ကိုယ်နှုတ်အမူအရာ စည်းစောင့်ပါ

တခါတုန်းက အဖိုးအို တယောက်ဟာ သူ့ရဲ့ အိမ်နီးချင်း ကောင်ကလေး တယောက်နဲ့ ပတ်သက်ပြီး အဲဒီ ကောင်လေးဟာ သူခိုးလေး တယောက် ဖြစ်ပါတယ် ဆိုပြီး ကောလာဟာလ ဖြန့်လိုက်ပါတယ်

အဲဒီရလဒ် အနေနဲ့ ကောင်ကလေးကို သူခိုး ဆိုပြီး ဖမ်းဆီးလိုက် ကြတယ်။ ရက်အတန်ကြာ စစ်ဆေး ပြီးတဲ့ အခါ မှာတော့ အဲဒီ ကောင်လေးမှာ အပြစ် မရှိဘဲ အပြစ်ကင်းစင်သူ တယောက်သာ ဖြစ်တယ် ဆိုတာ သိရပြီး တရားသေ လွှတ်ပေးလိုက် ကြပါတယ်။

နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာ စွပ်စွဲ ပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲ ပါတော့တယ်။တရားရုံးမှာ တရားရင်ဆိုင် ရတဲ့အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်လှဲပါတယ်။

"အဲဒါက ထင်မြင်ချက်လေးပဲ ပေးခဲ့မိ တာပါ။ ဘယ်သူ့ကိုမှ နာကျင် ထိခိုက်စေဖို့ မရည်ရွယ် ခဲ့ပါဘူး" လို့ လျှောက်လှဲတော့ တာပေါ့။ တရားသူကြီးက ဆုံဖြတ်ချက် မချမှတ်မီ အဖိုးကြီးကို အောက်ပါအတိုင်း ပြောလိုက် ပါတယ်။

"ခင်ဗျား ဒီကောင်ကလေးနဲ့ ပတ်သတ်ပြီး ပြောဖြစ်ခဲ့တာ တွေကို စာရွက် တရွက် ပေါ်မှာ ချရေးပါ။ ပြီးရင် တစဆီ စုတ်ဖြဲ ပစ်လိုက်ပြီး အိမ်အပြန် လမ်းမှာ လွှင့်ပစ်ခဲ့ လိုက်ပါ။ မနက်ဖြစ်မှာ ရုံးတော်ကို ပြန်လာပြီး အမှု ဆက်လက် ကြားနာ စစ်ဆေးပါ့မယ်"

နောက်တနေ့ ရောက်တော့ တရားသူကြီးက အဖိုးအိုကို အောက်ပါအတိုင်း ပြောပါတယ်။ "ပြစ်ဒဏ် မချမှတ်မီ ခင်ဗျား အပြင်ထွက်ပြီး မနေ့က တစစီ စုတ်ဖြဲ လွှတ်ပစ် ခဲ့တဲ့ စာရွက် အပိုင်းအစတွေ ပြန်ကောက်ယူ ခဲ့ပါ"

အဖိုးကြီးက "အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင် တော့ပါဘူး။ လေတိုက်လို့ လေနဲ့ အတူ ဘယ်တွေ လွင့်ကုန်မှန်း မသိလို့ ဘယ်တောင် လိုက်ရှာရမယ် မသိပါဘူး" လို့ ပြန်ပြော ပါတယ်။

"အဲဒါက ယခုဖြစ်စဉ်နဲ့ အတူတူ ပါပဲ။ ရိုးရှင်းပါတယ် ဆိုတဲ့ ထင်မြင်ချက်လေး တခု ကတောင် လူတယောက်ရဲ့ ရိုးသားမှု ဂုဏ်ကို ထိခိုက်နိုင် ပါသေးတယ်။

အဲဒီလောက် အတိုင်းအတာ စာရွက်လေး တခုကတောင် ပြန်ပြီး စုစည်းလို့ မရနိုင်ဘူး ဆိုရင် ခင်ဗျား ပြောလိုက်မိတဲ့ ထင်မြင်ချက်လေးက ပတ်ဝန်းကျင်ကို ဘယ်လောက်တောင် ပြန့်သွားပြီလဲ ဆိုတာ ဒီစာရွက်လေးတွေ ကိစ္စနဲ့ အတူတူ ပါပဲ" လို့ တရားသူကြီးက ပြောပြပြီး အမှုစီရင် လိုက်ပါတယ်။

ကျွန်တော်တို့ အားလုံး လူတယောက်ရဲ့ ကောင်းတဲ့ အကြောင်းကို မပြောနိုင်ရင် သူနဲ့ ပတ်သက်တာ ဘာအကြောင်းမှ မပြောတာ အကောင်းဆုံးပဲ ဆိုတာ ဒီဇာတ်လမ်းက သက်သေပါပဲ။

ကိုယ်နှုတ် အမူအရာကို စည်းစောင့် ခြင်းဖြင့် မိမိပါးစပ်က မိမိကို ဒဏ်ခတ်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ U Aung Min Swe

Post a Comment

0 Comments