အားတင်းကြပါ လို့ တိုက်တွန်း လိုက်ပါတယ်။ အရှင်သီဟဓမ္မ

Post a Comment

0 Comments